နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Sunday, December 16, 2007

မျက်နှာ

မျက်နှာ။ တေးရေး၊ တေးဆို - IMP

ငါ့အတွေးများလည်း ချာချာလည် … အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးမှာ
လူကဲခပ်မတတ်တဲ့ ငတုံးလို့ ငါ့ကိုယ်ငါ အပြစ်တင်မိတယ်

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ

မာယာမင်းသမီးလေးအလိုကျတိုင်း အလိုက်တသိနဲ့ လိုက်ကနေခဲ့မိတယ်
ဒီဇာတ်လမ်းလေးရဲ့ အဆုံးမှာ … အသည်းကွဲသမားကတော့ ငါပဲပေါ့

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

(ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ)

1 comments:

သဇင်ဏီ said...

ခံစားချက်တွေလားဗျ.. အစစအရာရာအဆင်ပြေပါစေ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes