နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, December 14, 2007

မနုဿ တစိမ်းတရံကြားမှာ

မာန်လှိုင်းငယ်

မနုဿ တစိမ်းတရံကြားမှာ

မနုဿတော ခြေစုံပစ်ဝင်
တကောက်ကောက် နောက်မှာ
အတ္တ၊ မာန၊ လောဘတွေ တန်းစီ။

မနုဿနယ် ယောင်လည်လည်
မမြင်နိုင် လေဟာနယ် အတွင်းမှာ
မာယာ အတိမ်အနက်တွေ လက်ကမ်း။

ကြာတော့ …
မနုဿ တစိမ်းတရံကြားမှာ
အမေ့ရင်ခွင်ကို လွမ်း
ချစ်သူ့ရင်ခွင်လည်း လွမ်းနေရ တအား။

2 comments:

မေပျို said...

အမေ့ရင်ခွင်ကို လွမ်းတာတော့ ဟုတ်ပါပြီ ကိုညီရယ်။ ခွဲနေရတာကြာလို့ပေါ့။ ချစ်သူ့ရင်ခွင်ကိုလည်း လွမ်းပြန်ရော။ လွမ်းရင် သွားတွေ့လေနော်။ ဟိဟိ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေဗျာ။

MELODYMAUNG said...

ဒီကဗျာလေးက လက်ရှိ နာ့ စိတ်နဲ့ ကိုက်သကွ
ဗိုက်ဆာလိုက်တာ၊ ခုထိစားရသေးဘူး
ခေါင်းတောင် မူးလာပီ၊
ဘော့စ် ရစ်ပြီး ဆူနေတယ်လေ
အီးးးးဟီးးးးးးးးးးဟီးးးးးးးး မေမေရယ်
နောက်ဘ၀ကျရင် အိမ်မှာနေပြီး အိမ်အလုပ်ပဲကူတော့မယ်ဗျ
မနုဿ တစိမ်းတရံကြားမှာ နေပျော်ဘူး အဟင့်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes