မနက်ခင်းနဲ့အတူ
အာရုံဦးရောင်လေး ထွန်းတောက်လာဖို့
ငါ့ခြေရာတွေ ထင်ကျန်သွားအောင်
နက်နက်နဲနဲလေး ခြွေယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။
ညနေခင်းနဲ့အတူ
ဆည်းဆာရောင်လေး ဖြာကျလာဖို့
ငါ့သက်ပြင်းတွေ ထင်ဟပ်သွားအောင်
ပြင်းပြင်းရှရှလေး နုတ်ယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။
သန်းခေါင်ယံနဲ့အတူ
ညဥ့်ဦးရောင်လေး ပိန်းပိတ်လာဖို့
ရှေ့က နံရံတွေ ကွာကျသွားအောင်
ငါ့အရိပ်တွေ မည်းမှောင်သွားအောင်
နှစ်၊ လ၊ ရက်တွေ ကြာညောင်းလာတဲ့ကာလတခုထိ
ကြောင်းကျိုးမဆီလျှော်တဲ့ သေခြင်းတရားတခုကြောင့်
မတော်တဆ သူရဲကောင်း မဖြစ်ချင်ဘူး
ဒါပေမယ့် ...
အညတြထဲက အညတြသာ ဖြစ်လာစေဖို့အတွက်
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦးမယ်။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်။
(၁၀း၂၄) မိနစ်တိတိ
Thursday, February 10, 2011
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး
1:10 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment