နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, December 7, 2007

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

မာန်လှိုင်းငယ်

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

သံသရာ ဒိုးယိုပေါက်မှာ
အမှန်တရားတွေ ထွန်းတောက်ဖို့
ဝှက်ဖဲတချပ်ကို လှန်ကြည့်တဲ့အခါ
အဆုံးအစမဲ့ ခရီးလမ်းကနေ
အ၀ီစိ ထမ်းလာသူတွေကို
မင်းတို့ တွေ့ရလိမ့်မယ်။

သံသရာ ဇာတ်ခုံပေါ်မှာ
ဝိုင်းသိမ်းနိုင်မယ့် ပြကွက်ဇာတ်သိမ်းဖြစ်ဖို့
ပြည့်ကျပ်လာတဲ့ ဝေဒနာ အကျိတ်အခဲတွေကို ခွဲကြည့်တဲ့အခါ
အဆုံးအစမဲ့ ကောင်းကင်စိမ်းစိမ်းအောက်
နီ ၀ါ ရောင်သွေးတွေ လူးနေတဲ့ ၀ိဥာဉ်တွေ
သံဃာ့အလံနဲ့ ခွပ်ဒေါင်းအလံကိုင်ရင်း ချီတက်လာတာကို
မင်းတို့ မြင်ရလိမ့်မယ်။

သံသရာ သက္ကရာဇ်တွေပေါ်မှာ
စစ်အာဏာရှင်စနစ် နေ၀မီးငြိမ်းနိုင်ဖို့
အဖုအထစ်ထ အားမာန်လှိုင်းကို ဖောက်ကြည့်တဲ့အခါ
ငွားငွားစွင့်စွင့် ရွက်လွင့်လာမယ့်
သံဃာစစ်သည်နဲ့ ခွပ်ဒေါင်းစစ်သည်တို့ရဲ့ သစ္စာတရား
မင်းတို့ မြို့တော်ပြာပုံဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ...
သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်ကို
မင်းတို့ လှန်ကြည့်လိုက်တာနဲ့ .... ... ။ ။

မာန်လှိုင်းငယ်

2 comments:

ITGuru said...

ကောင်းလိုက်တဲ့ နိမိတ်ပုံတွေဗျာ။ ကဗျာလေးအရမ်းကောင်းတယ်။

မေပျို said...

သံသရာ ကစားပွဲမှာ
အနိုင်အရှုံးတွေ ပေါ်လွင်စေဖို့
ဝှက်ဖဲတစ်ချက်ကို လှန်ကြည့်တဲ့အခါ
တရားမျှတစွာ ယှဉ်ပြိုင်နေမယ့်လူငယ်တွေနဲ့
တိုးတက်နေမယ့် ဒို့နိုင်ငံကို
မင်းတို့တွေ့ရလိမ့်မယ်။

ကိုညီရေ ကဗျာနဲ့လိုက်အောင် စပ်သွားတယ်နော်။ ဟိဟိ။ သဲစပ်တာ ကိုညီလောက်တောင် ဘယ်ကောင်းပါ့မလဲနော်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes