မာန်လှိုင်းငယ်
‘အင်အား’ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့။ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ဟာတွေကို စုစုစည်းစည်းရှိစွာနဲ့ လူအများကို ပုံသွင်းရိုက်ထားတဲ့ အရာကို ‘အင်အား’လို့ ပြောနိုင်ပါသလား ပြောနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စုစည်းခြင်းမရှိ။ စနစ်တကျနဲ့ ဖွဲ့စည်းခြင်းမရှိ။ စနစ်တကျနဲ့ လေ့ကျင့်ပေး ထားခြင်းမရှိတဲ့ အရာတွေဟာလည်း ဒုနဲ့ ဒယ်နဲ့ အများကြီးရှိနေပါတယ်။ ပမာအနေနဲ့ကတော့ ခံစားချက်ချင်း။ ရည်ရွယ်ချက်ချင်းတူတဲ့ လူအများ စုပေါင်းမိခဲ့ရာကနေ ပေါက်ဖွားလာတဲ့ ‘အင်အား’ပါ တမျိုးဆိုရသော် “လူထုအင်အား” ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြန်ကြည့်ကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၈၈၅ ခုနှစ်ကစပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကို တနိုင်ငံလုံးကျရောက်သွားတဲ့အချိန်မှာ ကျနော်တိုဏ္ဍ မြန်မာနိုင်ငံက မျိုးချစ်စိတ်ဓါတ် နိုးကြားတဲ့သူတွေ အနယ်နယ်အရပ်ရပ်ကနေ ထွက်ပေါ်လာပြီး တော်လှန်ရေးတွေ ဆင်နွှဲခဲ့ကြတာတွေ နောက် အင်္ဂလိပ်တွေပြီးတော့ ဂျပန်တွေ ၀င်လာတဲ့အခါမှာလည်း ကျနော်တို့ မြန်မာနိုင်ငံက မျိုးချစ် စိတ်ဓါတ်နိုးကြားတဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူတွေဟာ ထပ်ပြီး တော်လှန် ရေးကို အင်တိုက်အားတိုက် တော်လှန်ခဲ့ကြတာတွေဟာ စနစ်တကျနဲ့ စုစည်းထားပြီး ဖြစ်လာတဲ့ အရာ တွေ မဟုတ်ဘူး။ စနစ်တကျနဲ့ဖွဲ့စည်းလိုက်တဲ့ အရာတွေလည်း မဟုတ်ပါဘူး။ တမျိုးသားလုံး အမျိုး သားရေး စိတ်ဓါတ်တွေက ပြည်သူတွေထဲမှာ ကိန်းအောင်းပြီးရှိနေတာကို ခေါင်းဆောင်ကောင်းဆိုသူ တွေက လမ်းပြကြယ်အဖြစ် လှုပ်ရှားဆောင်ရွက် နေသူတွေက ရဲရဲဝံ့ဝံ့နဲ့ လုပ်လာတာတွေကြောင့် သူတို့နဲ့ ပြည်သူလူထုအားလုံးနဲ့ ပေါင်းမိလာကြတဲ့အခါ ‘အင်အား’ဟာ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဟာ ‘လူထုအင်အား’ တရပ်ဖြစ်လာရခြင်းပါ။
နောက်ထပ်တခါ ကျနော်တို့ မြန်မာနိုင်ငံကို ဘယ်တခြားနိုင်ငံတွေကမှ လာမအုပ်ချုပ်တော့ဘူး။ သူတို့ တွေ မအုပ်ချုပ်တော့ပေမယ့် ကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်သွားသလားဆိုတာပါပဲ။ လွတ်လပ် ရေးတော့ ရပါတယ်။ ဒါကလည်း သိပ်မကြာလိုက်ပါဘူး။ ကိုယ့်အမျိုးသားအချင်းချင်း။ ကိုယ့်ဗမာလူမျိုး အချင်းချင်းကပဲ ပြန်ပြီးတော့ အာဏာသိမ်လိုက်တော့ ပိုဆိုးသွားပါလေရော မဟုတ်လား။ ၁၉၆၂ ခုနှစ် ဦးနေ၀င်းတို့က အာဏာသိမ်းလိုက်တော့ ကျနော်တို့ အမိမြန်မာနိုင်ငံဟာ ဆင်းရဲတွင်းထဲကို နက် သထက် နက်။ ရောက်သထက် ရောက်နေပါတော့တယ်။ ဒီအာဏာရှင်စနစ်ကို တွန်းလှန် တော်လှန်ခဲ့ တဲ့ အရေးတော်ပုံကြီးတရပ် (သို့) ပြည်သူလူထုတရပ်လုံး ပါဝင်လာတဲ့ ၈၈ အရေးတော်ပုံကြီးက ဖြစ်ပေါ်လာခဲ့တာပါ။ ဒီလိုဖြစ်ပေါ်လာတာကရော စနစ်တကျနဲ့ စုစည်းထားသတဲ့လား။ မဟုတ်ပါဘူး။ ပြည်သူလူထုတရပ်လုံး ပါဝင်လာတဲ့ အချိန်အခါမို့လို့ ဒီလိုအရေးတော်ပုံကြီး၊ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ အမှတ်မထင်ကနေစပြီး ဖြစ်ပေါ်ပေါင်းစည်းလာကြတော့ ‘အင်အား’ဆိုတဲ့ ‘လူထုအင်အား’ဟာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုအမှတ်မထင်ကနေ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေကနေ လူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ထွက်ပေါ်လာအောင် ဆွ ဆွ ပေးလိုက်တဲ့အခါ လူတွေအားလုံး စုမိလာခဲ့ကြပါတယ်။ အဲဒါတွေကို ကျနော်တို့က ဘယ်လိုပြောကြမလဲ။ လူအများရဲ့ စုရပ်လို့ ဆိုရမှာပေါ့။ ဒီလိုစုရပ်ဆိုတာ ဖြစ်လာတဲ့ အခါမှာလည်း အရှိန်အဟုန်ကို ဖြစ်ပေါ်လာပြန်ပါတယ်။ ဒီလိုဖြစ်ပေါ်လာအောင်လည်း စုစည်းမိလာတဲ့ လူတွေအားလုံးက ဖန်တီးပေးလိုက်တဲ့ ‘အင်အား’ကြီးတခု ပေါ်ပေါက်လာခြင်းမဟုတ်လား။ နောက်ထပ် တဖန် ကျနော်တို့တတွေဟာ ဒီ‘အင်အား’ကနေ ကျနော်တို့ရဲ့ အိပ်မက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီကြီး ပေါ်ထွန်းလာဖို့အတွက် ကျနော်တို့တတွေရဲ့ ရင်ထဲမှာ ‘မျှော်လင့်ချက်’ဆိုတာကို ဖြစ်ပေါ်ပြီး ထင်ရှား လာစေပါတယ် ဒီ‘မျှော်လင့်ချက်’တွေဟာ လူတယောက်ချင်းစီမှာ ဖြစ်ပေါ်လာတဲ့ ‘မျှော်လင့်ချက်’ ပဲ ဖြစ်ပါတယ်။ ဒီလို လူတယောက်ချင်းစီမှာ ဖြစ်ပေါ်နေတဲ့ မျှော်လင့်ချက်တွေဟာ တဖြည်းဖြည်းနဲ့ လူ အများအပြားစီ ကူးစက်ပေါင်းကူးလာကာ အမြို့မြို့။ အနယ်နယ်။ အရပ်ရပ်တွေအားလုံးကို ပြန့်နှံ့သွား ပြီး ပေါင်းစည်းမိခဲ့ခြင်းတာ ဖြစ်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒီလို လူတွေအား လုံးရဲ့ စုရပ်ကနေ ‘မျှော်လင့်ချက်’တွေ ဖြစ်ပေါ်လာတာတွေဟာ ‘အင်အား’ဆိုတဲ့အရာကို ရရှိစေခြင်း ဖြစ်ပါတယ်။ ဒါဟာ ‘လူထုအင်းအား’ ပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် ဦးနေ၀င်းက စစ်တပ်နဲ့ အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး ဖြစ်ခဲ့တဲ့လှုပ်ရှားမှုသမိုင်းတိုင်းဟာ ကြိုတင်ပြင်ဆင်ခဲ့တဲ့တိုက်ပွဲတွေ လှုပ်ရှားမှုတွေ မဟုတ်ခဲ့ပါဘူး။ ဒါတွေဟာ ကျနော်တို့ရင်ထဲမှာ။ ပြည်သူတွေရဲ့ရင်ထဲမှာ မခံချိမခံသာ နိုင်လောက်အောင်ဖြစ်လာပြီးတော့မှ ရုတ်တရက်ထပေါက်ကွဲခဲ့ တဲ့ အခြေအနေ။ အဖြစ်အပျက်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဟာ ကျစ်လစ်ခိုင် မာတဲ့ ခေါင်းဆောင်မှုမျိုးတွေ စည်းလုံးမှုမျိုးတွေ စနစ်တကျ မတည်ဆောက်နိုင်ခင်မှာပဲ နအဖ(စစ်အာ ဏာရှင်)တွေက ဖမ်းဆီးနိုင်ခဲ့ရုံတင်မကပဲ။ ဖြိုခွဲဖျက်ဆီးပစ်နိုင်ခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ကျနော် တို့ဟာ အခုလက်ရှိမှာ တိုက်ပွဲတွေ။ လှုပ်ရှားမှုတွေရဲ့ ပြဿနာ။ အခက်အခဲတွေကို ပြန်ပြီး သေသေ ချာချာ မစဉ်းနိုင်ကြသေးဘူး။ နောက်ပြီးတော့လည်း ရရှိခဲ့တဲ့ပြဿနာအရင်းအမြစ်ရဲ့ အတွေ့အကြုံ တွေကို ပြန်လှန်ပြီးတော့ အသုံးမချနိုင်ခဲ့သေးပါဘူးလို့ ကျနော်ထင်ပါတယ်။ ဒါတွေဟာ တကယ်တော့ စုစည်းမှုဖြစ်တဲ့ ‘စုရပ်’ တခုဖြစ်မလာခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီလို ‘စုရပ်’ဖြစ် မလာတဲ့အတွက်ကြောင်း လည်း ‘အင်အား’ ဆိုတာကို မရရှိခဲ့ခြင်းဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရကို မကြောက်မရွံ့ စိန်ခေါ်ရဲတဲ့ အမေစုရဲ့ သတ္တိ။ ကြောက်ရွံ့ခြင်း ကင်းကင်းနဲ့ ကျော်လွှားရင်ဆိုင်ရဲတဲ့ အမေစုရဲ့ ခိုင်မာပြတ်သားတဲ့ ယုံကြည်ချက်တွေကြောင့် ကျနော်တို့ ပြည်သူ အများစုဟာ ခေါင်းဆောင်အမေစုကို အားကိုးအားထား ပြုလာကြခြင်းဖြစ်ပါတယ်။ ထို့နောက်မှာလည်း အမေစုကို နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကပါ အားပေးလေးစားလာမှုကိုလည်း တွေ့မြင်ရတဲ့အခါ ကျနော်တို့ ပြည်သူအများစုဟာ ခေါင်းဆောင်အမေစုကို များသထက်များ ပိုမိုပြီးတော့ အားကိုး ယုံကြည်စိတ်တွေ ပြင်းထန်လာကြပါတော့တယ်။ ကျနော်တို့ ပြည်သူအများစုရဲ့ရင်ထဲမှာ ဖြစ်နေတာက အမေစုဟာ တိုင်းပြည်ကို ဒီမိုကရေစီရအောင် ကယ်တင်ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တကြီး နဲ့ အားကိုးနေကြရှာပါတယ်။ တကယ်တော့ ကျနော်တို့တတွေဟာ ကိုယ်ကိုယ်တိုင် ဘာလုပ်ရမယ်၊ ကိုယ်ကိုယ်တိုင် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ရမယ်။ ပူးပေါင်းရမယ်ဆိုတာတွေကို အစဉ်အမြဲမေ့လျော့နေကြသူတွေ ဖြစ်နေတာကြောင့်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အမေစု ကိုယ်တိုင် ပြောခဲ့တဲ့ စကားရှိပါတယ်။ အဲဒါကတော့ ---
‘ဒီမိုကရေစီလှုပ်ရှားမှုကြီးကို တခုလုံးအနေနဲ့ပဲ မြင်စေချင်ပါတယ်။
ကျမတယောက်ထဲလို့ မမြင်ကြစေချင်ပါနဲ့’ လို့ အမေစု ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အလမ်းဆိုတာ မရှိတဲ့ မြန်မာပြည်တွင်းမှာ အဲန်အယ်လ်ဒီ ခေါင်းဆောင်များ သည်လည်းကောင်း။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်လည်းကောင်း နအဖ(စစ်အာ ဏာရှင်)ရဲ့ အဖျက်မျိုးစုံ။ လက်နက်မျိုးစုံ။ ဓါးအမျိုးမျိုးအောက်အတွင်း နေထိုင်နေရခြင်းကြောင့် အန္တရာယ်အများအပြား ၀ိုင်းကြီးပတ်လည်ရှိနေပါတယ်။ နိုင်ငံရေးလှုပ်ရှားဖို့မပြောနဲ့ နိုင်ငံရေးစကားလုံး ကို ပြောမိရင်တောင် အန္တရာယ်က ၀ိုင်းဝိုင်းကို လည်နေပါတယ်။ နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အရေးဆို ရင် ဝေးစွ။ နအဖ(စစ်အာဏာရှင်)တွေရဲ့ အုပ်ချုပ်မှုတွေဟာ မြန်မာနိုင်ငံကို ဘယ်လိုမှ ဒီမိုကရေစီရရှိ ပေါ်ထွန်းလာမှာ မဟုတ်အမှန် ဧကန်ပါ။ နအဖစစ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ကျနော်တို့ မြန်မာ နိုင်ငံဟာ ဘယ်လိုမှ အဖက်ဆယ်လို့မရနိုင်တဲ့ အခြေအနေတွေပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ စာရင်းထဲမှာတောင် ရောက်နေတာကိုက ကျနော်တို့အဖို့ ရင်နာစရာ ကောင်းလှပါတယ်။ မပြောမပြီး မတီးမမြည်ဆိုတာမျိုး ကျနော်တို့ တတွေဟာ အရှေ့က ဦးဆောင်ဦး ရွက် ရဲရဲဝံ့ဝံ့နဲ့ လမ်းပြပြီး လှုပ်ရှားမှုပေါင်းစုံနဲ့ နအဖ(စစ်အာဏာရှင်)ကို နိုင်ငံရေးအရကော။ လက်နက် ကိုင်တော်လှန်ရေးအရကော။ လုပ်ဆောင်နေကြတဲ့ ခေါင်းဆောင်များကို ကျနော်တို့ ပြည်သူပြည်သား။ ပြည်သူလူထုတို့ကလည်း ခေါင်းဆောင်များနဲ့အတူ လက်တွဲပြီး ‘အင်အား’ကို စည်းစည်းလုံးလုံးနဲ့ ဖြစ်လာအောင် လက်တွဲ ပါဝင်ဆောင်ရွက်စေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့ရဲ့ ‘မျှော်လင့်ချက်’ဖြစ် တဲ့ ဒီမိုကရေစီကို ရအောင်လှမ်းယူနိုင်ကြမှာပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ‘အင်အား (သို့) လူထု အင်အား’ ရှိဖို့ လိုအပ်နေပါတယ်။
နိုင်ငံရေးအလုပ် လုပ်မိပြီးဆိုရင်၊ နိုင်ငံရေးစကားတခွန်း ပြောမိပြီးဆိုရင် တသက်စာ နလန်မထူနိုင် တော့လောက်အောင် နည်းအမျိုးမျိုးနဲ့ စောင့်ကြည့်ပြီးတော့ကို ဒုက္ဒပေးတော့တာပါပဲ။ ပြည်သူလူထု အများအပြား မပြောရဲ၊ မဆိုရဲ၊ မခေါ်ရဲလောက်အောင် ဖမ်းဆီးနှိပ်စက် နှောင့်ယှက်နေခြင်းဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ နအဖ(စစ်အာဏာရှင်)တွေဟာ အတိုက်အခံပါတီတွေ။ အတိုက်အခံမျိုးဆက် သစ်တွေ ရှင်သန်ပြန့်ပွားမှုမရှိအောင် ဖွံ့ဖြိုးတိုးတက်မှုမရှိအောင် တခုနဲ့ တခု။ တဖွဲ့နဲ့ တဖွဲ့ ကွင်းဆက်မ ဖြစ်မိစေဖို့ မချိန်ဆက်မိစေဖို့ နအဖက တော်တော့်ကို စနစ်တကျနဲ့ ရစရာမရှိအောင် ဖြိုဖျက် ဖျက်ဆီး နေခြင်းဖြစ်ပါတယ်။
ကျနော်တို့ရှေ့မှာပဲ နအဖက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တော့ အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုတွေ၊ အမဲရောင်ကမ်ပိန်းလှုပ်ရှားမှုတွေ စတဲ့လူထုလှုပ်ရှားမှုတွေ စတင်ပြီး လှုပ်ရှားလျက်ရှိနေပါတယ်။ အမှန်ပြောရရင် ဒါတွေဟာ ပြည်သူလူထုရဲ့ ‘အင်အား’ နဲ့ ပေါင်းစပ်ပြီးတော့ နအဖကို ဖိအားတွေပေးနေခြင်းဖြစ်ပါတယ်။ ‘လူထုအင်အား’နဲ့ နအဖ(စစ်အာဏာ ရှင်)တို့ကို ထိုးစစ်တွေဆင်နေခြင်းလည်း ဖြစ်ပါတယ်။ အဲလိုမျိုးလှုပ်ရှားမှုတွေ ဒီထက်မက အများ အပြားလှုပ်ရှားပေးဖို့လည်း လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါမှလည်း ‘လူထုအင်အား’ ပိုမိုပြီးတော့ ရလာမှာပါ။ သို့မှသာ နအဖစစ်အစိုးရရဲ့ မတရားဖမ်းဆီးခြင်းကိုခံနေရတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ခေါင်း ဆောင်များဖြစ်ကြတဲ့ အမေစု၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံး လွတ်မြောက်ဖို့ရန် အတွက် ‘လူထုအင်အား’ နည်းတခုတည်းကိုသာ သုံးရတော့မှာဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးကို လှုံ့ဆော်ပြီး ‘အင်အား’ တခုအဖြစ် ပေါ်ထွန်းလာနိုင်အောင်။ စုစည်းလာနိုင်အောင် စွမ်းဆောင်နိုင်သူ များမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်လို့ ကျနော် မြင်ပါတယ်။
ကျနော်ပြောချင်တာကတော့ ‘လူထုအင်အား’ ဖြစ်ပေါ်လာနိုင်ဖိုဏ္ဍအတွက် လှုပ်ရှားလာနိုင်ဖို့အတွက် ကျနော်တို့မှာ လိုအပ်နေတာတွေကတော့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ အများအပြား ရှိဖို့လိုတယ်။ ဦးဆောင်ဦးရွက်နဲ့ လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေ လိုအပ်မယ်။ အဲဒီအဖွဲ့အစည်းတွေထဲ မှာမှ ကိုယ်ကျိုးမကြည့်ပဲ အများပြည်သူအတွက် ကိုယ်ရဲ့ကိုယ်ကျိုးကိုစွန့်ပြီး တာဝန်တွေကို ကျေပွန် အောင် ထမ်းဆောင်နိုင်မယ့် အဖွဲ့ဝင်။ အဖွဲ့သားတွေ လိုပါလိမ့်မယ်။ နောက် အဲဒီအဖွဲ့အစည်းထဲမှာ စီမံကိန်းတွေ၊ မဟာဗျူဟာနည်းလမ်းတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး တော့ ကျနော်တို့မှာ မဟာရည်မှန်းချက်တွေ၊ မေဋ်ာလင့်ချက်တွေ၊ ခံစားချက်တွေ ရှိနေဖို့ကို လိုအပ်ပါ တယ်လို့ ကျနော် မြင်ပါတယ်။ ဒါမှလည်း ကျနော်တို့မှာ ‘အင်အား (သို့) လူထုအင်အား’ တွေ ရရှိလာ မှာ ဖြစ်ပါတယ်။
‘အင်အား’ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့။ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ဟာတွေကို စုစုစည်းစည်းရှိစွာနဲ့ လူအများကို ပုံသွင်းရိုက်ထားတဲ့ အရာကို ‘အင်အား’လို့ ပြောနိုင်ပါသလား ပြောနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စုစည်းခြင်းမရှိ။ စနစ်တကျနဲ့ ဖွဲ့စည်းခြင်းမရှိ။ စနစ်တကျနဲ့ လေ့ကျင့်ပေး ထားခြင်းမရှိတဲ့ အရာတွေဟာလည်း ဒုနဲ့ ဒယ်နဲ့ အများကြီးရှိနေပါတယ်။ ပမာအနေနဲ့ကတော့ ခံစားချက်ချင်း။ ရည်ရွယ်ချက်ချင်းတူတဲ့ လူအများ စုပေါင်းမိခဲ့ရာကနေ ပေါက်ဖွားလာတဲ့ ‘အင်အား’ပါ တမျိုးဆိုရသော် “လူထုအင်အား” ဖြစ်ပါတယ်။
မာန်လှိုင်းငယ်
(၂၀။ ၁၂။ ၂၀၀၆)
Thursday, August 30, 2007
အင်အား (သို့) လူထုအင်အား
1:00 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment