နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

တူညီ ကွဲပြား သုံးဦးသား

နိုင်ငံရေးကို သိသူက
ပေတံ၊ ခဲတံ၊ စာအုပ်ကို လှန်ကလော်ရင်း
လူအများ မြင်သာအောင်
ဒသန၊ ဝေါဟာရ၊ မူဝါဒတွေကို ရေးတယ်။


စီးပွားရေးကို သိသူက
လောဘဇောကို ဓားသွားပေါ်တင်ရင်း
လူအများ လည်ပင်းကို
ကွက်ကျော်ရိုက် ပေတီးတွက်ရင်း ညစ်တယ်။

အာဏာကို သိသူက
အာဏာရမ္မက်ဇောကို ဖက်တွဲရင်း
နိုင်ငံသူနိုင်ငံသားများကို
ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်၊ လိမ်ညာမှုတွေ အကုန်လုပ်တယ်။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၁၂) ရက်။
(၁၁ နာရီ ၄၈ မိနစ်)

မှတ်ချက်။ ။ ကဗျာဆရာနေမျိုးရဲ့ ထရပ်ကားပေါ်က သစ်သီးတွေ (ခေတ်ပေါ်ကဗျာ) စာအုပ်ထဲမှ ထိုသုံးဦးကဗျာကို ဖတ်ရင်း ခံစားမိသွားတာလေးကို ရေးချလိုက်ခြင်းဖြစ်ပါတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes