နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, October 18, 2007

ပြတင်းတံခါးနဲ့ ည

မာန်လှိုင်းငယ်

`ပြတင်းတံခါးနဲ့ ည´

ညမှာ ---
ပြတင်းတံခါးကို
လုံခြုံအောင် ဆွဲပိတ်ထားတာကြောင့်
အခန်းထဲမှာ
ကျနော် မွန်းကျပ်လွန်းလို့ အသက်ရူမ၀။

ညမှာ ---
ပြတင်းတံခါးကို
တင်းတင်းကြပ်ကြပ် ပိတ်ဆို့တာကြောင့်
အိပ်မက်တစ္ဆေကြောင့်လားမသိ
ငါရဲ့ ကယောင်ကတမ်း စကားသံ
အပြင်ထိအောင် လျှံထွက်လာ။

ဒါကြောင့်
ငါဟာ ပြတင်းတံခါးကို ဖွင့်တော့
ဟော ---
အပြင်ဘက်မှာ
ညရဲ့ အလှ
ညရဲ့ တိတ်ဆိတ်မှုနဲ့အတူ
လရဲ့အလင်း ရွှန်းလက်တောက်ပနေလို့ပါလား
ပန်းရဲ့ရနံ့လည်း ထုံမွှေးသင်းပျံ့နေလို့ပါလား။

ခုတော့
ပြတင်းတံခါးနဲ့ ည
ညနဲ့ ပြတင်းတံခါး ကြားမှာ
ခြားနားမှုတွေ တစ်မျှော်တစ်ခေါ်ရှိနေပါလား။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်။

2 comments:

Kaung Kin Ko said...

ကဗျာလေးက ကောင်းတယ်ဗျာ။ ပထမဆုံးနှစ်ပိုဒ်ကို ဖတ်ရင်းနဲ့ မွန်းကြပ်မှုကို ခံစားရလာတယ်။ တတိယ တပိုဒ်ကို ဖတ်လိုက်တော့ မွန်းကြပ်မှုတွေ ပြေပျောက်သွားတယ်။ နောက်ဆုံးအပိုဒ်ကတော့ အထိဆုံးပဲ။ ရန်ကုန်မြို့ ရဲ့  ညတွေကို စိတ်ကူးပြီး မြင်ယောင်လာတယ်ဗျာ။

အဉ္ဇလီ said...

မြန်မာပြည်သား အတော်များများဟာ ဒီကဗျာလေးနဲ့ အပ်စပ်နေကြမယ်လို့ ထင်ပါတယ်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes