နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

ဒီလိုတွေးမိတယ်

ဒီလိုတွေးမိတယ်
ကြယ်ကြွေတဲ့အခါ
ဆုတောင်းပြည့်တယ်တဲ့
ဒါပေမယ့် ...
ကြယ်ကြွေက
ဘယ်သူ့အိပ်မက်ထဲ ထိုးဆင်းသွားခဲ့သလဲ။


ဒီလိုတွေးမိတယ်
အူဝဲဆိုပြီး ကြားလိုက်တဲ့အခါ
ကံကြမ္မာတို့ရဲ့ မှော်ဝင်စွမ်းနဲ့အတူ
ခလုတ်တိုက်လှဲဖို့ ဆီးကြိုခံလိုက်ပြီ။

ဒီလိုတွေးမိတယ်
သစ်ရွက်ကြွေတဲ့အခါ
တောင်းဆုများပြည့်သတဲ့လား
သိခဲ့တာ ...
သစ်ရွက်ကြွေ ငိုညည်းသံတခု
မြေကြီး ရီ(ရယ်)သံတခု
တို့က ...
သိမ့်သိမ့်တုန် ဒိုးယိုပေါက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes