နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, August 15, 2007

သြဂတ်စ် တေး

သြဂတ်စ် တေး

တခါက ---

လန်းဆန်း လတ်ဆက်နေတဲ့

နှင်းဆီဖူး၊ အရုဏ်ဦး

88 အရေးတော်ပုံလှိုင်းထဲ တိုးဝင်

တပြည်လုံးက ပြည်သူတွေ ရှေ့

လက်မောင်းကို ဆန့်တန်း၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး

အမှန်တရားကို ဟောကြား

ရဲရဲဝံ့ဝံ့ သီဆိုသွားတဲ့ အနီရင့်ရင့် အဖြူရောင် တေးသွား ---

ဒီနေ့ ---

တည်ငြိမ်ရင့်ကျက် မြစ်တစ်စင်း

ကန္တာရအထပ်ထပ် ကျော်ဖြတ်စီးဆင်းနေရတာတောင်

သူ့ခြေသူ့လက်တွေက

ကြံ့ခိုင်လှတဲ့ ကျောက်ဆိုင်ကျောက်သား ဖြစ်ခဲ့

အမှန်တရားဘက်၊ ငြိမ်းချမ်းရေးဘက်

ခိုင်ခိုင်မြဲမြဲ ရပ် ---

သြဂတ်စ် တေးကို ဆက်လက်ဆိုမြဲ၊ သီကျူးဆဲလေ။

(ဤကဗျာဖြင့် 8. 8. 88 နေ့တွင် ကျဆုံးသွားသူများကို ဂုဏ်ပြုပါသည်။)

မာန်လှိုင်းငယ်

2007 ခုနှစ်၊ သြဂုတ်လ (3)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes