နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, October 18, 2007

ကျေးဇူးပြုပြီး

မာန်လှိုင်းငယ်

`ကျေးဇူးပြုပြီး´

ကျေးဇူးပြုပြီး
ကျနော်တို့ ပြည်သူတွေနဲ့
တွေ့ဆုံဆွေးနွေးရေးကို လုပ်လိုက်ပါ။

ကျေးဇူးပြုပြီး
ကျနော်တို့ ပြည်သူရဲ့
တောင်းဆိုချက်များကို လိုက်လျောပေးပါ။

ကျေးဇူးပြုပြီး
တပ်မတော်သားတွေ
ကျနော်တို့ ပြည်သူတွေနဲ့ လာရောက်နေထိုင်လိုက်ပါ။

ကျနော်တို့ ပြည်သူတွေဟာ
အေးမြတဲ့ အပြုံးနဲ့
နွေးထွေးတဲ့ လက်တွေကမ်းလို့ ကြိုဆိုနေပါတယ်။

ကျနော်တို့ ပြည်သူနဲ့အတူ
သံဃာတော်များကို လက်အုပ်ချီဦးညွတ်လိုက်ပါ
ကျနော်တို့ ပြည်သူနဲ့အတူ
သိမ်မွေ့တတ်တဲ့ စိတ်
မေတ္တာဂရုဏာထားတတ်တဲ့ စိတ် ရှိသူတွေအဖြစ်
ကမ္ဘာသိအောင် အစွမ်းကုန် ကြိုးစားပြကြရတာပေါ့။

လာလေ
ကျေးဇူးပြုပြီး ---- ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်။

4 comments:

Chaos said...

ကိုမာန်လှိုင်းရေ
ကျေးဇူးပြုပြီး...သူတို့ပြောပေးပါ
ရက်စက်တဲ့နှလုံးသားကိုမြေမြှုပ်ပေးပါ
ရိုင်းစိုင်းတဲ့အပြုအမူတွေရပ်တန့်ပေးပါ
ဆိုးသွမ်းတဲ့လုပ်ရပ်တွေဖယ်ရှားပေးပါ
နာကျင်အောင်လူငယ်တွေကို
ထပ်မလုပ်ပါနဲ့တော့လားလို့

Kaung Kin Ko said...

ကြိုက်တယ်ဗျို့ ။ ကိုယ် မာန်လှိုင်းရဲ့  ကဗျာက ပြည်သူ့ အသံကို ကိုယ်စားပြုတယ်။

ကလိုစေးထူး said...

ကိုမာန်လှိုင်းငယ်ကတော့ ကျေးဇူးပြုပြီး... ဆိုပြီးတော့ မေတ္တာရပ်ခံနေပါရဲ့။ အင်း... အားလုံးနီးပါးကလည်း ကိုမာန်လှိုင်းငယ်လိုပဲ တစိတ်ထဲ တသဘောထဲ ရှိဖို့များကြပါတယ်ဗျာ။ တနေ့ကတော့ ကျနော့်ဆီမှာ လာလည်သွားတဲ့ ပုဂ္ဂိုလ်လေးတယောက်က `စစ်တပ်ကို နိုင်ချင်ရင် စစ်တပ်ထက် အင်အားသာအောင်လုပ်၊ ပြီးရင် ကြိုက်သလို နှိပ်ကွပ်၊ မနိုင်ရင်တော့ စစ်တပ်လုပ်သမျှ ခံပေတော့´ တဲ့။ ဟူး... ခက်ရချည်ရဲ့ဗျာ။

thamudayanwe said...

everyone who r myanmar say plz..plz..
i think over.
if we say plz ,plz .it's for polite people.
thks for sharing.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes