နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, October 19, 2007

နာတာရှည်အလွမ်း

မာန်လှိုင်းငယ်

“နာတာရှည်အလွမ်း”

သူမဟာ ---
ငါ့အတွက်တော့
ကြည်လင်ဝင်းပတဲ့ မျက်ဝန်းနက်နက်ပိုင်ရှင်ဖြစ်တယ်။

သူမဟာ ----
ငါ့အတွက်တော့
နှင်းဆီငုံဖူးလေးလို
မနက်ခင်းရနံ့နဲ့အတူ အစွမ်းကုန်ဖူးပွင့်လာမယ့် ပိုင်ရှင်ဖြစ်တယ်။

သူမဟာ ---
ငါ့အတွက်တော့
နူးညံ့လှပတဲ့ လိပ်ပြာတကောင်လို
အလှအပကို ပိုင်ဆိုင်ထားသူ ပိုင်ရှင်ဖြစ်တယ်။

ခုတော့
ငါ့မှာလေ ---
သူမကို နာတာရှည်အလွမ်းများနဲ့
တနေ၀င်တမနက်တိုင်း စောင့်မျှော်နေရသူပါ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes