နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Sunday, August 26, 2007

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာများ ချီတက်ဆန္ဒပြ

ဒီဗွီဘီ ၂၆ သြဂုတ် ၂၀၀၇

လောင်စာဆီဈေး တက်လိုက်လို့ အကြပ်အတည်းကြုံနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးအရေးယူတဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီနေ့ နံနက် ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။

အန်စီဂျီယူဘီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့တွေက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ချီတက်ဆန္ဒပြသူများက
`ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး´
`ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တို့အရေး´
`စစ်အာဏာရှင်အစိုးရ အလိုမရှိ´ လို့ကြွေးကြော်ပြီး စစ်အစိုးရရဲ့ သံရုံးရှေ့မှာ နာရီဝက်ကျော် ဆန္ဒပြခဲ့ကြပါတယ်။


လောင်စာဆီဈေးတက်တာကို မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက နှိမ်နင်းအရေးယူတာကြောင့် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ထိုင်းနိုင်ငံသားအချို့ကလည်း ပါဝင်ခဲ့ကြပါတယ်။

နအဖစစ်အစိုးရက ယခုက ၁၅ ရက်မှာ ဓာတ်ဆီတဂါလန် ယခင်ကျပ် ၁၅၀၀ ကနေ ၂၅၀၀၊ ဒီဇယ်တဂါလန် ၁၅၀၀ ကျပ်ကနေ ၃၀၀၀၊ စီအန်ဂျီ သဘာဝဓာတ်ငွေ့ တယူနစ်ကို ယခင် ၅၇ ကျပ်ကနေ ၂၇၀ ကျော်ထိ ကြိုတင်မကြေညာဘဲ ရုတ်တရက် ဈေးတိုးမြှင့်လိုက်ပါတယ်။

ဒီလိုဈေးမြှင့်လိုက်တာကြောင့် ရန်ကုန်မှာ ဘတ်စ်ကားတွေ ရုတ်တရက် လျော့နည်းပြတ်တောက်ခဲ့ပြီးနောက် ယာဉ်စီခတွေလည်း နှစ်ဆမြင့်တက်သွားရတယ်။

ဒီဗွီဘီမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes