နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, August 15, 2007

မေခလာ မရှိတဲ့ ပင်လယ်

မေခလာ မရှိတဲ့ ပင်လယ်

ပိုက်ဆံက

အိတ်ကပ်ရှပ်ရှပ်ထဲ ပြားချပ်။

အစာက

ဝမ်းဗိုက်ပိန်ပိန်ထဲ ကျုံ့ကပ်။

နာမကျန်းဖြစ်မှုက

သူ့ခန္ဓာကိုယ်ထဲ အရိုးပေါ်အရေတင်။

တစက်မြိတ်ထက် သန်တဲ့မိုးက

အိမ်အိုအိုထဲ လျှံတက်။

သူ့အတွက်

ကယ်တင်ရှင်တွေ ခရီးလွန်

ဘ၀က စတော့ဝပ်ခ်ျ မျှားတန့်ကို အကြိမ်ကြိမ် ရူးသွပ်စေခဲ့

မေခလာ မရှိတဲ့ ပင်လယ်မှာ ---

ညဟာ ပိုပိုပြီး နက်လာတယ်။

မာန်လှိုင်းငယ်

2007 ခုနှစ်၊ ဇူလိုင်လ (26)ရက်။

မှတ်ချက်။ ။ စတော့ဝပ်ခ်ျ (Stopwatch) = အပြေးစံချိန်ယူသည့် နာရီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes