နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, December 18, 2007

ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

မာန်လှိုင်းငယ်


ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

ညတညမှာ
ငါဟာ …
တောင်စဉ်ရေမရ စဉ်းစား
ငါ့ ခေါင်းမှာတော့
အိပ်မက်ထဲက ငရဲပြည်အလား
သွေးပျက်ကြောက်လန့်စရာ
အမှန်စင် စစ်လား …
အသေအချာလား ဆိုတော့
ဝေခွဲမရတာက များ
စဉ်းစား …
စဉ်းစား …
အတွေးပေါင်းများစွာ
ခရားရေလွတ်ချသလို
တသောသောနဲ့ ဆင်း
စဉ်ဆက်မပျက်နဲ့။

ညတညမှာ
ငါဟာ …
မြစ်ရေများ တသွင်သွင်
စီးမျောနေသည့်နယ်
လှိုင်းကလေးတခု
ကမ်းပါးရံကို
ပြင်းသည့် အား
ပြင်းသည့် မာန်စွယ်နဲ့
ဝင်ခြောက်လိုက်တော့
“ဖျောင်း” ခနဲဆို
ငါ လန့်ဖြန့်သွား
ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတညမှာ … ။

1 comments:

Mintasay said...

ကဗျာလေးကောင်းတယ်ဗျ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes