နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, December 27, 2007

Internet ကမ္ဘာ့ရွာကြီး (Globe village)

မာန်လှိုင်းငယ်

Internet ကမ္ဘာ့ရွာကြီး (Globe village)


Internet ကို ဘယ်သူများ
အိပ်မက်ပြီး တီထွင်လိုက်ပါလိမ့်။

ခုတော့ …
Internet က စခဲ့လို့
Globe village ဆိုတဲ့ ကမ္ဘာ့ရွာကြီး ဖြစ်နေပါလား။

Internet ပေါ်မှာ
Messenger အိမ်နဲ့ Chatting နေ
Skype ဝေဟင်မှာ Chatting နဲ့ အော်
Gtalk မှာ ပေါင်းသင်းမိတ်ဆွေ စုဆုံပြီး Chatting တော့ကီကြပေါ့။

လူသားတိုင်း Chatting မှာ
ထိုင်ထိုင်ပြီး Style တွေ အပြည့်နဲ့။

တချို့တော့ By own ကွန်ပျူတာနဲ့
By own မရှိသူ အချို့မှာတော့
Cyber Café မှာ သွားသွားထိုင်။

တချို့မှာဖြင့် မုန့်ဖိုးတွေ ခြစ်ထုတ်
Internet Café မှာ သွားသွားစု
Chatting တွေနဲ့ ပျော်ရွှင်မြူး။

Internet ဆိုတဲ့
Globe village ကမ္ဘာ့ရွာကြီးမှာ
မဟုတ်တာတွေနဲ့
ဟုတ်တာတွေရော
အကုန် Chatting ကြပေါ့။

4 comments:

သဇင်ဏီ said...

ကမ္ဘာ့ရွာကြီးမှာ.. ဟုတ်တာတွေရော.. မဟုတ်တာတွေရော
အကုန်ချက်နေကြတာပေါ့...
မှန်လိုက်လေ

Chaos said...

ဟုတ်ပဟုတ်ပ
ဟုတ်တယ် မဟုတ်ဘူး
မြင်မှမမြင်ရတာ
ရိုးသားမှုတစ်ခုကိုသာ အရင်းတည်ပြီး
အားလုံးကိုတော့ ယုံကြည်ထားချင်ပေမဲ့...............

ထွန်း said...

messenger စာလုံးပေါင်းပြင်ပါအုန်း

ထွန်း said...

ကဲအင်တာနက် အစကိုပြောပြမယ်...
လူအသိများတဲ့ Internet ဆိုတာ World Wide Webဖြစ်ပါတယ်။ ၁၉၈၉ ခုနစ် အင်္ဂလိပ်သိပ္ပံပညာရှင် Tim Berners-Less ကစတင်ထွင်ခဲ့ပါတယ်၊ ၆သြဂုတ် ၁၉၉၁ Cern အဖွဲ့ အစည်းက WWW project ကို အမေရိကန် စစ် ဘက်ဆိုင်ရာ ထိပ်တန်းလျို့ ဝှက်ချက်အဖြစ် စတင်ခဲ့ပါတယ်။ ကွန်ပျူတာ ရဲ့data တွေကို computer networks fiber-optic ကြိုးတွေမှ တဆင့် wireless connection တွေဖြင့် ဆက်သွယ်ကာ Internet Protocol IP မှတဆင့် packet switching အဖြစ် တနေရာမှ တနေရာ URL Hyperlinks တွေဆီ သို့ ပို့ ဆောင် ဆက်သွယ်ခြင်းဖြစ်ပါတယ်။ ၁၉၉၆မှာ public လူသိရှင်ကြား public တရားဝင် စတင် ကြေငြာ ပေးခဲ့ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes