နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, February 10, 2011

`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀မှာ ... အဆုံးအစမဲ့ လမ်းပျောက်နေရင်လည်း
ကျနော်တို့ဆီ ...
လင်းလက်တောက်ပစွာ ပြန်လာခဲ့ပါ တမ်းတနေမိပါရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ ခေါင်း ထက်ကောင်းကင်က
နေ၊ လ၊ ကြယ်၊ တာရာတွေ
အခါတိုင်းလိုပဲ အနတ္တ (အဆုံးမရှိ) တည်ရှိနေလေရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀သံသရာမှာ ... နေ့မြင် ညပျောက်
ညမြင် နေ့ပျောက်၊ ကြယ်မြင် လပျောက်
မပြောင်းမလဲ ဖြစ်မြဲစွာ အရှိကို အရှိအတိုင်းပါပဲ
ဒါပေမယ့်
မေမေရေ ...
ကျနော်တို့ရဲ့ အတ္တရင်ခွင်ကြီးထဲမှာတော့
အခါတိုင်းလိုပဲ ကွက်လပ်လေးတခု ကျန်နေစမြဲပါ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ရဲ့ ဘ၀မှတ်တိုင်မှာတော့
`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´
အခါခါအလီလီ သမိုင်းအက္ခရာအဖြစ် တင်ရှိနေဆဲပါ ... မေမေ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes