နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, October 31, 2007

A Fishing Village

မာန်လှိုင်းငယ်ဒီအင်္ဂလိပ်ကဗျာကို ကျနော် ဘယ်တုန်းက ရေးဖြစ်သွားတယ်ဆိုတာ မမှတ်မိတော့ဘူး။ ဒါနဲ့ ကျနော် စာအုပ်အဟောင်းတွေကို ပြန်ရှာဖွေရင်း ဒီကဗျာလေးကို ပြန်တွေ့သွားပါတယ်။ ဒါကြောင့် ဘလော့ဂ် သူငယ်ချင်းအားလုံးကို ပေးဖတ်ချင်တာနဲ့ အခု ဒီကဗျာကို တင်လိုက်ပါပြီး။ ကောင်းချင်မှလည်း ကောင်းမယ်။ ဒါပေမယ့် ကျနော် လက်ဆော့ပြီး ရေးဖြစ်သွားတာပါ။ အင်္ဂလိပ်စာတော့ မရဘူးဗျ။ ကဗျာကတော့ နှစ်ပုဒ်ပါ။ ဒါပေမယ့် ကျနော် တစ်ပုဒ်ပဲ အရင်တင်ထားလိုက်ပါတယ်။ ခံစားဖတ်ကြည့်ကြပါဗျာ။“A Fishing Village”I get to see a little village.There's a name, a fishing village.A very pretty, and ,the wind's warm and warm.Likewise, the sea's quiet.Hence -------I like to see them,they warm my heart.What's it ------There's a fishing village.A fishing village's very nice. Mhan Hlaine ...

Tuesday, October 30, 2007

အခန်းရဲ့ အနေအထား

မာန်လှိုင်းငယ်“အခန်းရဲ့ အနေအထား”အခန်းတံခါးကို ဖွင့်လိုက်တော့အောက်သိုးသိုး အနံ့အသက်ကမခံသာအောင် ဆိုးဝါးပ၀ါကို ထုတ်၊ နှာခေါင်း ပိတ်မှအနေအထိုင် သက်သာခဲ့တယ်။အခန်းထဲ ၀င်တော့လည်းခြေချစရာ နေရာမလှပ်နေရာတိုင်းမှာ အမှိုက်ဖုန်မှုန့်တွေနဲ့ဟိုတစု၊ ဒီတစုစာအုပ်တွေကလဲပြန့်ကျဲ ပက်လက်နဲ့ပါ။ပြီးတော့ ---ကုတင်ပေါ်မှာ ဖျာတချပ်ခေါင်းအုံးတခု၊ စောင်တထည်သာနေအရှင်သခင်၊ ဘုရင်မင်းလိုအခန့်သား တည်ရှိနေပေါ့ဒီလိုတွေ့လိုက်တော့ရင်မှာ ပြောမပြနိုင်အောင်ပီတိဖြာဝေခဲ့တယ်။ဆက်တိုက်မှာပဲကျနော့်ကို ခေါ်နေတဲ့အသံ“ဟေ့ --- မာန်လှိုင်းငယ် လာလေဒီမှာ မင်းအတွက်နေရာReady ပဲ” တဲ့ဒီအသံကို ကြားလိုက်ရတော့ကျနော့်ခမျာ လန့်ဖျန့်သွားခဲ့ပြန်တယ်။ဩော် --- ဩော်Ready Ready Ready တဲ့အခန်းထောင့် နေရာတိုင်းဆန်းသစ်လှပစွာ မြင်လိုက်ရတဲ့နေရာပုံစံ အနေအထားဟာReady တဲ့လား။နှာခေါင်းမှာ အနံ့မျက်စိမှာ အမှိုက်နားဝင်ချိုတဲ့ Ready ရယ်ဖွဲ့စည်းတည်နေတဲ့ ဒီအခန်းလူ၊ ပိုင်ရှင် မရှိသလိုပါပဲတကယ်တော့လဲပိုင်ရှင်ဆိုတဲ့...

ကြားဖူးနားဝ

မာန်လှိုင်းငယ်“ ကြားဖူးနားဝ”“ဂြိုလ်မရှိတဲ့ အုပ်နားဂုတ်ဗိုလ်ဖြစ်”“အနှစ်မရှိတဲ့ တောကြက်ဆူမင်းဖြစ်”တဲ့ကျနော် ကြားဖူးနားဝရှိခဲ့တယ်။ခု ----လက်တွေ့မှာတော့စစ်အာဏာရှင်တွေအာဏာကို ဖက်ထားလို့လက်နက်နဲ့ ခွေးတွေကို ကိုင်ပြီးနိုင်ငံနဲ့ ပြည်သူ၊ သံဃာတော်များကိုဂုတ်သွေးစုပ်၊ ရက်စက်နေသွန် လို သွန်၊ မှောက် လို မှောက်ဥပဒေမဲ့ ရမ်းကားလိုက်ကြတာ ---- ။ဒါတင်မကအိမ်နီးချင်းနိုင်ငံအနက်တရုတ်ကို ဖထွေးခေါ်အိန္ဒိယကို မိထွေးလို ကိုးကွယ်နေကျတယ်။အတိတ်ကကြားဖူးနားဝပစ္စုပ္ပန်မှာတော့ နဖူးတွေ့၊ ဒူးတွေ့ပါပဲ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရ...

ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ

မာန်လှိုင်းငယ်“ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ” မိမိကိုယ်ကို လေးစားမူမရှိဘဲ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘ၀တစ်လျှောက်လုံး အောင်မြင်မူရရှိဖို့လည်း မဖြစ်နိုင်ပေ။မိမိကိုယ်ကို လေးစားမူ ရရှိဖို့ ဆိုသည်မှာလည်း လောကတွင် အခက်ခဲဆုံး ဖြစ်ပါသည်။ အကယ်၍ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့အတွက် မိမိကိုယ်ကို မိမိ ဆန်းစစ်ရပေမည်။ စဉ်းစားဆင်ခြင် ရပေမည်။ ဘာကို စဉ်းစားဆင်ခြင်၊ ဆန်းစစ်ရမည်ဆိုလိုရှိရင် မိမိရဲ့အကျင့်၊ စာရိတ္တ၊ ဣနြေ္ဒ သိက္ခာ၊စည်းကမ်း၊ စသည့်တို့နဲ့ ပြည့်စုံမူရှိမရှိ ဆိုတာကို စမ်းစစ်ရပေမည်။ နောက်ပြီး ပညာအရည်အချင်း၊ ဗဟုသုတ ကြွယ်ဝမူ၊ ဥာဏ်ရည်ထက်မြက်မူစသည်တို့တွင် အားလုံးနဲ့လည်း ပြည့်စုံရပေမည်။ ဒါတွေအားလုံး ပြည့်စုံလို့ရှိရင် သူတစ်ပါးတို့၏ လေးစားမူကို ရရှိမည်မှာ ဧကန်မလွဲ ဖြစ်ပေမည်။မိမိရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းများထဲက လေးစားကိုလည်း ရရှိလာရပေမည် ဒါတွေမကသေးဘူး...

မညှိုးနဲ့ အပြုံး

မာန်လှိုင်းငယ်“မညှိုးနဲ့ အပြုံး”ဒီအပြုံး ---နှုတ်လွှာနှစ်ချပ်ဝက အပြုံးသံလိုက်စက်ကွင်းပမာဆွဲဆောင်စွမ်းအားရှိတဲ့အပြုံးပန်းတစ်ပွင့်မြင်သူတကာ ငေးမောလှပပေတယ်။ဒီအပြုံး ---နေ့စဉ်ရက်ဆက်ပြုံးနေတဲ့ အပြုံးငါ မြင်နေရသည်ပင်လိုက်မောပီတီဖြစ်မိတယ်။တဖန်အပြုံးပန်းတစ်ပွင့်ညှိုးမသွားအောင်မစရက်၊ မဆိုရက်တိတ်တိတ်ဆိတ်ဆိတ်နဲ့နဘေးနားမှာ ကြည့်နေချင်သူဖြစ်တယ်။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရ...

ရှေ့ဆောင်လမ်းပြ ကြယ်လေး

မာန်လှိုင်းငယ်“ရှေ့ဆောင်လမ်းပြ ကြယ်လေး”ခိုင်ခိုင်မာမာ တွေ့ရှိနေတာကသူငယ်ချင်းတယောက်ထက် ပိုချစ်နေခြင်းပါ။ငါ ဂရုတစိုက်နဲ့ မင်းကို ကြည့်လိုက်တော့Smart ကျတာရယ်ပျော်ပျော်ရွှင်ရွှင် နေတတ်တာရယ်နူးညံ့သိမ်မွေ့မှု ရှိတာရယ်ပြီးတော့ကြင်နာတတ်တဲ့ နှလုံးသား ရှိတာရယ်ကြောင့်မင်းကို ကိုယ်စွဲစွဲမြဲမြဲ ချစ်နေရသူပါ။မင်းဟာ ---ငါ့ နတ်သမီးတပါးဒါကြောင့်ကြည့်လေ ကြည့်လေအလွန်အဖိုးထိုက်တန်တဲ့ ရှားပါးရတနာတပါးဖြစ်နေခြင်းပါ။မင်းဟာ ---ငါ့ရဲ့ ညအမှောင်ကိုတောက်ပကြည်လင်စေတဲ့ ကြယ်လေးရှေ့ဆောင်လမ်းပြ သူကလေးပါ။ငါ အကူအညီလိုနေတဲ့အခါမင်းရဲ့ အလင်းရောင်နဲ့လက်ကမ်းပေးနေသူပါ။ဒီတော့ ---ငါ အနားယူပြီး တံခါးဖွင့်ရှာဖွေလိုက်တော့အကောင်းဆုံးဆိုတဲ့ အရာကို ရှာဖွေတွေ့ရှိလိုက်တယ်အဲဒါကတော့ငါ့ရဲ့ နတ်သမီးလေးငါ့ရဲ့ ရှေ့ဆောင်လမ်းပြ ကြယ်လေးပါ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရ...

ချစ်သူ အပြုံး

မာန်လှိုင်းငယ်“ချစ်သူ အပြုံး”သိမ်သိမ်မွေ့မွေ့ ဒီအပြုံးအကြိမ်တရာမက တွေ့နေချင်တယ်။ချစ်သူရေ ---မင်းအပြုံးကို မြင်လေတိုင်းကိုယ့်ရင်မှာကြည်နူးပီတိအပြည့်နဲ့ပါ။ပြောမ၀နိုင်တဲ့ ရင်တွင်းစကားရှုမ၀နိုင်တဲ့ ချစ်သူ့မျက်နှာကြားဝမနိုင်တဲ့ ချစ်သူအသံကြိမ်ဖန်မက ကြားနေချင်တယ်။ချစ်သူရေ ---အပြုံးမျက်နှာလေးနဲ့ကိုယ့်ဆီ အရောက်ပြန်လာခဲ့ပါတော့ --- ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရ...

Monday, October 29, 2007

ဒီရေလှိုင်း

မာန်လှိုင်းငယ်“ဒီရေလှိုင်း”ခေါင်းဆောင်အခက်ငယ်သားပျက်တော့ပေါင်းစပ်မဆုံနိုင်ပေ။ခေါင်းဆောင်ကောင်းငယ်သားပေါင်းတော့ရောက်အောင်ပန်းတိုင်ပေ။ငယ်သားတက်ပြန်ခေါင်းဆောင်မှန်တော့တတ်ဆန်စုံဆင်း ညီညွတ်ခြင်းပေ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရ...

ပြန်ရောက်နေကြောင်း

မာန်လှိုင်းငယ်မင်္ဂလာပါဗျာ။ ကျနော် ဒီနေ့ပဲ ပြန်ရောက်ပါပြီး။ ရောက်ရောက်ချင်းပဲ ကျနော် စီဘောက်ကို ကြည့်လိုက်တယ်ဗျာ။ အားလုံးက ကျနော့်ကို မျှော်နေတာတွေ့ရတော့ ၀မ်းသာပီတိဖြစ်ရပါတယ်။ တခုတော့ တောင်းပန်ချင်ပါတယ်ဗျာ။ ကျနော် ပြန်လာတာနောက်ကျနေတော့ ကျနော့် ညီအကို မောင်နှမ မိတ်ဆွေသူငယ်ချင်းများအားလုံးကို စိတ်မကောင်းဖြစ်ရပါကြောာင်းနှင့် ၀မ်းနည်းမိပါတယ်။ အခုတော့ ကျနော် ပို့တွေ ဆက်တင်နိုင်အောင် ကြိုးစားသွားပါတော့မယ်။ ကဗျာလက်ဆောင်တွေကို လည်း ယူလာပါတယ်။ မနက်ဖြန်မှပဲ ကျနော် တင်ဖြစ်တော့မယ်။ အခုတော့ တပုဒ်ပဲ တင်လိုက်ပါ့မယ်။ နောက်နေ့တွေပါ ကဗျာလက်ဆောင်တွေ။ စာလက်ဆောင်တွေ ဝေမျှပေးပါမယ်။ ကျနော့် ညီအကို မောင်နှမတွေ အားလုံးကို အကြောင်းကြားလိုက်ပါတယ်ဗျာ။ မင်္ဂလာနေ့မြတ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ပြန်ရောက်လာကြောင်း အသိပေးလိုက်ပါတယ်ဗ...

Saturday, October 20, 2007

အသိပေးအပ်ခြင်း

မာန်လှိုင်းငယ်အသိပေးအပ်ခြင်း ကျနော့် ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးသို့ အသိပေးအပ်ခြင်းဖြစ်ပါတယ်။ ကျနော် မနက်ဖြန်မှစ၍ နောက်တပတ်လုံးလုံး ဘလော့ဂ်ရေးခြင်းကို ခဏနားမည်ဖြစ်ကြောင်းနဲ့။ ညီအကိုမောင်နှမ။ မိတ်ဆွေသူငယ်ချင်းများအားလုံးဆီကိုလည်း အလည်အပတ် သွားရောက်မည် မဟုတ်တော့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခရီးထွက်စရာရှိနေလို့ပါ။ တပတ်ကြာမှာဖြစ်တဲ့အတွက်ကြောာင့် ကျနော် ဘလော့ဂ်ကို မလှည့်နိုင်တော့ပါ။ ဒါပေမယ့် အားရင်တော့ အလည်အပတ် သွားရောက်နိုင်အောင် ကြိုးစားသွားပါမည်။ ကျနော်မရှိတုန်း အလည်အပတ် လာရောက်သူရော။ ကွန်မန့်ပေးချင်သူများအားလုံး ပေးထားပေးစေချင်ပါတယ်။ ကျနော်ပြန်ရောက်တဲ့အခါ ဖတ်ချင်လို့ပါ။ အမောပြေချင်လို့ပါ။ အားလုံးကို တောင်းခံအပ်ပါသ...

ဘာလို့လဲဆိုတော့

မာန်လှိုင်းငယ်“ဘာလို့လဲဆိုတော့”လူတချို့ကအတင်းအဖျင်းပြောတာကို နှစ်သက်ကြတယ်ဘာလို့လဲဆိုတော့သူတို့အတွက် ချိုမြိန်တဲ့ သစ်သီးဖျော်ရည် သောက်ရသလိုပါပဲ။လူတချို့ကလိမ်ညာစကားပြောတာကို သဘောကြတယ်ဘာလို့လဲဆိုတော့သူတို့အတွက် ကိတ်မုန့်တလုံး စားရသလိုပါပဲ။လူတချို့ကရယ်စရာဟာသပြောတာကို မက်မောကြတယ်ဘာလို့လဲဆိုတော့သူတို့အတွက် အသက်တိုမှာ ကြောက်လို့ပါပဲ။ဒါပေမဲ့ငါကတော့ကဗျာနဲ့ စကားပြောတာကို ၀ါသနာပါတယ်ဘာလို့လဲဆိုတော့ငါ့အတွက် ကာရန်မညီတဲ့ ကဗျာဝိုချို သောက်ရလို့ပါပဲ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရ...

အတိတ်

မာန်လှိုင်းငယ်“အတိတ်”အတိတ်ဟာပိုးကိုက်ထားတဲ့ နှင်းဆီတပွင့်လိုပဲလားဒါမှမဟုတ်ဟိုးအဝေးမှာ ထင်ကျန်နေတဲ့ သဲမှုန်တပွင့်ပဲလား။ငါ နောက်ပြန်လှည့်ကြည့်တဲ့အခါအရိုးနဲ့ အရေတာကျန်နေတဲ့ အဘိုးအိုနွံအိုင်ထဲက ထွက်မရဖြစ်နေတဲ့ ကျွဲနဲ့မစားချင်ချင်၊ စားချင်ချင်ဖြစ်နေတဲ့ ကလေးငယ်ကို တွေ့လိုက်ရတော့ --- ။ဒါကြောင့်ငါဟာ အတိတ်ကို ပြန်မတွေးတော့ပါဘူးအဲဒါဘာဖြစ်လို့လဲသိလား ---- ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရ...

မလွယ်ပါလား

မောင်ဉာဏ်ထက်မလွယ်ပါလားငှက် - ငှက်ဖြစ်ရတာ မလွယ်ပါဘူးဗျာ။ရှဥ့်ကလေး - ဘာဖြစ်လို့လဲကွ။ငှက် - ငါ့အမေကို နမ်းလို့မရဘူး၊ ဟောဒီ နှုတ်သီးက ခံခံနေလိ...

ပြန်လာဦးမှာလား

မောင်ဉာဏ်ထက်ရဲ့ ရှာရှာဖွေဖွေ ဟာသများ စာအုပ်မှတဆင့် ပြန်လည်ကူးယူတင်လိုက်တာပါ။ပြန်လာဦးမှာလား လူနှစ်ယောက်သည် ကမ်းစပ်တွင် ငါးမျှားနေကြ၏။ ငါးက ဟပ်သဖြင့် ငါးမျှားတံကို သုတ်ခနဲဆွဲ တင်လိုက်လေရာ ငါးမျှားချိတ်နှစ်ခုတွင် ငါးက တစ်ကောင်တည်း ဟပ်ကာ ပါလာခဲ့လေသည်။ပလူ - ဘယ်လိုလုပ်မလဲကွ၊ ငါးက တစ်ကောင်တည်းမိနေတယ်။ဒုလူ - အေးက၊ အဲဒါမှ ပြဿနာပဲ။ (ထိုအခါ ငါးက ပြေသည်)ငါး - ခင်ဗျားတို့ အဝေရခက်နေရင် ဒီလိုလုပ်ပါလား၊ ကျနော့်ကို ရေထဲပြန်လွှတ်ပေး၊ အစက ပြန်မျှား၊ ဒီတခါ ငါးမျှားချိတ်တစ်ခုတည်းကိုပဲ ဟပ်မယ်။လူ - အေး၊ ကောင်းတယ်။(နှစ်ဦးသဘောတူ ငါးကို ပြန်လွှလိုက်ကြသည်။ ထိုအခါ ငါးသည် နောက်တကြိမ် အမိမခံတော့ချေ။ ထိုသူနှစ်ယောက်မှာကား မည်သူ့ငါးမျှားချိတ်ကို ငါးက ဟပ်လိမ့်နိုးနှင့် တစောင့် စောင့်။)မောင်ဉာဏ်...

Friday, October 19, 2007

တိုက်တွန်းခြင်း

မာန်လှိုင်းငယ်သီချင်းတပုဒ်ကို နားထောင်ကြည့်စေချင်တယ်။ သီချင်းလေးခေါင်းစဉ်က `သနပ်ခါး´ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းလိုက်တဲ့အခါ လှပသွားကြတယ်။ မလှတဲ့သူတွေတောင်မှ ကြည့်လို့ကောင်းသွားတယ်။ ဒီသနပ်ခါးသီချင်းကို ကျနော်နားထောင်လိုက်တိုင်း။ ရင်ခုန်တယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ လွမ်းဆွတ်မိတယ်။ ဒီသီချင်းကို ကျနော် တင်ထားတာ ကြာပါပြီး အခု ပြန်ပြီးတော့ လင့်ပြန်လုပ်ထားပါတယ်။ ကျနော့် ညီအကိုမောင်နှမ။ ရောင်းရင်းတွေ အားလုံးကို ပြန်နားထောင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ သီချင်းကိုတော့ ဘေးမှာ လင့်ခ်တင်ထားပါတယ်။ နားထောင်ကြည့်ကြပါဗျာ။ မြန်မာအမျိုးသမီးတွေအတွက် ဂုဏ်ယူစရာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ကျနော့်အထင်ပါ။...

ဖြစ်နိုင်ရင်

မာန်လှိုင်းငယ်“ဖြစ်နိုင်ရင်”ကွန်ပျူတာရှေ့မှာငါ ထိုင်နေတဲ့အခါမီးပျက်သွားတာ မမြင်ချင်ဘူး။စာကြည့်စားပွဲပေါ်မှာငါ ကဗျာရေးနေတဲ့အခါဘောပင်မှင်ကုန်တာ မဖြစ်ချင်ဘူး။အခန်းထဲမှာငါ အိပ်နေတဲ့အခါတံခါးလာခေါက်တာ မကြားချင်ဘူး။ဒါပေမဲ့တခုတော့ရှိတယ်ငါ ဘာမှမလုပ်တဲ့အခါလာထိုင်ပြီး စကားပြောပါအလွမ်းသီးချင်း လာဆိုပါဖြစ်နိုင်ရင် ---- အလဟသအချိန်တွေ မလွန်မြောက်ချင်ဘူး။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရ...

နာတာရှည်အလွမ်း

မာန်လှိုင်းငယ်“နာတာရှည်အလွမ်း”သူမဟာ ---ငါ့အတွက်တော့ကြည်လင်ဝင်းပတဲ့ မျက်ဝန်းနက်နက်ပိုင်ရှင်ဖြစ်တယ်။သူမဟာ ---- ငါ့အတွက်တော့နှင်းဆီငုံဖူးလေးလိုမနက်ခင်းရနံ့နဲ့အတူ အစွမ်းကုန်ဖူးပွင့်လာမယ့် ပိုင်ရှင်ဖြစ်တယ်။သူမဟာ --- ငါ့အတွက်တော့နူးညံ့လှပတဲ့ လိပ်ပြာတကောင်လိုအလှအပကို ပိုင်ဆိုင်ထားသူ ပိုင်ရှင်ဖြစ်တယ်။ခုတော့ငါ့မှာလေ ---သူမကို နာတာရှည်အလွမ်းများနဲ့တနေ၀င်တမနက်တိုင်း စောင့်မျှော်နေရသူပါ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရ...

Thursday, October 18, 2007

ပြတင်းတံခါးနဲ့ ည

မာန်လှိုင်းငယ်`ပြတင်းတံခါးနဲ့ ည´ညမှာ ---ပြတင်းတံခါးကိုလုံခြုံအောင် ဆွဲပိတ်ထားတာကြောင့်အခန်းထဲမှာကျနော် မွန်းကျပ်လွန်းလို့ အသက်ရူမ၀။ညမှာ ---ပြတင်းတံခါးကိုတင်းတင်းကြပ်ကြပ် ပိတ်ဆို့တာကြောင့်အိပ်မက်တစ္ဆေကြောင့်လားမသိငါရဲ့ ကယောင်ကတမ်း စကားသံအပြင်ထိအောင် လျှံထွက်လာ။ဒါကြောင့်ငါဟာ ပြတင်းတံခါးကို ဖွင့်တော့ဟော ---အပြင်ဘက်မှာညရဲ့ အလှညရဲ့ တိတ်ဆိတ်မှုနဲ့အတူလရဲ့အလင်း ရွှန်းလက်တောက်ပနေလို့ပါလားပန်းရဲ့ရနံ့လည်း ထုံမွှေးသင်းပျံ့နေလို့ပါလား။ခုတော့ပြတင်းတံခါးနဲ့ ညညနဲ့ ပြတင်းတံခါး ကြားမှာခြားနားမှုတွေ တစ်မျှော်တစ်ခေါ်ရှိနေပါလား။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရ...

ကျေးဇူးပြုပြီး

မာန်လှိုင်းငယ်`ကျေးဇူးပြုပြီး´ကျေးဇူးပြုပြီးကျနော်တို့ ပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်လိုက်ပါ။ကျေးဇူးပြုပြီးကျနော်တို့ ပြည်သူရဲ့တောင်းဆိုချက်များကို လိုက်လျောပေးပါ။ကျေးဇူးပြုပြီးတပ်မတော်သားတွေကျနော်တို့ ပြည်သူတွေနဲ့ လာရောက်နေထိုင်လိုက်ပါ။ကျနော်တို့ ပြည်သူတွေဟာအေးမြတဲ့ အပြုံးနဲ့နွေးထွေးတဲ့ လက်တွေကမ်းလို့ ကြိုဆိုနေပါတယ်။ကျနော်တို့ ပြည်သူနဲ့အတူသံဃာတော်များကို လက်အုပ်ချီဦးညွတ်လိုက်ပါကျနော်တို့ ပြည်သူနဲ့အတူသိမ်မွေ့တတ်တဲ့ စိတ်မေတ္တာဂရုဏာထားတတ်တဲ့ စိတ် ရှိသူတွေအဖြစ်ကမ္ဘာသိအောင် အစွမ်းကုန် ကြိုးစားပြကြရတာပေါ့။လာလေကျေးဇူးပြုပြီး ---- ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရ...

Wednesday, October 17, 2007

ငါ သိနေလို့

မာန်လှိုင်းငယ်`ငါ သိနေလို့´ငါ မွန်းကျပ်နေတုန်းလေ က မတိုက်ခတ်ခဲ့ဘူး။ငါ အထီးကျန်စွာ ရှိနေတုန်းအမှောင်က အလိုက်မသိခဲ့ဘူး။ငါ လမ်းလျှောက်နေတုန်းငှက်တွေက လက်မခံခဲ့ဘူး။ငါ အိပ်ငိုက်နေတုန်းမျက်လုံးက ဂရုမစိုက်ခဲ့ဘူး။ဒါပေမယ့်ငါ့ရဲ့ အသက်ရှင်သန်မှုအတွက်အေးမြတဲ့ အမေ့အပြုံးနဲ့နွေးထွေးတဲ့ အဖေ့မျက်ဝန်းတွေကြောင့်ယနေ့ထက်တိုင်ရင်ထဲမှာ ရှိနေတယ်ဆိုတာ ---ငါ သိနေလို့ပါပဲ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရ...

အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း

မာန်လှိုင်းငယ်`အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း´ငယ်ငယ်ကကျနော် ချူချာလွန်းလို့အဖေက စိတ်ပူခဲ့ရတယ်။ငယ်ငယ်ကကျနော် စကားနည်းခဲ့လို့အမေက စိတ်သောကဖြစ်ခဲ့ရတယ်။ကျောင်းနေအရွယ်တုန်းကကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လို့ကျနော် ဗိုက်အောက်တတ်တဲ့ ဝေဒနာဖြစ်လို့အဖေနဲ့ အမေဟာ စိုးရိမ်စိတ်နဲ့ အလုပ်တွေများခဲ့ရတယ်။ခုတော့ကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ရင်ကျနော် ဗိုက်အောက်ဝေဒနာဖြစ်ရင်အမေ့ အကြင်နာမျက်နှာကို မြင်ချင်အမေ့ ဂရုဏာစိတ်နဲ့ ရောစပ်နေတဲ့ ပူပန်မျက်နှာကို တောင့်တနေမိတယ်။ဒါပေမယ့်ကျနော့်မှာ ဖြေသာစရာ အရိပ်ရှိတယ်ကျနော့်မှာ အားကိုးစရာ အရိပ်ရှိတယ်ကျနော့်မှာ ပြေးတွေ့စရာ အရိပ်ရှိတယ်ကျနော် တခုခုဖြစ်လေတိုင်းကျနော့်ဘေးမှာ အရိပ်ဟာ ရှိနေတယ်အဲဒီအရိပ်ဟာ အဖေပါပဲ။အမေ့ကို သတိရလေအမေ့ကို အောက်မေ့တမ်းတလေအဖေ့ မေတ္တာရိပ်အဖေ့ ဂရုဏာရိပ်အောက်မှာကျနော် အမြဲလိုလို ခိုဝင်လျက်ရှိနေခဲ့တယ်။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရ...

ဘာကြောင့်

မာန်လှိုင်းငယ်`ဘာကြောင့်´ဘာကြောင့်ငါ အိပ်ယာက ထ. ထပြီးယောင်နေရတာလဲ။ဘာကြောင့်ငါ ထိုင်နေလျက်နဲ့ဆာလောင်မှုတွေ ဖြစ်နေရတာလဲ။ဘာကြောင့်ငါ လမ်းလျှောက်နေတာတောင်အတွေးများစွာက ၀င်လာနေရတာလဲ။ငါ အိပ်နေတာပဲ၊ ထိုင်နေတာပဲ၊ လမ်းလျှောက်နေတာပဲဘာကြောင့်ဘာကြောင့်ဘာကြောင့် ---- လဲဆိုတာငါ ယနေ့တိုင် စဉ်းစားနေရတုန်းပဲ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရ...

Tuesday, October 16, 2007

အရိပ်မည်း

မကောင်းမှုပြုသူတို့ ခံစားရမယ့်အကြောင်းလေးပါ။ ဘုရား။ တရား။ သံဃာ။ မိဘ။ ဆရာတွေကို အစဉ်အမြဲ ဦးထိပ်ထားရမယ်။ နှလုံးသွင်းထားရမယ်ဆိုတဲ့ အကြောင်းကိုကိုလည်း ဒီပို့စ်လေးက ပြောပြနေပါတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အတိုင်းခံစားရမယ်ဆိုတာရယ်။ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုတွေဟာ ဘုရားလည်း မကယ်နိုင်။ တရားလည်း မကူနိုင်။ သံဃာတော်တွေလည်း မလုပ်ပေးနိုင်ပါဘူး။ တခုတော့ရှိတာပေါ့ သူတို့စိတ်ချမ်းသာအောင်တော့ တရားပြပေးနိုင်ကြလိမ့်မယ် ထင်ပါတယ်။ ဒီပို့စ်လေးကို ခံစားဖတ်ကြည့်ကြပါ။ တင်ယုစိန်ရေးထားတဲ့ စာပါပဲ။ ကျနော်ကတော့ အားလုံးကို ဖတ်စေချင်တဲ့စိတ်နဲ့ အခုလို ပြန်ပြီးမိတ်ဆက်ပေးတာပါ။“အရိပ်မည်း”တင်ယုစိန်သူသွားနေတယ်။ နှေးနှေးလား။ မြန်မြန်လားဆိုတာကိုတော့ သူကိုယ်တိုင် သိပုံမရဘူး။ သွားတော့ သွားနေတာပဲမနားဘူး။ တောက်တယ်။ခန္ဓာဝန်ဆိုတဲ့စကားကို သူကြားခဲ့ဖူးပါတယ်။ ခန္ဓာဝန်ဆိုတဲ့ သဘောတရားကို သူပထမဆုံးအကြိမ် ဆင်ခြင်မိလိုက်သည်။ နောက်ဆုံးလည်း ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။...

မင်းနဲ့အတူ

ငယ်ဆူးအိမ် ငယ်ဆူးအိမ်ရဲ့ ကဗျာကို ခံစားဖတ်ရြှု...

Monday, October 15, 2007

အားနာစွာနဲ့

ကျနော် ဘာလော့ဂ်ကို ဟိုကလိ ဒီကလိ လုပ်နေတာကြောင့် လာလည်သူ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းများကို အားနာစွာနဲ့ ပြောချင်ပါတယ်။ အခု ကျနော့်ဘလော့ဂ်ကို အပြင်အဆင်လေးကောင်းအောင် လုပ်နေခြင်းဖြစ်ပါတယ်။ အရင် ရှိတာလေးတွေ ပျောက်ကုန်တာကြောင့် အခု ကျနော် ထပ်မံ ပြုလုပ်နေကြောင်း အသိပေးခြင်း ဖြစ်ပါတယ်။ နားလည်ပေးကြမယ်ထင်ပါတယ်။မာန်လှိုင်း...

Saturday, October 13, 2007

အိမ် (ရဲလေး)

ရဲလေးရဲ့ အိမ်သီးချင်းလေးပါ။ ကျနော် နှစ်သက်လွန်းလို့ အားလုံးကို ပြန်လည် ဝေငှပေးလိုက်ပါတယ်။...

Inside Myanmar: The Crackdown - 10 Oct 07 - Part 1

ဆရာတော်ဘုန်းဘုန်းတွေကို ယုတ်မာစွာ ရက်ရက်စက်စက် ရိုက်နှက်နေတဲ့ ဗွီဒီယို အခွေလေးပါ။ ကျနော့် အီးမေးလ်ထဲကို ဒီနေ့ ရောက်လာတာကြောင့် ဒီမှာ တင်ပေးလိုက်ပါတယ်။...

အိမ်

မာန်လှိုင်းငယ်“အိမ်”နေ၀င်မိုးချုပ်အိမ်ပြန်ရုပ်သိမ်းအိပ်စက်ခြင်းသာ ငြိမ်းချမ်းရာ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်။ ကဗျာလေးကတော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်ရင်ထဲက ထွက်လာတဲ့ အကြောင်းကလေးကို ရေးချမိသွားတာပါဗျာ။ နှစ်သက်ကြမယ်ထင်ပါတယ်။...

မင်းအတွက်တော့

ငယ်ဆူးအိမ် ငယ်ဆူးအိမ် ကဗျာတပုဒ်ကို ထပ်မံတင်ပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။...

Friday, October 12, 2007

စက်တင်ဘာ မျက်ရည်

မာန်လှိုင်းငယ်“စက်တင်ဘာ မျက်ရည်”သံဃာတော်တွေ အစော်ကားခံနေကြရတဲ့မဇ္ဈိမဒေသရဲ့ မလှမ်းမကမ်းကျနော်တို့ရဲ့ နိုင်ငံတ၀ှမ်းမှာအဓမ္မကပဲ လွှမ်းမိုးထားမလားဓမ္မကပဲ လွှမ်းမိုးသွားမလားဆိုတာ --- ။သရဲမရဲစီးနေတဲ့ စက်တင်ဘာ မုန်တိုင်းရဲ့ လက်ရက်ရက်စက်စက် ချွေချလို့နီဝါရောင်သွေးတွေ မြေခ၀သုန္ဒရေရဲ့ ရှိုက်သံ ဘ၀ဂ်ထိ လျှံခဲ့ပြီ။သာသနာ့အလံကိုကိုင်ပြီး ချီတက်မေတ္တာသုတ်တွေ ရွက်ဆိုရင်းသံဃာတော်တွေ ကျတဲ့မျက်ရည်ကျောင်းသားပြည်သူတွေ ကျတဲ့မျက်ရည်တနေ့မှာဓမ္မရဲ့ မေတ္တာတေးသံကမ္ဘာရှည်တည်တံ့ လွှမ်းမိုးသွားလိမ့်မယ်။စက်တင်ဘာ မျက်ရည်ကတော့ရူးသွတ်နေတဲ့ မုန်တိုင်းကို အံတုရင်းမြေမှာ ပေါင်းစည်းပျော်ဝင်သမိုင်းသစ်ကို ရေးခြယ်ထုဆစ်ကမ္ဘာမြေရဲ့ နှလုံးသားမှာမှတ်ကျောက်တင် တွင်ကျန်နေရစ်မယ်ဆိုတာ --- ။ ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်။ ကျနော် စက်တင်ဘာလ လမ်းလျှောက်ခှီတက်ပွဲအတွက် ဒီကဗျာနဲ့ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။...

ချစ်သူရယ်

ငယ်ဆူးအိမ် ငယ်ဆူးအိမ်ရဲ့ ကဗျာကို ကျနော် ထပ်တင်ပေးထားပါတယ်။ နှစ်သက်ကြမယ်ထင်ပါတယ်။...

၈၈ မျိုးဆက်ကျောင်းသားများ ကြေညာချက်

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကြေညာချက်...

APPPB Update

I. Update on Raids, Threats, Hostage, & Arrests: 1) Two Mothers Taken Hostage (Oct 11): There is a hostage situation of the mother and mother-in-law of a young woman activist in Rangoon. Thet Thet Aung and her husband, Chit Ko Linn, are both members of the '88 Generation Students. Chit Ko Linn was arrested on 8th October while Thet Thet Aung was able to evade the arrest on the street during the daylight in Rangoon. Then yesterday morning on 10th Oct, Her mother and her mother-in-law were arrested from homes and the authorities said they would release two mothers only when Thet Thet would turn herself in. The young couple has three boys aged 8, 6 and 1&1/2 year-old, and they had to leave these children in the care of their mothers while both were unable to return home trying to avoid...

နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည်

နအဖ စစ်အစိုးရကလည်း ဖြက် လေး ဖြက်မူဝါဒကို စွန့်လွှတ်ဖို့လိုသည် ကို သုတေသနနှင့် လေ့လာရေးဌာန မှ သုံးသပ်ချက် စာတမ်းဖြစ်ပါတယ်။...

မိတ်ဆွေများခင်ဗျာ

ဗို့ဝိန်းဒေသက လမ်းလျှောက်ချီတက်ပွဲ ဖိတ်စာ...

Thursday, October 11, 2007

ကျိုက်က္ကဆံကွင်းမှာ သံဃာတွေကို အတင်းလူဝတ်လဲခိုင်းနေ၊ အသက်ရှင်သူတွေကိုပါ အတင်းမီးရှို့

သံဃာတော်တွေကို အတင်းလူဝတ်လဲခိုင်းနေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။...

ရိုင်းလိုက်တဲ့ ရာဇ၀င်မှာ

ဆောင်းယွန်းလ ရဲ့ ကဗျာကို ဖတ်ကြပါဗှာ။ ကျနော် အရမ်းကို နှစ်သက်မိတာကြောင့် တင်ထားလိုက်ပါတယ်ဗ...

ငြိမ်းချမ်းရေး

ဆောင်းယွန်းလ ရဲ့ ငြိမ်းချမ်းရေး ကဗျာကို တင်ထားပါတယ်။...

တိုက်ပွဲတွေထဲက ရလာဒ်

ဆောင်းယွန်းလ ရဲ့ ကဗျာ ဖြစ်ပါတယ်။...

Saturday, October 6, 2007

ကိုစောငိုရဲ့ လက်ရာမြောက် ကာတွန်း

ကိုစောငို ကာတွန်းတွေကို ကြည့်ဟကပါ။ ဒီနေ့ ထပ်တင်ထားပါတယ်။...

Friday, October 5, 2007

ဒီဇိုင်းပုံ Free Burma တွေပါ

free Burma Desgin တွေ ဖြစ်ပါတယ်။ နိုင်ငံတကာက ဒါမျိုးတွေ ထုတ်လုပ်နေပြါ...

Free Burma

...

Wednesday, October 3, 2007

နောက်ထပ်ကာတွန်းများ

ကာတွန်းတွေကို ထပ်တင်ပေးထားပါတယ်။...

တိုက်တွန်းနှိုးဆော်ချက်

အဖွဲ့ (၇)ဖွဲ့ မှ ပူးတွဲကြေညာချက်ဖြစ်ပါတယ်။...

သာသနာဖျက်၊ အမျိုးဖျက်သမားတွေရဲ့ ရက်ရက်စက်စက် လုပ်ရပ်တွေပါ။

စီအန်အန်မှ ရိုက်ကူးမှတ်တမ်းတင်ထားတာပါ။ ဗွီဒီယိုမှတ်တမ်းကို ကြည့်ချင်ရင် ခေါင်းစဉ်စာသားကို နှီပ်လိုက်ပါ။ ပေါ်လာလိမယ့်မယ်ခင်ဗျာ။ သာသနာဖျက်၊ အမျိုးဖျက်သမားတွေရဲ့ ရက်ရက်စက်စက် လုပ်ရပ် တွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ ကြည့်ကြပါဦး။...

Tuesday, October 2, 2007

ကာတွန်းများ

အီးမေးလ်ထဲကို ၀င်လာတဲ့ ကာတွန်းပုံတွေကို ဒီမှာ ပြန်ထင်ထားပါတယ်။...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes