နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

မျှော်လင့်ခြင်းနဲ့ မိခင်

နှလုံးသားထဲ ထိ
ဝင်းမှည့်ချိုမြိန်ခြင်းများစွာ စီးဝင်နေတဲ့ မြစ်
ဧရာဝတီ ... ။


ယုံကြည်ချက်များ
မြဲမြန်ခြင်းများစွာ စိုက်ထူပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

အနာဂတ်ဘဝ
လှလှပပ စိမ်းစိုခြင်းများစွာ သယ်ဆောင်ပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

ကလေးငယ်
ရင်ဝယ်ပိုက်ထွေး မျှော်လင့်ခြင်းနဲ့ မိခင်
ဧရာဝတီ ... ။

ခံစားမှုဒုက္ခ
ထိန့်လန့်မှုအဖုံဖုံ ရပ်တန့်စေဖို့
တဖက်မှာ
ရေတခွက်ကို ကိုင်ရင်း
နေရောင်မှာ ထောင်ကြည့်လိုက်
ကြည်လင်တောက်ပမှုရဲ့ အကျိုးဆက်ကို ရှာတွေ့နိုင်မယ်။ ။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes