နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, August 16, 2007

ဇူလိုင် အလွမ်းတေး

ဇူလိုင် အလွမ်းတေး

ကမ္ဘာကြီးအပေါ်

ဂြိုးဂြိုး ဂြိမ့်ဂြိမ့်

ဒေါသူပုန်ထ၊ မုန်ယိုအောင် ခြိမ်းပြီး

မှောင်ကြီးမည်းကြီး ရှိနေချိန်

လျှပ်ရောင်ဝင်းလက် ပြိုပျက်နေတယ်။

မကြာ --- အငွေ့အဖြစ် ပျံ့လွှင့်လို့

မိုးလုံးပြည့်အောင်

ထက်အောက်ကောင်းကင်

ကျဲပက်သွန်းကာ မိုးသည်းသည်း ရွာချပါ့မယ်။

ဇူလိုင်မိုးတွေ ---

သည်းသည်းမည်းမည်း သွန်းဖြိုးနေပြီး

အလွမ်းတေးသံ ပျံ့လွှင့်နေချိန်

မျက်ဝန်းအိမ်မှာ

မျက်ရည်မိုးဖြာ ---

ကမ္ဘာကြီးပေါ်

ဇူလိုင် အလွမ်းတေးတွေ ရှာချနေတယ်။

မာန်လှိုင်းငယ်

9. 07. 2007 ခုနှစ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes