နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, August 17, 2007

နအဖစစ်အာဏာရှင်ကြီးမှာ

နအဖစစ်အာဏာရှင်ကြီးမှာ ပုဂံရာဇ၀င်ကလို “မင်းကြီးကျန်စစ်သားလို” နာမည်မရှိမှာ ကြောက်လို့ နာမည်တခုလောက်မှည့်ပေးလိုက်ပါတယ်ခင်ဗျာ။

နအဖစစ်အာဏာရှင်ကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အရှက်မရှိဘုရင်ခေတ်သို့ ပြောင်းပြီး အစက ပျဉ်းမနားလို့ရှိတဲ့ နာမည်ကို နေပြည်တော်လို့ ပြောင်းပြီး သူများတည်ထားတဲ့မြို့ကို သွားရောက်ပြောင်းပြီး နေထိုင်ကြသတဲ့ကွယ်။ ကျနော်ကတော့ စစ်ဗိုလ်ချုပ်ကြီးသန်းရွှေကြီးကို အောဟုတ်ပါဘူး။ ခဏနေအရှင်မင်းကြီးမခေါ်လို့ အမျက်တော်ထွက်နေပါဦးမယ်။


ဟုတ်ပါပြီး အရှင်မင်းကြီးသန်းရွှေဆိုတော့ အရှင်မင်းကြီးလို့ခေါ်ရာမှာ သန်းရွှေဆိုတဲ့ နာမည်နဲ့မလိုက် ဘူးဗျ။ ဒါဆို အရှင်မင်းကြီးကို နာမည်တခုရှာပေးရမှာပေါ့။ ဒါဆိုရင် ဟိုပုဂံရာဇ၀င်ကြီးကို ပြန်သွားရ အောင်နော်။ ပုဂံရာဇ၀င်မှာဆိုရင်တော့ ကျန်စစ်သားမင်းကြီးဟာ နာမည်ကြီးပေါ့။ ဗိုလ်ချုပ်ကြီးကို လည်း ကျန်စစ်သားမင်းကြီးလို နာမည်ပေးရမှာပေါ့။ အင်းဟုတ်ပါပြီ။ ကျနော်ပဲ စစ်ဗိုလ်ချုပ်ကြီးကို အရှင်မင်းကြီးလို့ခေါ်လို့ရအောင် ပုဂံရာဇ၀င်က ကျန်စစ်မင်းကြီး နာမည်နဲ့ဆင်တူအောင်လို့ နာမည်ရှာ ပေးလိုက်တယ်။ နာမည်ကတော့ ကျန်စစ်သားမင်းကြီး နာမည်နဲ့တော့ နဲနဲတော့ တူတယ်ဗျ။ နာမည် လေးကတော့ “ကျောင်းစစ်သင်” တဲ့ဗျာ။ ဒီနာမည်လေးက ဗိုလ်ချုပ်ကြီးရဲ့ အလွန်ကြီးမှာတဲ့ ဘွဲ့တခုလို့ ကျနော်မှတ်ယူချင်ပါတယ်။ ဟို ဒီဘွဲ့ကတော့ဗျာ ပုဂံရာဇ၀င်က သူရဲကောင်းတွေလို စစ်လည်းမတိုက်ရ ဘူးဗျာ။ ဘာမှမလုပ်ရဘူး။ ထိုင်ပြီးခိုင်းယုံပဲ။ အဲလိုခိုင်းတဲ့ နေရာမှာတော့ အရှင်မင်းကြီး ကျောင်းစစ်သင်ကြီးက အလွန်တော်သတဲ့ကွယ်။ ဒီကျောင်းစစ်သင်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ လွယ်လွယ်လေးပါပဲ။ အသက်မပြည့်တဲ့ ကျောင်းသားတွေကို ကြမ်းတမ်းတဲ့ စစ်သင်တန်းကြီးကို ခဏ ခဏ မိသားစုတွေ မသိအောင်၊ အများပြည်သူတွေ မသိအောင် ခိုးဖမ်းပြီးသော်လည်းကောင်း၊ ဖြားယောင်သွေးဆောင်ခြင်းဖြင့်သော်လည်းကောင်း သင်ပေးဖို့အတွက် ခိုင်းစေနေလို့ ဒီဘွဲ့ကို ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ ဟဲ ဟဲ ဟဲ -------

ရှမ်းကလေး

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes