ပူပြင်းတဲ့ နေနဲ့
ရွာခဲတဲ့ မိုးကြောင့်
တိမ်တောင် မငိုတော့ --- သလို
မြေ --- မစိုဘူးပေါ့။
ငတ်မွတ်တဲ့ ရေကြည်တစက်
ဆာလောင်မှုတောမှာ
ဒေါသူပုန်ထတော့
ဘယ်လက်မောင်းက သွေးတစက်နဲ့တော့
အာသာပြေဖို့
ဖြေသာလိမ့်မယ် မထင်ခဲ့မိဘူး။
ရေကြည်တစက်
မျှော်လင့်ချက်နဲ့ နေရပေမယ့်
အဆုံးမှာ ---
ရော်ရွက်တွေ
ကြွေသွားသလို
ချောက်ချားတဲ့ အတိတ်အိပ်မက်နဲ့
အဆုံးသတ်ရတော့မှာလား။
အရုဏ်ကျင်းလာမယ့် တနေ့မှာ
ငတ်မွတ်နေတဲ့
ရေကြည်တစက်အတွက်
တိမ်တွေငိုလို့
မြေစိုဖို့ရာ
ရွာလိုက်ပါ မိုး။
ရေကြည်တစက်အတွက် ---
မာန်လှိုင်းငယ်
28. 10. 2006
Saturday, August 25, 2007
ရေကြည်တစက်
4:17 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment