ဘ၀ဟာ
ဖန်ခွက်တလုံးလိုပဲ
ရေထည့်တော့
ပြည့်တဲ့အခါ ပြည့်
လျှံတဲ့အခါ လျှံ
ရေမထည့်တော့လည်း
ခြောက်သွေ့တဲ့အခါ ခြောက်သွေ့
ပြောင်သလင်းကို ခါနေတော့တာပဲ။
ကျုပ်တို့ နိုင်ငံကြီးဟာ..ဒီလိုမဟုတ်
သဘာဝသဃံဇာတပေါကြွယ်ဝတဲ့
နိုင်ငံများထဲက.. နိုင်ငံတနိုင်ငံ
သို့သော်
ဤပြည်ဖွား ခွေးသရမ်းကြီးတွေ
ကြိုးပြတ်သွားတဲ့ နွားသိုးလို
ထင်ရာ စိုင်း၊ မြင်ရာ ပိုင်းနေတော့
ဤပြည်ကြီးက
ဘယ်ခံနိုင်ပါတော့မလဲ။
ပြည်ကြီးသာ မဟုတ်
ပြည်ကြီးသားတတွေ
နွားသိုးတို့ရဲ့
ချို၊ လက်၊ ခြေတွေနဲ့
သရမ်းနေလေတော့
ဆိုးသထက် ဆိုးတဲ့
ဒုက္ခပင်လယ်ထဲ
ကမ်းတင်ရေမျော ဗေဒါဆိုက်နေရပြီ။
အဆုံးမှာ ---
တွေးလိုက်တိုင်း
ဖျက်ခနဲ --- ဖျက်ခနဲ
တပိုင်းတစ ပုံရိပ်လွှာတွေက
ဟို ပြေး၊ ဒီ ရောက်
နှစ်ကာလရှည်ကြာ
ပြည်လည်း မရောက်
အဆုံးကျတော့
ဖြစ်လိုက်ကြတာ နိုင်ငံမဲ့ပဲ။
မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ မေလ
Thursday, August 16, 2007
နိုင်ငံမဲ့တွေ ဖြစ်ရခြင်း
11:51 AM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment