နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, October 20, 2007

အတိတ်

မာန်လှိုင်းငယ်

“အတိတ်”

အတိတ်ဟာ
ပိုးကိုက်ထားတဲ့ နှင်းဆီတပွင့်လိုပဲလား
ဒါမှမဟုတ်
ဟိုးအဝေးမှာ ထင်ကျန်နေတဲ့ သဲမှုန်တပွင့်ပဲလား။

ငါ နောက်ပြန်လှည့်ကြည့်တဲ့အခါ
အရိုးနဲ့ အရေတာကျန်နေတဲ့ အဘိုးအို
နွံအိုင်ထဲက ထွက်မရဖြစ်နေတဲ့ ကျွဲနဲ့
မစားချင်ချင်၊ စားချင်ချင်ဖြစ်နေတဲ့ ကလေးငယ်ကို တွေ့လိုက်ရတော့ --- ။

ဒါကြောင့်
ငါဟာ အတိတ်ကို ပြန်မတွေးတော့ပါဘူး
အဲဒါ
ဘာဖြစ်လို့လဲသိလား ---- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes