နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, August 25, 2010

`အချစ်ဟာ အလွမ်းဖြစ် .. အလွမ်းဟာ အချစ်ဖြစ်´

အတိတ်ကို ကြိုက်တဲ့နေရာကနေ ပြန်စလို့ရရင်
ပဉ္စလက်ကဝေတွေနဲ့အတူ ဟိုး အထက်
ကြောင်လိမ်လှေခါးထစ်တိုင်း တတ်တတ်ပြီး
အေးချမ်းသာယာတဲ့ ငွေစန္ဒာလမင်းကြီးကို ဆွတ်ခူးယူလိုက်ချင်ပါရဲ့ ... ။


နောက်တော့
မဟာတံတိုင်းကြီးပေါ် ခုန်တတ်လာတဲ့ ၀ူခုန်းမျောက်မင်းလို
မဟာရွှေဒုတ်ကြီးကို ကိုင်ရင်း
လက်ညှိုးညွန်ရာ ရေဖြစ်စေဖို့
ညီမလေးရေ ...
မင်း .. အိမ်ပြန်ရောက်ရင် ဧည့်စာရင်း တိုင်ထားဦးနော် ... ။

အမှောက်ပယောဂအားလုံး
မင်းကို လာရောက်ချည်နှောင်သွားပါဦးမယ်
ဒါကြောင့်
သမိုင်းရဲ့ မင်းကျန်စစ်လို လှံတချက်ထောက်ပြီး
မင်းဆီ အရောက်လှမ်းခဲ့ပါမယ် ... ။ ။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes