နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, February 7, 2008

နေ့တနေ့ မနက်ခင်းလေး အဆုံး

မာန်လှိုင်းငယ်

နေ့တနေ့ မနက်ခင်းလေး အဆုံး

ခရောင်းလမ်းကို လျှောက်
ဒုက္ခကို ခံစည်းရင်း
လွမ်းဆွတ်တဲ့ သီချင်းနဲ့
ဘ၀ကို ရုန်းကန်ခဲ့သေးတာ
ဒီလမ်းကို
လေးရူးတွေနဲ့
ငါလျှောက်မယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ခရောင်းလမ်း တခုမှာ။

ပန်းခင်းလမ်းကို ရောက်
သုခကို စံမြန်းရင်း
တက်ကြွတဲ့ ခြေလှမ်းနဲ့
ဘ၀အနာဂတ်ဆီ
အရုဏ်ကျင်း နေခြည်နဲ့
ဘ၀မှာ ပျော်ဖူးခဲ့သေးတာ
ဒီလမ်းကို
နေ့တနေ့ မနက်ခင်းမှာ
လန်းဆန်းမှုနဲ့
ငါရွေးမယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ပန်းခင်းလမ်း တခုမှာ။

ခရောင်းလမ်းကို
ဘယ်သူ လျှောက်သလဲ …
ပန်းခင်းလမ်းကို
ဘယ်သူ ရောက်သလဲ …
ခရောင်းနဲ့ ပန်းခင်းမှာ
ဘယ်သူ … လျှောက် … လျှောက်
ဘယ်သူ … ရောက် … ရောက်
နေ့တနေ့ မနက်ခင်းလေး အဆုံး …
ငါ့ကိုယ်ငါတော့
ဒီလမ်းကို အသုံးချမြဲ။ ။
nohappy

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes