မာန်လှိုင်းငယ်
“ဘာလို့လဲဆိုတော့”
လူတချို့က
အတင်းအဖျင်းပြောတာကို နှစ်သက်ကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ချိုမြိန်တဲ့ သစ်သီးဖျော်ရည် သောက်ရသလိုပါပဲ။
လူတချို့က
လိမ်ညာစကားပြောတာကို သဘောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ကိတ်မုန့်တလုံး စားရသလိုပါပဲ။
လူတချို့က
ရယ်စရာဟာသပြောတာကို မက်မောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် အသက်တိုမှာ ကြောက်လို့ပါပဲ။
ဒါပေမဲ့
ငါကတော့
ကဗျာနဲ့ စကားပြောတာကို ၀ါသနာပါတယ်
ဘာလို့လဲဆိုတော့
ငါ့အတွက် ကာရန်မညီတဲ့ ကဗျာဝိုချို သောက်ရလို့ပါပဲ။
မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်။
လူတချို့က
အတင်းအဖျင်းပြောတာကို နှစ်သက်ကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ချိုမြိန်တဲ့ သစ်သီးဖျော်ရည် သောက်ရသလိုပါပဲ။
လူတချို့က
လိမ်ညာစကားပြောတာကို သဘောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် ကိတ်မုန့်တလုံး စားရသလိုပါပဲ။
လူတချို့က
ရယ်စရာဟာသပြောတာကို မက်မောကြတယ်
ဘာလို့လဲဆိုတော့
သူတို့အတွက် အသက်တိုမှာ ကြောက်လို့ပါပဲ။
ဒါပေမဲ့
ငါကတော့
ကဗျာနဲ့ စကားပြောတာကို ၀ါသနာပါတယ်
ဘာလို့လဲဆိုတော့
ငါ့အတွက် ကာရန်မညီတဲ့ ကဗျာဝိုချို သောက်ရလို့ပါပဲ။
မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်။
1 comments:
ကိုမာန်လှိုင်းငယ်ရေ
ဆုဝေကတော့ တခြားအရာတွေအားလုံးထက် စာအုပ်တစ်အုပ် ဖတ်နေရတာကို အမက်မောဆုံးပဲ...ဘာဖြစ်လို့လဲဆိုတော့ စာအုပ်တွေက ဆုဝေအတွက် ထာဝရအဖော်တွေ ဖြစ်နေလို့ပါပဲ
Post a Comment