မာန်လှိုင်းငယ်
ဒါပေမယ့် …
ငယ်ငယ်တုန်းက
ငါ ကဗျာတွေ ရေးတော့
မေမေက ချီးမွန်းတယ်
ဖေဖေက အားပေးအပြုံးနဲ့ ကြည့်တယ်
ကိုကြီးက လှိုက်လှဲစွာ တွန်းပို့တယ်
ညီမလေးက ကဗျာရူးလို့ အရယ်မျက်နှာနဲ့ ပြောတယ်။
ခုလည်း …
ငါ ကဗျာတွေ ရေးနေတုန်းပဲ
အဲဒီမျက်နှာတွေကို ငါ မြင်နေတုန်းပါပဲ
ဒါပေမယ့် … … ဒါပေမယ့် … …
ငယ်ငယ်တုန်းက
ငါ ကဗျာတွေ ရေးတော့
မေမေက ချီးမွန်းတယ်
ဖေဖေက အားပေးအပြုံးနဲ့ ကြည့်တယ်
ကိုကြီးက လှိုက်လှဲစွာ တွန်းပို့တယ်
ညီမလေးက ကဗျာရူးလို့ အရယ်မျက်နှာနဲ့ ပြောတယ်။
ခုလည်း …
ငါ ကဗျာတွေ ရေးနေတုန်းပဲ
အဲဒီမျက်နှာတွေကို ငါ မြင်နေတုန်းပါပဲ
ဒါပေမယ့် … … ဒါပေမယ့် … …
5 comments:
ကဗျာလာဖတ်တယ်ဗျို့ ။ :-)
ကောင်းတယ် နောဒီကဗျာလေးးး
မာန်လှိုင်းရေ ဒါပေမဲ့ရဲ့ နောက်ကွယ်ကို သိပါတယ်။ ဒါပေမဲ့ နင့်ကဗျာတွေ အားပေးနေတဲ့ သူငယ်ချင်းမောင်နှမ ငါတို့တွေက နဘေးမှာ အမြဲရှိနေမယ်ကွ ဆက်ရေးနော်
ကိုညီရေ
သဲကလည်း ကိုညီ့ရဲ့ညီမပဲလေ။ သဲတို့အားပေးနေတာပဲ ။စိတ်မညစ်နဲ့နော်။ ပျော်ရွှင်ပါစေ။
လေးစားစွာဖြင့်
မေပျို
ရင်ထဲရောက်သွားတယ် ကိုမာန်လှိုင်းရေ ...
အဆင်ပြေပါစေဗျာ ..။
Post a Comment