အမည်မသိ
အသည်းနင့်အောင် ချစ်ခဲ့ပေမဲ့
ထားခဲ့သူက လှည့်မကြည့်ပြီမို့
အလွမ်းများက ရင်ထဲမှာ
ပြည့်နှက်ကာ အုပ်စိုး။
မယုံကြည်ခဲ့ဘူး မထင်ခဲ့ဘူး
တကယ်ဝေးပြီး ဆွေးရမယ်လို့။
အတွေးတွေတိုင်းမှာ မင်းကနေရာယူထားလေတော့
အလွမ်းအဆွေးတွေထဲက လွတ်မြောက်လမ်းကိုလည်း မမြင်တော့ဘူးပေါ့။
ခံစားရလွန်းလို့ ပဲ့ကြွေနေတဲ့အသဲကို
ပြန်ကုစားပေးခဲ့ပါချစ်သူရယ်။
မင်းကိုမချစ်တော့ဘူးလို့ စာတကြောင်းတည်းနဲ့ အဆုံးသတ်
sorry အထပ်ထပ်သုံးခဲ့တဲ့ ချစ်သူရယ်
အတိတ်ကာလက အရမ်းအရမ်းကို ချစ်ပါတယ်လို့ ပြောခဲ့တာမင်းဘဲမဟုတ်လား။
အဲဒီစကားလုံးတွေကို ၃ ရက်ဆိုတဲ့ အချိန်ကဆုံးဖြတ်
မင်းက ဒီဇာတ်လမ်းကို အဆုံးသတ်ခဲ့တယ်နော်။
နားလည်ပေးလို့ရအောင် ခိုင်လုံတဲ့အကြောင်းပြချက်လေးတော့ ပေးခဲ့ပါ။
ရင်ထဲကခံစားချက်တွေကို ပြောပြခွင့်မရှိတော့တဲ့ ဘ၀မှာ (အနေအထားမှာ)
မင်းဓါတ်ပုံလေးကို ကြည့်၊ အနမ်းလေးပေးပြီးတော့
တိုးတိုးလေးဘဲ ပြောနေတော့မယ်
မင်းကို အရမ်းချစ်တယ်ကွယ်။
ဒီကဗျာကို သူငယ်ချင်းတယောက်က ကျနော့်ဆီကို ပို့ထားတဲ့ ကဗျာတပုဒ်ပါ။ ကျနော်က ဒီဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်။ ကျနော်သူငယ်ချင်းရဲ့ ကလောင်ကို အလွတ်မရ၊ မသိတာကြောင့် အမည်မသိလို့ လို့ ပေးလိုက်ပါတယ်။ ကြိုက်ကြမယ်ထင်ပါတယ်။
Friday, August 17, 2007
မပြင်ဆင်ထားတဲ့ အစီအစဉ်တခု
5:09 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment