ဒီည ...ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်ဒါပေမယ့်လမင်းနဲ့ ကြယ်ပွင့်တွေတော့ မမြင်ရပါ။ဒီည ...အိပ်မက်တခု ထွေးပိုက်မိတယ်မှတ်မိနေတဲ့ ပုံရိပ်တခုနဲ့တိုးတိုးတဲ့တဲ့ အာရုံထဲ စကားလုံးများ တိုးဝင်လာတယ်"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" တဲ့ပဲ့တင်ထပ်ကာ လွှင့်ပျံ့နေခဲ့သူမ ...နီးနီးလာရာကနေ ဝေးသထက် ဝေးဝေးသွားပြန်တယ်။ဒီနေ့ ...သမိုင်းမှတ်တိုင်လွှင့်ထူစေခဲ့တဲ့အတိတ်ကကြေကွဲဖွယ်ပုံရိပ်များနဲ့ ငိုချင်းထပ် တေးသံများစစ်ဖိနပ်သံနဲ့ သေနက်သံတွေအောက်ယမ်းငွေ့တွေ တဝေေ၀ တလူလူနဲ့မိုးလုံးပြည့် ထက်ကောင်းကင်စကြာဝဌာတခုလုံးကို တုန်းဟီးစေခဲ့တဲ့"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား ... ။ဒီနေ့ ...မိုးစက်တွေက အေးခဲသလိုမိုးကောင်းကင်ကြီးက ပြာရီအုံ့မှိုင်းလွမ်းမောနေစဉ်အလိုက်ကန်းဆိုး မိုးဖွဲတွေက ဆက်တိုက် သည်းသန်နေတယ်။ ။မာန်လှိုင်းငယ်၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၈) ရ...