နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, August 10, 2010

ပန်းအိုး၊ ပုံတူပန်းချီဆရာ

ပန်းကို
ပန်းအိုးထဲမှာ ထိုးစိုက်လိုက်တော့
ပန်းအိုး။


ကိုယ်တိုင်
ပုံတူအဖြစ် ထုဆစ်လိုက်တော့
ပုံတူပန်းချီဆရာ။

တပင်ချင်း
တလွှာချင်း
တဆင့်ချင်း
ကောက်ကြောင်းတခုချင်း
ဟိုကူး ဒီခုန်
ဟိုရေး ဒီခြစ်
လိုရင်းရောက်အောင်
ဖန်တီးဖွဲ့ယူလိုက်တော့။

အဆုံးမှာ ...
ပန်းတွေ ဝေဆာစေဖို့
ပန်းအိုးက ရင်းခံ
ပုံတူတွေ ဆင့်ပွားစေဖို့
ပုံတူပန်းချီဆရာ နင်းခံ။

ဒီအချိန်မှာ ...
ပန်းအိုးက ပြုံး
ပုံတူပန်းချီဆရာက မုန်း
ပန်းအိုး၊ ပုံတူပန်းချီဆရာ ဘ၀မှာ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes