နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, August 31, 2007

ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည

တကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာပြည်သူအပေါင်းတို့ နိုးထပြီး ကြိုးကြိုးစားစား။ အားမာန်အပြည့်နဲ့ နအဖစစ်အစိုးရ အပြီးတိုင် ထွက်သွားစေဖို့ လွတ်လပ်တဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ခြေလှမ်းတွေနဲ့ စ လှမ်း ပါတော့ --- ဒါဟာ ကဗျာတပုဒ်မဟုတ်ပါ။ ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ညနှင့်အတူ တပိုင်းတပျက် ညလေး ထဲက လူငယ်တယောက်ရဲ့ အတွေးစ။ အတွေးခေါ်ရဲ့ ပျော်ဝင်မှု အပိုင်းအစလေးပါ။ ဒီပျော်ဝင်မှု အပိုင်းအစလေးဟာ “ရှစ်ဆယ့်ရှစ်နှင့် ဒီပဲယင်း” ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ညဆိုတဲ့ ညအမှောင်ထု နှင့်အတူ နိုးထလာတဲ့ လူငယ်တယောက်ရဲ့ စကား။ ပြည်သူလူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ။ ပြဿနာ။ ဒီလို အတိဒုက္ခရောက်နေရ တာကို ကြည့်ပြီး။ ကျနော့် ရင်ထဲမှာ ဖော်ပြနိုင်စွမ်းတဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ကျနော်လည်း ဒီလိုအဖြစ် စနစ်ကြီးထဲကို လှမ်းဝင်နေရသူ။ ရောက်နေရသူ လူသားတယောက်ပါပဲ။ ကျနော် ဒါတွေပြောလိုက် တော့ အံ့သြကြမှာ မဟုတ်ပါဘူး။ ပြည်သူလူထု အတော်များများ...

Thursday, August 30, 2007

အင်အား (သို့) လူထုအင်အား

မာန်လှိုင်းငယ်‘အင်အား’ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့။ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ဟာတွေကို စုစုစည်းစည်းရှိစွာနဲ့ လူအများကို ပုံသွင်းရိုက်ထားတဲ့ အရာကို ‘အင်အား’လို့ ပြောနိုင်ပါသလား ပြောနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စုစည်းခြင်းမရှိ။ စနစ်တကျနဲ့ ဖွဲ့စည်းခြင်းမရှိ။ စနစ်တကျနဲ့ လေ့ကျင့်ပေး ထားခြင်းမရှိတဲ့ အရာတွေဟာလည်း ဒုနဲ့ ဒယ်နဲ့ အများကြီးရှိနေပါတယ်။ ပမာအနေနဲ့ကတော့ ခံစားချက်ချင်း။ ရည်ရွယ်ချက်ချင်းတူတဲ့ လူအများ စုပေါင်းမိခဲ့ရာကနေ ပေါက်ဖွားလာတဲ့ ‘အင်အား’ပါ တမျိုးဆိုရသော် “လူထုအင်အား” ဖြစ်ပါတယ်။ဥပမာအနေနဲ့ ပြန်ကြည့်ကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၈၈၅ ခုနှစ်ကစပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကို တနိုင်ငံလုံးကျရောက်သွားတဲ့အချိန်မှာ ကျနော်တိုဏ္ဍ မြန်မာနိုင်ငံက မျိုးချစ်စိတ်ဓါတ် နိုးကြားတဲ့သူတွေ အနယ်နယ်အရပ်ရပ်ကနေ ထွက်ပေါ်လာပြီး တော်လှန်ရေးတွေ ဆင်နွှဲခဲ့ကြတာတွေ...

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ် ထုတ်ပြန်/တိုက်တွန်းနိုးဆော်ချက်

စာတွေမြင်ချင်ရင် ဓါတ်ပုံကို နှိမ့်လိုက်ပါ။ စာအားလုံးကို မြင်မြင်ထင်ထင် ဖတ်နိုင်ပါလိမ့်မယ်။...

Wednesday, August 29, 2007

တော်သလား၊ မတော်သလားဆိုတာ စဉ်းစားကြပေါ့

`ဆန္ဒပြတာဟာ သိပ်ဆင်းရဲနေလို့ကွ။ အရင်တုန်းကလေ လူတစ်ယောက် တစ်နေ့ကို ထမင်း ၂ ထပ် စားနိုင်တယ် မဟုတ်လား။ ဟင်းနဲ့နော် အခု ဟင်းနဲ့ မစားနိုင်ဘူး၊ ပြီးတော့ ၂ ထပ် မစားနိုင်ဘူး။ တစ်ထပ်တည်း စားနေရတယ်။ ဟင်းနဲ့ မစားဘဲနဲ့ ဘာနဲ့စားနေလဲဆိုတော့ ဆီနဲ့၊ ဆားနဲ့၊ ထမင်းနဲ့၊ အဲဒီ လို စားနေရတာ၊ သိပ်ဆင်းရဲနေကြတယ်။ အခုဟာက လုံးလုံး မလုပ်သင့်ဘူးဆိုတာပဲ။ ငတ်ပြတ်နေ တာနော်။ငတ်နေလို့ ကျနော်တို့ ငတ်နေပါတယ်။ ကျမတို့ ငတ်နေပါတယ်ဆိုတာကို ရိုက်နှက်နေလို့တော့ တော်သလား၊ မတော်သလားဆိုတာ စဉ်းစားကြပေါ့။ ကိုယ်ချင်းစာစိတ် လုံးလုံးမရှိရင်တော့လည်း မတတ်နိုင်ဘူး။´(လူထုဒေါ်အ...

Tuesday, August 28, 2007

မပြောင်းမလဲ ဒေါင်းပျိုဇွဲ

နုပျိုညွတ်ပြောင်းကညာလောင်းလိုဒေါင်းပျိုအသည်းဒေါင်းတို့ဇွဲကမပြောင်းမလဲ ထာဝရပေ။တခါ --- တခါလှောင်ချိုင့်ထဲမှာ ရှိနေရ။တခါ -- တခါလောကဓံလမ်း ခပ်ကြမ်းကြမ်းမှာ ---လျှောက်လျက်သာ --- ၊တခါ --- တခါဒေါင်းပျိုတို့ကားသောင်ပြင်စပ်နားေ၀၀ါးဝေးလွှင့် မချင့်မရဲရှိတတ်ဆဲ --- ။တခါ --- တခါသည်းသည်းထန်ခက်လှိုင်းပုတ်ချက်ကြောင့်ယွင်းပျက်စိတ်ဓါတ်အားအင်ပြတ်မျှ ရှိခဲ့ရသော်အံကိုတင်းခံ အမြင့်ပျံ --- ။ဒေါင်းတို့ဌာနေ မြန်မာမြေမှပြည်သူ့အင်အား ဒေါင်းပျိုအားပေဒေါင်းပျိုအသည်း ဒေါင်းတို့ဇွဲကအမှောင်ကိုဖောက်ရောက်နီတောက်ဆီ ---ပျံသန်းနေမြဲ ပျံသန်းဆဲ --- ။ ။မာန်လှိုင်းငယ်(16. 02. 2007)...

ကျနော်နဲ့ ကျနော့်အတွေး (2)

ပင်လယ်ကမ်းခြေရဲ့ဆည်းဆာတခုမှာခါးသီးမှုတွေဆုံးရှုံးမှုတွေဘ၀အမောတွေ --- အကြောင်းငါ ထိုင် စဉ်းစား နေတော့လှိုင်းတွေဟာ ငြိမ်သက်အတွေးကမ္ဘာထဲ ရောက်နေသူကို ငေးမော --- ။လှိုင်းဒဏ် လေဒဏ်ကြားကျောက်ဆောင်၊ ကမ်းပါးတွေကြိတ်မှိတ်ကာ တင်းခံ --- သလိုဘ၀အမောတွေ ကြားငါ့ ဘ၀ကိုရုန်းကန်လှုပ်ရှားရင်း ရင်ဆိုင် --- ။ဒီလိုနဲ့ --- ပင်လယ်ကမ်းခြေရဲ့ဆည်းဆားတခုကအမှောင် တရိပ်ရိပ် ဖြန့်ကျက်ရင်းမိုးကုတ်စက်ဝိုင်းကို လွှမ်းမိုးသွားစေပြီ --- ။ငါ့ ဘ၀ဟာ ---လေသယ်ရာရွက်လွင့် မျောပါနေတဲ့လှေကလေး --- သမျှတဖြည်းဖြည်း တလွင့်လွင့်ဝေး --- ဝေး ပျောက် ကွယ် သွားစေပြီလား --- ။ဒါပေမယ့် ---ဘ၀မှာ ---ရှုံးပွဲ အထွေထွေရှိသလိုနိုင်ပွဲ တလွင့်လွင့် ရှိခဲ့လေတော့ငါ့ ခရီးရှည်လည်း အဆုံးသတ်လို့ မရသေး --- ။ရင့်ကျက်မှုနဲ့အတွေ့အကြုံ ပြန်လည် ဖမ်းစားရင်းထပ်ခါ --- ထပ်ခါညနေ ဆည်းဆာ ဖြစ်လာတိုင်းမျှော်လင့်ခြင်းတွေ တဖွဲဖွဲနဲ့ ---ငါ ခရီးကို အထပ်ထပ် လျှောက် နေ ဆဲ --- ။ ။မာန်လှိုင်းငယ်2007...

မနက်ဖြန် ခရီး

ကာလတခုအချိုးအကွေ့မှာခေါက်ချိုးခြင်းခံရ (ပယ်ချ)လောကသစ်ရဲ့အတိတ်နိမိတ်မှာ ငိုချင်းထပ်ဒါပေမဲ့အမျိုးသားပြည်လည်သင့်မြတ်ရေးကို ရှေ့ရှုအကြမ်းမဖက်ရေးမူနဲ့အမှန်တရားကို တိုင်တည်မျိုးဆက်သစ်များနဲ့ ပြည်သူပေါင်းစည်းရေး၊ ညီညွတ်ရေးဟာ အခရာ။ကာလတခုအချိုးအကွေ့မှာခေါက်ချိုးခြင်းခံရ (ပယ်ချ)ဒါဟာ ---ရှုံးပွဲတော့ မဟုတ်အမှန်တရားရဲ့ လမ်းဟာတချိုးတကွေ့ကို ပေါက်မြောက်အောင်ပွဲကို လျှောက်လူမှုဒုက္ခ လွတ်မြောက်ဖို့ပေါင်းစည်းရေးကို ဖြည့်စွက်ပြီးခါးသီးမှုတွေ ဖယ်ရှားရင့်ကျက်မှုကို ကောက်ယူအမျိုးသားရင်ကြားစေ့ရေးကိုပြန်လည်တည်ဆောက်အကြမ်းမဖက်ရေးမူ ကိုင်စွဲကဲ ----အသင့်ပြင်အမျိုးသားပြန်လည်သင့်မြတ်ရေး ဆီမနက်ဖြန် ခရီး လျှောက် လှမ်းဖို့။ ။မာန်လှိုင်းငယ်2007 ခုနှစ်၊ ဇန်န၀ါရီလ (16)ရက်။...

သံလွင်မြစ်ရဲ့ ၀ဲဂယက်

သံလွင်တလျှောက်၊ စီးဆင်းခဲ့တဲ့မြစ်ရေသည်လည်း၊ ကမ်းပါးများကိုတိုက်စားခဲ့ကြ၊ ကမ်းပါးများလည်းမခိုင်ခဲ့ဘဲ၊ ပြိုကျအက်ကွဲမြစ်ရေထဲကို၊ မျောပါသွားခဲ့၏။သို့တပြီးကား၊ နိုင်ငံတော်လည်းစစ်အာဏာရှင်၊ လက်အောက်ကနေလွတ်မြောက်ဖို့ရန်၊ တော်လှန်ရေးထဲဝင်ရောက်တော်လှန်၊ တက်ကြွနိုးကြားညီညွှတ်ခြင်းအား၊ မာန်စွယ်တင်း၍၀ဲဂယက်လည်း၊ ပြင်းထန်ပွက်ပွက်ရင်ဆိုင်ဖြတ်ကျော်၊ လေဟုန်ကိုခွင်းကလောင်ပိုက်၍၊ လက်နက်စွဲကာစစ်မျက်နှာသို့၊ ထွက်ခဲ့ရလေသတည်း။မာန်လှိုင်းငယ်...

လောဘရဲ့ နေ၀င်ချိန်

လောဘကို စောင်ခြုံဆင်သေကို ဆိတ်သားရေနဲ့ဖုံးကာ အုပ်ကာသလိုလုံခြုံအောင် ဖုံးအုပ်။ရက်စက်မှု သရဖူဆောင်းတဲ့ဒီအတ္တ လောဘသားရဲ့မီးကုန် ရမ်းကုန် ကျူးလွန်မှုတွေမ -- မ ဟုတ် ပါဘူး ---မ -- မ လုပ် ပါဘူး ---ထစ် ထစ် ငေါ့ ငေါ့တဘူးထဲသာ ဘူးနေထောင်ပေါင်းမက ဘူး ----လိမ်ညာမှုအပေါင်းတို့နဲ့မ၀င်မဆန့် ပိတ်ဆို့ ထိုးနှက်။ကျန်စစ်သား ---ဘုရင့်နောင် ---အလောင်းဘုရား စစ်ဗျူဟာ ---ဗျူဟာများစွာနဲ့ကြံ့ဖွတ် ---စစ်မှုထမ်းဟောင်း ---စွမ်းအားရှင် ---မီးသတ် --- အဖွဲ့များကိုမယောင်းလုံးလုံးနယ်လိုရာ ပုံသွင်း ထွင်းကာနေ။ဒီနည်းဗျူဟာတွေနဲ့အပြစ်မဲ့ ပြည်သူများကိုခြိမ်းခြောက်၊ အကြပ်ကိုင်နိုင်ငံရေးလုပ်သူ ----နိုင်ငံရေးသမားများကိုတော့ဆန့်ကျင်သူ သောင်းကျန်းသ်ူတဲ့ပြည်ပအားကိုး ပုဆိန်ရိုးတဲ့ယိုးမယ်ဖွဲ့ စွပ်စွဲ။သမာဓိဆိုတာ မရှိသစ္စာတရားဆိုတာ ဘမှမသိတဲ့လောဘ ---မောဟတွေ ပေါင်းစည်းရာ ဘုံမှာမရှက်တတ်တဲ့ မျက်နှာထုမကွဲတဲ့ မျက်နှာချိုးနဲ့ခြေမခိုင် ယိုင်နဲ့နဲ့စင်မြင့်ပေါ်မှာဗရမ်းကာရော...

ကျနော်နဲ့ ကျနော့်အတွေး

ခရောင်းလမ်းကို လျှောက်ဒုက္ခကို ခံစည်းရင်းလွမ်းဆွတ်တဲ့ သီချင်းနဲ့ဘ၀ကို ရုန်းကန်ခဲ့သေးတာဒီလမ်းကိုလေရူးတွေနဲ့ငါလျှောက်မယ့် လမ်းမှာငါ့ကိုယ်ငါ အသုံးချ ---ခရောင်းလမ်းတခုမှာ။ပန်းခင်းလမ်းကို ရောက်သုခကို စံမြန်းရင်းတက်ကြွတဲ့ ခြေလှမ်းနဲ့ဘ၀အနာဂတ်ဆီအရုဏ်ကျင်း နေခြည်နဲ့ဘ၀မှာ ပျော်ဖူးခဲ့သေးတာဒီလမ်းကိုနေ့တနေ့ မနက်ခင်းမှာလန်းဆန်းမှုနဲ့ငါရွေးမယ့် လမ်းမှာငါ့ကိုယ်ငါ အသုံးချ ---ပန်းခင်းလမ်းတခုမှာ။ခရောင်းလမ်းကိုဘယ်သူလျှောက်သလဲ ---ပန်းခင်းလမ်းကို ဘယ်သူ ရောက်သလဲ ---ခရောင်းနဲ့ ပန်းခင်းမှာဘယ်သူ --- လျှောက် --- လျှောက်ဘယ်သူ --- ရောက် --- ရောက်ငါ့ကိုယ်ငါတော့ဒီလမ်းကိုအသုံးချမြဲပါ။ ။မာန်လှိုင်းငယ်...

အိပ်မက်

သားရေ ---ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့စစ်အာဏာရှင်တွေဟာကိုယ့်နိုင်ငံသားအချင်းချင်းရက်ရက်စက်စက်သတ်ဖြတ်အဓမ္မပေါ်တာဆွဲပြီးသူတို့ရဲ့အတ္တဟိတအတွက်နဲ့ဝိသမလောဘတွေ လွှမ်းမိုးခဲ့။တော်လှန်ရေးထဲကနေပြီးသူတို့တွေကိုဆန့်ကျင်တိုက်ပွဲဝင်ပါလို့အမေ့ရဲ့စကားသံဟာကျနော့်ရဲ့အိပ်မက်ထဲမှာ ကြားရောင်ခဲ့။မာန်လှိုင်း...

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည၀မ်းတွင်းက မီးငါးစိမ်းသည်တို့ရဲ့ ဒေါသသားကောင်မမိတဲ့ ကျားလိုဒေါသူပုန် ထမဲ့ ည။ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ညအကယ်၍ဒါတွေ မှောင်အတိကျဒါတွေ သုံးမရ မှန်ကွဲတွေဖြိုခွင်း လှဲကျင်း ပစ်သလိုတဏှာ၊ ငွေ၊ အာဏာတို့မှာဖျောက်ဖျက်ပစ်လို့ ရမှာလားဝိသမလောဘသားတွေကျူပင်ခုတ်၊ ကျူငုတ်မကျန်သက်ဆုံးတိုင် ဖြိုခွင်းကြ။ကြွေမွသားတဲ့ မှန်ကွဲတွေရဲ့ ညမှန်ကွဲ မှန်စဖျောက်ဖျက်ပစ်နိုင်ပေမဲ့ဒုက္ခရောက်သူအိုးမဲ့အိမ်မဲ့သူသေကြေရသူနိုင်ငံမဲ့ဖြစ်ရသူတို့ကို ပျော်မွှေ့ကြည်နူးနေရရှာမဲ့ကြွေသွားတဲ့ မှန်ကွဲတွေရဲ့ ည။ ။မာန်လှိုင်း...

သွေးစွန်းခဲ့တဲ့ နေ့များ

မတ်လ တော်လှန်ရေးတဲ့ ---ကြက်သီး တဖျင်းဖျင်း ထကိုယ်တိုင် မကြုံဖူး တော့ကြားဖူးတာတွေ မှတ်သားဖတ်ဖူးတာကို တွေးတောစေခဲ့တဲ့မတ်လ တော်လှန်ရေးဟာတရေးရေး တနွေးနွေးနဲ့အိပ်ယာဝင် ပုံပြင်အဖြစ်ကို မရောက်စေချင်။မတ်လ တော်လှန်ရေးတဲ့ ---ကျနော်သိတဲ့ တပေါင်းလမှာပန်းပေါင်းစုံ ပွင့်လန်းဝေဆာအရောင်စုံ အသွေးစုံ အလွှာစုံနဲ့ရှုမ၀ ကြည့်မ၀ တပေါင်းနွေအလှအထူးတကာ့ အထူးကလက်ပံပွင့်တွေ တရဲရဲနဲ့မတ်လရဲ့ အနီဆုံးနေ့ရက်များ။မတ်လ တော်လှန်ရေးတဲ့ ---ကိုဖုန်းမော် အရေးအခင်းကြည်ဖြူတပွင့်ကိုအနီတွေ ထုံးလွှမ်းစေခဲ့တာမတ်လ (13) မှာ။မတ်လ တော်လှန်ရေးတဲ့ ---သွေးစွန်း နေ့ရက်များကိုတွေးရင်း တွေးရင်းရင်ထဲ ---လွမ်းမောဖွယ်ရာ အောက်မေ့လာသွေးစွန်းခဲ့တဲ့ နေ့ရက်များဘ၀နိဂုံးချုပ်စေဖို့သော် ---မတ်လ တော်လှန်ရေးဟာတရေးရေး တနွေးနွေးနဲ့အိပ်ယာဝင် ပုံပြင်အဖြစ်ကို မရောက်စေချင်။ ။မာန်လှိုင်းငယ်2007 ခုနှစ်၊ မတ်လ (7)ရက်။ကျနော် မတ်လ (13)ရက်နေ့အတွက် ရေးဖွဲ့ထားတဲ့ ကဗျာပါ။ အခု...

စကား

ကျနော် စာအသစ်၊ ကဗျာအသစ်တွေကိုတော့ မရေးနိုင်သေးပါဘူး။ ရှိတာလေးတွေ အရင်တင်ထား တာပါ။ ကျနော် အသစ်အသစ်တွေ ရေးနိုင်အောာင် ကြိုးစားသွားမှာပါ။ နောက်ပိုင်းမှာ အကောင်းဆုံး ဖြစ်အောင် ကျနော် တင်ပေးမှာပါ။ မိတ်ဆွေများအားလုံး နားလည်ပေးနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဆက်လက်တင်ပေးမယ့် အသစ်တွေ များများ update ဖြစ်အောင် ကြိုးစားယူနေတုန်းပါပဲဗျာ။မာန်လှိုင်းငယ်...

Sunday, August 26, 2007

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာများ ချီတက်ဆန္ဒပြ

ဒီဗွီဘီ ၂၆ သြဂုတ် ၂၀၀၇ လောင်စာဆီဈေး တက်လိုက်လို့ အကြပ်အတည်းကြုံနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးအရေးယူတဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီနေ့ နံနက် ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ အန်စီဂျီယူဘီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့တွေက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ချီတက်ဆန္ဒပြသူများက `ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး´ `ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တို့အရေး´ `စစ်အာဏာရှင်အစိုးရ အလိုမရှိ´ လို့ကြွေးကြော်ပြီး စစ်အစိုးရရဲ့ သံရုံးရှေ့မှာ နာရီဝက်ကျော် ဆန္ဒပြခဲ့ကြပါတယ်။ လောင်စာဆီဈေးတက်တာကို မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက နှိမ်နင်းအရေးယူတာကြောင့် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီကို...

ကိုဌေးကြွယ်ကို အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်

2007 ခုနှစ်၊ သြဂုတ်လ (25)ရက်။အာအက်ဖ်အေ။ ။ သောတရှင်များ အခုဆက်လက်နားဆင်ရမှာကတော့ စစ်အစိုးရက ဖမ်းမမိ လိုက်ဘဲ တိမ်းရှောင်နေတဲ့ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုယ်ဌေးကြွယ်နဲ့ ဆက်သွယ်မေး မြန်းခန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ညသန်းခေါင်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ အပါအ၀င် ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင် ၁၃ ဦး အဖမ်းခံလိုက်ရပါတယ်။ ကို ဌေးကြွယ်ဟာ မူလက တိမ်းရှောင်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် နောက်ပိုင်းလှုပ်ရှားမှုတွေကို ဦးဆောင် ထိန်းသိမ်းပေး သွားဖို့ ထင်ရှာသူတဦးလိုအပ်တယ်ဆိုပြီ သူ့ရဲဘော်ကျောင်းသားခေါင်းဆောင်တွေက လာရောက်ဇွတ် အတင်းခေါ်သွားတဲ့အတွက် အဖမ်းမခံရပဲ လက်မတင်လေးလွတ်သွားတာဖြစ်ပါတယ်။ အခုချိန်မှာ ကိုဌေးကြွယ်ကို အစိုးရက ဖမ်းဝရမ်းထုတ်ထားပြီး ရပ်ကွက်တွေမှာ ကိုဌေးကြွယ်ရဲ့ ဓါတ်ပုံတွေကို လိုက်လံကပ်ထားတယ်လို့ သိရပါတယ်။ ကိုယ်ဌေးကြွယ်ဟာ...

Saturday, August 25, 2007

ကိုဖုန်းမော်

အိပ်မက်ထဲမှာ ---ဆည်းဆာအလှနဲ့ကမ်းခြေ တနေရာမှာထိုင်ကာ စဉ်းစားနေတဲ့ ကိုဖုန်းမော်မတ်လ အစောပိုင်းရက်များနဲ့အတူ ---အဝေးတနေရာကကြည့်နေရှာတဲ့ ကိုဖုန်းမော်ဒီကာလ၊ ဒီအနေအထားမျိုးမှာပေါ့ --- ။(ကိုဖုန်းမော်ကို အောက်မေ့တမ်းတခြင်း၊ သတိရခြင်းတွေနဲ့ ကဗျာအဖြစ်ဖွဲ့ဆိုလိုက်တာပါ။ ရေးဖွဲ့ထား တာကတော့ မတ်လ 13 ရက်နေ့တုန်းကပါ။ အဲဒီနေ့မှာ အမှတ်တရလေးဖြစ်အောင်လို့ ဒီကဗျာလေးနဲ့ ကိုဖုန်းမော်ကို သတိရမှုများစွာနဲ့ ရေးလိုက်ခြင်းပါ။)မာန်လှိုင်းငယ်2007 ခုနှစ်၊ မတ်လ (...

ရေကြည်တစက်

ပူပြင်းတဲ့ နေနဲ့ ရွာခဲတဲ့ မိုးကြောင့်တိမ်တောင် မငိုတော့ --- သလိုမြေ --- မစိုဘူးပေါ့။ငတ်မွတ်တဲ့ ရေကြည်တစက်ဆာလောင်မှုတောမှာဒေါသူပုန်ထတော့ဘယ်လက်မောင်းက သွေးတစက်နဲ့တော့အာသာပြေဖို့ဖြေသာလိမ့်မယ် မထင်ခဲ့မိဘူး။ရေကြည်တစက်မျှော်လင့်ချက်နဲ့ နေရပေမယ့်အဆုံးမှာ ---ရော်ရွက်တွေကြွေသွားသလိုချောက်ချားတဲ့ အတိတ်အိပ်မက်နဲ့အဆုံးသတ်ရတော့မှာလား။အရုဏ်ကျင်းလာမယ့် တနေ့မှာငတ်မွတ်နေတဲ့ ရေကြည်တစက်အတွက်တိမ်တွေငိုလို့မြေစိုဖို့ရာရွာလိုက်ပါ မိုး။ရေကြည်တစက်အတွက် --- မာန်လှိုင်းငယ်28. 10. 2...

Friday, August 24, 2007

သာသနာ့တက္ကသိုလ်တွင် ဖြစ်ပေါ်နေသော အခြေအနေ

ယခု သာသနာ့တက္ကသိုလ်ထဲမှာ - ညွှန်ချုပ်မျိုးမြင့်နဲ့ အုပ်ချုပ်ရေး နာယကအဖွဲ့ဝင်များတွေ့ ဆုံမေးမြန်းနေကြ၊ အုပ်ချုပ်ရေးနာယကအဖွဲ့နဲ့ သာထွန်းပြန့်အဖွဲ့တို့ရှေ့ကို ညှိနိုင်းလုပ်ဆောင် ကြဖို့ ဆွေးနွေးနေ၊ အရင်တုန်းကဆိုရင် (သ.ထ.ပ)အဖွဲ့ကလဲ သူတို့လုပ်ချင်ရာလုပ်သွားတယ်။ သံဃာ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဘာမှအသိမပေးခဲ့ဘူး။ န.ပသ ညွှန်ချုပ်ဦးသန်းဝင်းက စာသင်သားထဲက နိုင်ငံရေးလုပ်တဲ့ သံဃာများကို ဖော်ထုတ်သွားမယ်လို့ ပြောထားတယ်။ နောက်ပြီး အာရုဏ်ဆွမ်းမှာလဲ သံဃာ (400)အတွက် ဆွမ်း လုံလုံလောက်လောက်မရှိတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခွင့် လုံးဝမပေးဘူး။ ပညာရေးစနစ်ပြောင်းလဲဘို့ရန်အတွက် မနှစ်ကထဲက စာသင်သားသံဃာများအား မကြေနပ်မှုများ တအုံနွေးနွေးရှိလာကြတယ်။ ယခုနှစ် ပညာရေးစနစ်ပြောင်းလဲလိုက်တဲ့အခါ မှာလဲ သင်ကြားမှုပုံစံတွေက စနစ်တကျမရှိ၊ စာအုပ်စာတမ်းသင်ရိုးညွှန်းတမ်းမရှိ ဖြစ်သလို သင်နေခဲ့ရတယ်။ စာသင်နှစ်ကုန်ခါနီးမှ စာအုပ်အချို့ထွက်ခဲ့တယ်။စာသင်တဲ့ဆရာတွေကို...

မခင်ဥမ္မာနဲ့ မမိဆူးပွင့်တို့၏ အင်တာဗျူး

မခင်ဥမ္မာနဲ့ မမိဆူးပွင့်တို့ကို မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ 1988 ခုနှစ် အခြေအနေတချို့ နှိုင်းယှဉ် သုံးသပ်ပေးတာနဲ့ ပတ်သက်ပြီး အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်။2007 ခုနှစ်၊ သြဂုတ်လ (23)ရက်။အာအက်ဖ်အေ။ ။ သောတရှင်များရှင်။ သြဂုတ်လ (22)ရက်၊ မနေ့က လူထောင်နဲ့ချီအင်အားရှိ တဲ့ ဆန္ဒပြပွဲဟာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေအတွက် စိတ်ဝင်စားစရာလိုဖြစ်နေပါတယ်။ ဒီသြဂုတ်လ (22)ရက်နေ့ ဆန္ဒပြပွဲမဖြစ်ပေါ်အောင် ဟန့်တားတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ကို သြဂုတ်လ (21)ရက်နေ့ ညသန်းခေါင်ဝန်းကျင်မှာ ၀င်ရောက်ဖမ်းဆီးသွားခဲ့တာလို့ ခန့်မှန်းပြောဆို နေတာတွေလည်း ရှိပါရှင်။ ဒီလိုကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပေမယ့် သြဂုတ်လ (22)ရက်နေ့ ဆန္ဒပြပွဲကိုတော့ လူထောင်နဲ့ချီ ပါဝင်ခဲ့ကြတာပါ၊ ကျောင်းသားခေါင်းဆောင်တွေ မရှိတော့တဲ့ အချိန် ဒီဆန္ဒပြပွဲကို ဦးဆောင်လာတဲ့သူတွေကတော့ အမျိုးသမီးတွေ ဖြစ်နေတာ တွေ့ရပါ တယ်ရှင်။ မသင်းသင်းခေါ်...

Wednesday, August 22, 2007

ကမ္ဘာကြီးရဲ့ တနေရာမှာ

စာကို မြင်ချင်ရင် ဓါတ်ပုံကို နှိပ်လိုက်ပါ။ စာကိုဖတ်နိုင်မှာပါ။ငယ်ဆူးအိမ်ကမ္ဘကြီးရဲ့ တနေရာမှာ ကျနော်တို့ ဘယ်လိုရှိနေမလဲဆိုတာ ဒီကဗျာလေးနဲ့ ခံစားတိုက်ဆိုက်တဲ့ လူတွေအတါက်ဆိုရင် နှစ်သက်မယ်လို့ ကျနော်ထင်ပါတယ်။ ငယ်ဆူးအိမ်ကို ဘလော့ဂ်မိတ်ဆွေများ စာရေးချင်တယ်ဆိုရင် ဆက်သွယ်လို့ရအောင် ကျနော် ထည့်သွင်းပေးထားပါတယ်။ ehmoonnge@gmail.com ကို လိပ်မူပြီး ဆက်သွယ်ရေးသားနိုင်ပါတယ်ဗ...

မင်းကြောင့်ပါလို့

စာကို မြင်ချင်ရင် ဓါတ်ပုံကို နှိပ်လိုက်ပါ။ စာကိုဖတ်နိုင်မှာပါ။ ငယ်ဆူးအိမ်မိတ်ဆွေများကို ကျနော် အချစ်နဲ့ပတ်သက်တဲ့ ခံစားချက် ကဗျာတွေကိုလည်း တင်ပေးသွားပါမယ်။ ဘလော့ဂ်မိတ်ဆွေတွေအားလုံး ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ ခံစားမိတာလေးတွေရှိတာနဲ့ မိတ်ဆွေတယောက်က ကျနော့်ဆီကို ပို့ပေးလိုက်တဲ့ ကဗျာလေးတွေကို ကြိုက်တာကြောင့် အခုလို တင်ပေးလိုက်တာပါ။ ကျနော့်ဆီပို့ပေးတဲ့ ကဗျာဆရာ ငယ်ဆူးအိမ်ကို ကျနော် ကျေးဇူးပင်ပါတယ်ဗ...

Tuesday, August 21, 2007

ကိုမင်းကိုနိုင်ကို ဘီဘီစီမှ ဆက်သွယ်မေးမြန်းချက်

2007 ခုနှစ်၊ သြဂုတ်လ (19)ရက်။ ညပိုင်းဘီဘီစီ။ ။ အခုလို 88 မျိုးဆက်ကျောင်းသားတွေ လမ်းပေါ်ထွက်လာကြတော့ သူတို့ရဲ့ ရည်မှန်း ချက်က ဘယ်အထိ ဆက်သွားမှာပါလဲ။ ကျနော် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ---ကိုမင်းကိုနိုင်။ ။ ကျနော်တို့က ပြည်သူတွေရဲ့ ဘ၀ဟာ ဘယ်အခြေအနေကို ရောက်သွားတယ်ဆိုတာ ကို လက်တွေ့ထင်ဟပြလိုက်တာပဲ။ ပြည်သူတွေဟာ နောက်ဆိုလို့ရှိရင် ရတဲ့ဝင်ငွေနဲ့ အဲဒီ မော်တော်ယာဉ်စီးဖို့နဲ့ မလုံလောက်တော့တဲ့အတွက်ကြောင့် ဟောဒီလို လမ်းမတွေပေါ်ရောက်လာလိမ့် မယ်ဆိုတာကို အမြည်းသဘောနဲ့ ကျနော်တို့ ပေးလိုက်တာပဲ၊ ဒါနမူနာပဲရှိပါသေးတယ်။ဘီဘီစီ။ ။ ဆိုတော့ ကိုမင်းကိုနိုင်ဆိုလိုတာက ခုနက ဒီလောင်စာဆီဈေးတွေ ပြန်ကျတဲ့အထိ ကိုမင်းကိုနိုင်တို့ တောင်းဆိုဆန္ဒပြသွားမှာလားခင်ဗျ။ကိုမင်းကိုနိုင်။ ။ ပြည်သူလူထုရဲ့ အခက်အခဲကို တကယ်ဖြေရှင်းချင်တဲ့ ဆန္ဒ သူတို့မှာ ရှိသလား၊...

(၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း။

စစ်အစိုးရက မြန်မာနိုင်ငံရှိ စီးပွားရေး အကျပ်အတည်းများကို ပြင်ဆင်ပေးရန်အတွက် (၈၈) မျိုးဆက်ကျောင်းသားများအနေဖြင့် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများက ပြောကြားသည်။ (၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်...

ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ ကျနော် အားလုံးဖတ်လို့ရအောင် တင်ထားပေးပါတယ်။ ကျနော် မူရင်းနဲ့ပဲ တင်ထားပေးပါတယ်။...

Monday, August 20, 2007

တနေ့မှာ

တနေ့မှာတစက်စက်နဲ့ဘ၀သွေးတွေအပျက်ပျက်နဲ့ အသက်သွေးတွေ ထွက်ဘယ်သူ့ကြောင့်လဲ။တစစနဲ့ ယိုင်ဘ၀တွေလည်း ငိုင်ဆင်းရဲခြင်းနဲ့ ငိုချင်းထပ်မိန်းမငယ်တေါ ဘ၀ပျက်ဘယ်သူ့ကြောင့်လဲ။နာရီတွေ တရွေ့ရွေ့နှစ်လတွေ ပြည့်ကြပ်ရာသီက တလွင့်လွင့်တမြေ့မြေ့ ကုန်ဆုံးလာဘယ်သူ့ကြောင့်လဲ။တနေ့မှာ ---မျှော်လင့်ခြင်း အိပ်မက်ပြင်းထန်ခြင်းဆန္ဒ ကွဲအက်ယုံကြည်မှုများစွာတနေ့မှာ ------ --- ---ဆိုတဲ့အရာတွေ သာလင်းလက် လာ။ ။မာန်လှိုင်းငယ်9း27 နာရီ(27. 10. 20...

လှိုင်းထန်တာ မုန်တိုင်းကြောင့်

လှိုင်းထန်တာ မုန်တိုင်းကြောင့်ငြိမ်သက်နေတဲ့ ပင်လယ်ကိုမုန်တိုင်းဆိုးက ၀င်ရောက်ဖျက်ဆီးခဲ့တယ်။မျိုးဆက်ရဲ့သားကောင်တွေပါပဲငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ၊ သွားလာနေထိုင်နေတဲ့ လူတွေကိုအဖိနှိပ်ခံဆိုတဲ့ စတစ်ကာကပ်သွေးချောင်းစီးအောင် ရက်စက်ခဲ့ပြန်တယ်။ သဘာဝတ္တဓမ္မပါဘဲဖိရင် ကြွမယ်နှိပ်ရင် ချမယ်သူပုန်သူကန်ဆိုတာ “အာခံရဲသူ” တွေဖြစ်တယ်။ထောင်ထားခြားနားကြဟေ့ -ဆင်းရဲဒုက္ခသားရဲတိရိစ္ဆာန်လောကဓံမကြောက်တရားတွေ ရင်မှာဖြည့်အားအင်အပြည့်။ဟေ့ဒီမှာ ----ပြင်းထန်တော်လှန်ပင်လင်လှိုင်းလုံးကြီးတွေကမ်းခြေကို တိုက်စားဖို့ဖြစ်တယ်။မာန်လှိုင်းငယ်ကျနော် ကဗျာစရေးသား၊ ရေးဖွဲ့၊ ဟိုခြစ်၊ ဒီခြစ်၊ လုပ်ခဲ့တဲ့အချိန်တုန်းက ဒီကဗျာကို ရေးဖွဲ့ထားတာပါ။ တော်တော်တော့ ကြာနေပါပြီး။...

Loving

Loving !!! The Foolish Succumb To Passion & Love , So, And are Often in Grief . ! The Clever Try To Be Free From Love , But Struggle With Self-Love . ! ဒီကဗျာကို ကျနော် နှစ်သက်လို့ပါ။ ဒါလေးကိုလည်း တင်ပေးလိုက်ပါတယ်။ စာရေးဆရာနာမည်ကို တော့ မေ့နေလို့ မသိတော့ဘူး။ ဒါကြောင့် ကျနော် ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။...

Friday, August 17, 2007

မပြင်ဆင်ထားတဲ့ အစီအစဉ်တခု

အမည်မသိအသည်းနင့်အောင် ချစ်ခဲ့ပေမဲ့ထားခဲ့သူက လှည့်မကြည့်ပြီမို့အလွမ်းများက ရင်ထဲမှာပြည့်နှက်ကာ အုပ်စိုး။မယုံကြည်ခဲ့ဘူး မထင်ခဲ့ဘူးတကယ်ဝေးပြီး ဆွေးရမယ်လို့။အတွေးတွေတိုင်းမှာ မင်းကနေရာယူထားလေတော့အလွမ်းအဆွေးတွေထဲက လွတ်မြောက်လမ်းကိုလည်း မမြင်တော့ဘူးပေါ့။ခံစားရလွန်းလို့ ပဲ့ကြွေနေတဲ့အသဲကိုပြန်ကုစားပေးခဲ့ပါချစ်သူရယ်။မင်းကိုမချစ်တော့ဘူးလို့ စာတကြောင်းတည်းနဲ့ အဆုံးသတ်sorry အထပ်ထပ်သုံးခဲ့တဲ့ ချစ်သူရယ်အတိတ်ကာလက အရမ်းအရမ်းကို ချစ်ပါတယ်လို့ ပြောခဲ့တာမင်းဘဲမဟုတ်လား။အဲဒီစကားလုံးတွေကို ၃ ရက်ဆိုတဲ့ အချိန်ကဆုံးဖြတ်မင်းက ဒီဇာတ်လမ်းကို အဆုံးသတ်ခဲ့တယ်နော်။နားလည်ပေးလို့ရအောင် ခိုင်လုံတဲ့အကြောင်းပြချက်လေးတော့ ပေးခဲ့ပါ။ရင်ထဲကခံစားချက်တွေကို ပြောပြခွင့်မရှိတော့တဲ့ ဘ၀မှာ (အနေအထားမှာ)မင်းဓါတ်ပုံလေးကို ကြည့်၊ အနမ်းလေးပေးပြီးတော့တိုးတိုးလေးဘဲ ပြောနေတော့မယ်မင်းကို အရမ်းချစ်တယ်ကွယ်။ဒီကဗျာကို သူငယ်ချင်းတယောက်က ကျနော့်ဆီကို...

နအဖစစ်အာဏာရှင်ကြီးမှာ

နအဖစစ်အာဏာရှင်ကြီးမှာ ပုဂံရာဇ၀င်ကလို “မင်းကြီးကျန်စစ်သားလို” နာမည်မရှိမှာ ကြောက်လို့ နာမည်တခုလောက်မှည့်ပေးလိုက်ပါတယ်ခင်ဗျာ။နအဖစစ်အာဏာရှင်ကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အရှက်မရှိဘုရင်ခေတ်သို့ ပြောင်းပြီး အစက ပျဉ်းမနားလို့ရှိတဲ့ နာမည်ကို နေပြည်တော်လို့ ပြောင်းပြီး သူများတည်ထားတဲ့မြို့ကို သွားရောက်ပြောင်းပြီး နေထိုင်ကြသတဲ့ကွယ်။ ကျနော်ကတော့ စစ်ဗိုလ်ချုပ်ကြီးသန်းရွှေကြီးကို အောဟုတ်ပါဘူး။ ခဏနေအရှင်မင်းကြီးမခေါ်လို့ အမျက်တော်ထွက်နေပါဦးမယ်။ ဟုတ်ပါပြီး အရှင်မင်းကြီးသန်းရွှေဆိုတော့ အရှင်မင်းကြီးလို့ခေါ်ရာမှာ သန်းရွှေဆိုတဲ့ နာမည်နဲ့မလိုက် ဘူးဗျ။ ဒါဆို အရှင်မင်းကြီးကို နာမည်တခုရှာပေးရမှာပေါ့။ ဒါဆိုရင် ဟိုပုဂံရာဇ၀င်ကြီးကို ပြန်သွားရ အောင်နော်။ ပုဂံရာဇ၀င်မှာဆိုရင်တော့ ကျန်စစ်သားမင်းကြီးဟာ နာမည်ကြီးပေါ့။ ဗိုလ်ချုပ်ကြီးကို လည်း ကျန်စစ်သားမင်းကြီးလို နာမည်ပေးရမှာပေါ့။ အင်းဟုတ်ပါပြီ။ ကျနော်ပဲ...

Thursday, August 16, 2007

နိုင်ငံမဲ့တွေ ဖြစ်ရခြင်း

ဘ၀ဟာဖန်ခွက်တလုံးလိုပဲရေထည့်တော့ပြည့်တဲ့အခါ ပြည့်လျှံတဲ့အခါ လျှံရေမထည့်တော့လည်းခြောက်သွေ့တဲ့အခါ ခြောက်သွေ့ပြောင်သလင်းကို ခါနေတော့တာပဲ။ကျုပ်တို့ နိုင်ငံကြီးဟာ..ဒီလိုမဟုတ်သဘာဝသဃံဇာတပေါကြွယ်ဝတဲ့နိုင်ငံများထဲက.. နိုင်ငံတနိုင်ငံသို့သော်ဤပြည်ဖွား ခွေးသရမ်းကြီးတွေကြိုးပြတ်သွားတဲ့ နွားသိုးလိုထင်ရာ စိုင်း၊ မြင်ရာ ပိုင်းနေတော့ဤပြည်ကြီးကဘယ်ခံနိုင်ပါတော့မလဲ။ပြည်ကြီးသာ မဟုတ်ပြည်ကြီးသားတတွေနွားသိုးတို့ရဲ့ချို၊ လက်၊ ခြေတွေနဲ့သရမ်းနေလေတော့ဆိုးသထက် ဆိုးတဲ့ဒုက္ခပင်လယ်ထဲကမ်းတင်ရေမျော ဗေဒါဆိုက်နေရပြီ။အဆုံးမှာ ---တွေးလိုက်တိုင်းဖျက်ခနဲ --- ဖျက်ခနဲတပိုင်းတစ ပုံရိပ်လွှာတွေကဟို ပြေး၊ ဒီ ရောက်နှစ်ကာလရှည်ကြာပြည်လည်း မရောက်အဆုံးကျတော့ဖြစ်လိုက်ကြတာ နိုင်ငံမဲ့ပဲ။မာန်လှိုင်းငယ်၂၀၀၇ ခုနှစ်၊ ...

မှောင်ကြီးမည်းကြီး အလင်းရှာသူ

မှောင်ကြီးမည်းကြီး အလင်းရှာသူမှောင်ကြီးမည်းကြီး အလင်းရှာသူဘ၀ရဲ့ခရီးအဆုံးက ကမ်းမမြင် လမ်းမမြင်လောကဓံမုန်တိုင်းရဲ့ ရေဆန် လေဆန်ထဲမရဲတရဲနဲ့ လှော်ခတ်ဆန်တက် လာလိုက်တာ --- ။မှောင်ကြီးမည်းကြီး အလင်းရှာသူဇာတိလှေကို မျက်ရည်မြစ်ထဲ ကြိုးဖြည်လွှတ်ချနယ်ပယ်သစ်ဆီ စွန့်ထွက်ခဲ့သူပလူတွေ ဗျိုင်းတွေ ပျံသလိုဦးတည်ရာမဲ့ ခိုကိုးရာမဲ့ ပျံသန်းနေပုံများစိတ်ကိုလောင်မြိုက်စေဖို့ ဖြစ်နေပါပေါ့လား။မှောင်ကြီးမည်းကြီး အလင်းရှာသူရိုးသားတာ အပြစ်ကင်းစင်တာက လွဲလို့ဘာဆိုဘာမှ မပိုင်ဆိုင်ကြသူများအလင်းကို ရှာ၏၊ အလင်းကား မတွေ့တနေ့ပြီး တနေ့နေ့ပေါင်းများစွာ။မှောင်ကြီးမည်းကြီး အလင်းရှာသူဘ၀ကို ကြက်ပူတိုက်သလို တိုက်ရင်းရောင်ကိုင်းလာတဲ့ နိစ္စဒူဝ ညတွေထဲသိုးတကောင်လို လည်စင်းခံနေရသောကဝေဒနာတွေသာ တောင်စဉ်တောင်တန်းဖြစ်ခဲ့။အလင်းရှာသူများရဲ့“We need justice.We want to go home.” ဆိုတဲ့ စကားမှောင်ကြီးမည်းကြီးဟောဒီ တောကြီးမျက်မည်းထဲမှာမုန်တိုင်းဘောင်ဘင်ထအောင်...

နှလုံးသား နံရံမှာ

နှလုံးသား နံရံမှာ လက်နဲ့ မရေး အသက်နဲ့ ရေးတယ် --- ဆေးနဲ့ မခြယ် သွေးနဲ့ ခြယ်တယ် --- ဘယ်တော့အခါမှ မပြောင်း မလဲ ထာဝရသစ်လွင် ပြုံးမပျက်၊ နှလုံးလှတဲ့ မေမေစု ပါတကား။ အချစ်နဲ့ ကွေကွင်း တမိသားစုနဲ့ ဝေးကွာ တကိုယ်တည်း အထီးကျန်စံ သူ --- မေမေစုဟာ အတ္တကင်းစင်၊ အေးမြအပြုံး ငြိမ်းချမ်းရေးနဲ့သာ မြန်မာ ကျော်ကြား ကမ္ဘာ ကျော်လွှားသည်က မေမေစုပင်။ သတ္တိသွေးနဲ့ ရဲရဲတောက်တဲ့ ငြိမ်းချမ်းရေး သူရဲကောင်း မေမေစုသည် မြန်ပြည်ကြီးရဲ့ အလှပန်းချီကားကို --- လက်နဲ့ မရေး အသက်နဲ့ ရေးတယ် --- ဆေးနဲ့ မခြယ် သွေးနဲ့ ခြယ်တယ် --- မေမေစုရဲ့ အကြင်နာတရား မြန်မာပြည်တလွှား --- ကမ္ဘာလွှမ်းတော့ --- ကျနော်တို့ရဲ့ နှလုံးသား နံရံမှာ --- ။ ။ မာန်လှိုင်းငယ် 2007 ခုနှစ်၊ ဇွန်လ (9)ရ...

မွေးနေ့လက်ဇွဲ့

မွေးနေ့လက်ဖွဲ့ လေထုမရှိတဲ့ နေရာမှာ အရပ်ရှစ်ခွင်၊ ရှစ်မျက်နှာထဲ ပြတင်းပေါက်မှာ ထိုင်ကာငေးနေမလား။ လေထုမရှိတဲ့ နေရာမှာ အဆက်အသွယ်တွေ ဝေး ကလေးနှစ်ယောက်နဲ့ ခွဲခွာရသူ --- သူမဟာ ၀င်ရိုးစွန်းအနောက်မိုးကုတ်ကြား ငုတ်လျှိုကာ သွားတော့မယ့် နေ၀င်ချိန်ကိုပဲ လွမ်းမောနေမလား။ လေထုမရှိတဲ့ နေရာမှာ မေ့မရနိုင်တဲ့ အတိတ်တွေနဲ့ ငြိမ်းချမ်းရေးချစ်တဲ့ မေတ္တာစစ်နဲ့ ကွေကွင်းရတဲ့ တသက်တကျွန်းသမျှ ခံနေရတဲ့ လွမ်းလွမ်းဆွတ်ဆွတ် အထီးကျန်နေသူ --- သူမဟာ (62)နှစ်ပြည့် မွေးနေ့ကိန့်တောင် မလှီးနိုင်ရှာ။ သူမအတွက် --- ကဗျာမမီ။ စာမပီတဲ့ ဒီကဗျာနဲ့ ကျနော် ရေးဖွဲ့ရည်စူး ငြိမ်းချမ်းရေး ချိုးသံနဲ့အတူ အကျဉ်းစံအိမ်၊ သံဆူးကြိုးတွေ ကြားမှ လွတ်မြောက်ကာ မွေးနေ့ကိန့် လှီးနိုင်ပါစေသား --- မွေးနေ့ လက်ဖွဲ့အဖြစ် ဆုတောင်းမေတ္တာပို့နေပါတယ် မေမေ။ ။ မာန်လှိုင်းငယ်...

အမေစုနှင့်အတူ

အမေစုနှင့်အတူ -- အိပ်မက်မဟုတ်ပါ --- အလှအပတွေနဲ့ ဆင်မြန်းထားတဲ့ စကားလုံးတွေ မလိုချင်ပါ။ ဒီမှာ --- ငါတို့လိုချင်တာ အမေစု လွတ်မြောက်ရေး --- နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ပဲ။ ဒီမှာ --- အမေစုနဲ့ တွေ့၊ ဆုံ၊ ဆွေး၊ နွေးရေး အမေစုကို ပြန်၊ လွတ်၊ တွေ့၊ ဆုံရေးကိုပဲ မြင်ချင်တယ်။ မာန်လှိုင်းငယ် 2007 ခုနှစ်၊ ဇွန်လ (4)ရ...

စကား

အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကဗျာတွေကို ကျနော် ဆက်လက်တင်ပေးပါဦးမယ်။ ကျနော် အမေစုအတွက် ရင်ထဲက ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါ။ ကဗျာကောင်းတွေ တော့ မဟုတ်ပေမယ့်။ ကျနော့်ရင်ထဲက စကားတွေကိုတော့ ရေးချထားတဲ့ စကားလုံတွေပါ။ ဒါပေမယ့် ကျနော်ကတော့ ကဗျာလို့ပဲ သတ်မှတ်ပေးလိုက်ပါတယ်ဗျာ။မာန်လှိုင်း...

ဇူလိုင် အလွမ်းတေး

ဇူလိုင် အလွမ်းတေး ကမ္ဘာကြီးအပေါ် ဂြိုးဂြိုး ဂြိမ့်ဂြိမ့် ဒေါသူပုန်ထ၊ မုန်ယိုအောင် ခြိမ်းပြီး မှောင်ကြီးမည်းကြီး ရှိနေချိန် လျှပ်ရောင်ဝင်းလက် ပြိုပျက်နေတယ်။ မကြာ --- အငွေ့အဖြစ် ပျံ့လွှင့်လို့ မိုးလုံးပြည့်အောင် ထက်အောက်ကောင်းကင် ကျဲပက်သွန်းကာ မိုးသည်းသည်း ရွာချပါ့မယ်။ ဇူလိုင်မိုးတွေ --- သည်းသည်းမည်းမည်း သွန်းဖြိုးနေပြီး အလွမ်းတေးသံ ပျံ့လွှင့်နေချိန် မျက်ဝန်းအိမ်မှာ မျက်ရည်မိုးဖြာ --- ကမ္ဘာကြီးပေါ် ဇူလိုင် အလွမ်းတေးတွေ ရှာချနေတယ်။ ။ မာန်လှိုင်းငယ် 9. 07. 2007 ခုန...

ကျနော့် စကား

ကျနော့် ကဗျာများကို ဆက်လက်တင်ပေးပါဦးမယ်။ ကျနော် ကဗျာတွေကို ရေးတာ ၀ါသနာပါတယ်။ ဒါပေမယ့် ကဗျာကိုတော့ ကျနော် ကောင်းကောင်းမရေးနိုင်သေးပါဘူး။ ကဗျာတွေကို ကြိုးစားပြီး ရေးတုန်း၊ ဖတ်တုန်းပါပဲ။ အားနည်းတာများ တွေ့ရင် ပြောဆို ဝေဖန်နိုင်ပါတယ်ဗျာ။ ကျနော် လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ မာန်လှိုင်း...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes