နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, August 28, 2007

မပြောင်းမလဲ ဒေါင်းပျိုဇွဲ


နုပျိုညွတ်ပြောင်း
ကညာလောင်းလို
ဒေါင်းပျိုအသည်း
ဒေါင်းတို့ဇွဲက
မပြောင်းမလဲ ထာဝရပေ။

တခါ --- တခါ
လှောင်ချိုင့်ထဲမှာ ရှိနေရ။

တခါ -- တခါ
လောကဓံလမ်း ခပ်ကြမ်းကြမ်းမှာ ---
လျှောက်လျက်သာ --- ၊

တခါ --- တခါ
ဒေါင်းပျိုတို့ကား
သောင်ပြင်စပ်နား
ေ၀၀ါးဝေးလွှင့် မချင့်မရဲ
ရှိတတ်ဆဲ --- ။

တခါ --- တခါ
သည်းသည်းထန်ခက်
လှိုင်းပုတ်ချက်ကြောင့်
ယွင်းပျက်စိတ်ဓါတ်
အားအင်ပြတ်မျှ ရှိခဲ့ရသော်
အံကိုတင်းခံ အမြင့်ပျံ --- ။

ဒေါင်းတို့ဌာနေ မြန်မာမြေမှ
ပြည်သူ့အင်အား ဒေါင်းပျိုအားပေ
ဒေါင်းပျိုအသည်း ဒေါင်းတို့ဇွဲက
အမှောင်ကိုဖောက်
ရောက်နီတောက်ဆီ ---
ပျံသန်းနေမြဲ ပျံသန်းဆဲ --- ။ ။

မာန်လှိုင်းငယ်
(16. 02. 2007)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes