နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

ရှေ့ဆောင်လမ်းပြ ကြယ်လေး

မာန်လှိုင်းငယ်

“ရှေ့ဆောင်လမ်းပြ ကြယ်လေး”

ခိုင်ခိုင်မာမာ တွေ့ရှိနေတာက
သူငယ်ချင်းတယောက်ထက် ပိုချစ်နေခြင်းပါ။

ငါ ဂရုတစိုက်နဲ့ မင်းကို ကြည့်လိုက်တော့
Smart ကျတာရယ်
ပျော်ပျော်ရွှင်ရွှင် နေတတ်တာရယ်
နူးညံ့သိမ်မွေ့မှု ရှိတာရယ်
ပြီးတော့
ကြင်နာတတ်တဲ့ နှလုံးသား ရှိတာရယ်ကြောင့်
မင်းကို ကိုယ်စွဲစွဲမြဲမြဲ ချစ်နေရသူပါ။

မင်းဟာ ---
ငါ့ နတ်သမီးတပါး
ဒါကြောင့်
ကြည့်လေ ကြည့်လေ
အလွန်အဖိုးထိုက်တန်တဲ့ ရှားပါးရတနာတပါးဖြစ်နေခြင်းပါ။

မင်းဟာ ---
ငါ့ရဲ့ ညအမှောင်ကို
တောက်ပကြည်လင်စေတဲ့ ကြယ်လေး
ရှေ့ဆောင်လမ်းပြ သူကလေးပါ။

ငါ အကူအညီလိုနေတဲ့အခါ
မင်းရဲ့ အလင်းရောင်နဲ့
လက်ကမ်းပေးနေသူပါ။

ဒီတော့ ---
ငါ အနားယူပြီး တံခါးဖွင့်ရှာဖွေလိုက်တော့
အကောင်းဆုံးဆိုတဲ့ အရာကို ရှာဖွေတွေ့ရှိလိုက်တယ်
အဲဒါကတော့
ငါ့ရဲ့ နတ်သမီးလေး
ငါ့ရဲ့ ရှေ့ဆောင်လမ်းပြ ကြယ်လေးပါ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes