နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, August 16, 2007

နှလုံးသား နံရံမှာ

နှလုံးသား နံရံမှာ

လက်နဲ့ မရေး

အသက်နဲ့ ရေးတယ် ---

ဆေးနဲ့ မခြယ်

သွေးနဲ့ ခြယ်တယ် ---

ဘယ်တော့အခါမှ

မပြောင်း မလဲ

ထာဝရသစ်လွင်

ပြုံးမပျက်၊ နှလုံးလှတဲ့

မေမေစု ပါတကား။

အချစ်နဲ့ ကွေကွင်း

တမိသားစုနဲ့ ဝေးကွာ

တကိုယ်တည်း အထီးကျန်စံ သူ ---

မေမေစုဟာ

အတ္တကင်းစင်၊ အေးမြအပြုံး

ငြိမ်းချမ်းရေးနဲ့သာ

မြန်မာ ကျော်ကြား

ကမ္ဘာ ကျော်လွှားသည်က

မေမေစုပင်။

သတ္တိသွေးနဲ့

ရဲရဲတောက်တဲ့

ငြိမ်းချမ်းရေး သူရဲကောင်း

မေမေစုသည်

မြန်ပြည်ကြီးရဲ့

အလှပန်းချီကားကို ---

လက်နဲ့ မရေး

အသက်နဲ့ ရေးတယ် ---

ဆေးနဲ့ မခြယ်

သွေးနဲ့ ခြယ်တယ် ---

မေမေစုရဲ့

အကြင်နာတရား

မြန်မာပြည်တလွှား ---

ကမ္ဘာလွှမ်းတော့ ---

ကျနော်တို့ရဲ့

နှလုံးသား နံရံမှာ --- ။

မာန်လှိုင်းငယ်

2007 ခုနှစ်၊ ဇွန်လ (9)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes