နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, January 15, 2008

ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါး

မာန်လှိုင်းငယ်

ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါး

ပြတင်းတံခါးက
အခုအခါမှာ
ချိပ်ပိတ်လို့ ခံနေရပြီ။

ချမ်းအေးတုန်ခိုက်
ညအမှောင်တောင် ထိုင်မကြည့်နိုင်ပြီ။

ဒီလိုပဲ …
ငါဟာ အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့
နောက်လည့်ကြည့်စရာ မလိုအောင်
ငါ …
၂၀၀၇ နဲ့ ၂၀၀၈ ကို ခြားနားပေးလိုက်ပါပြီ။

တချို့သော သူတွေက
၂၀၀၈ ကို တခမ်းတနား ကြိုဆိုကြ
အချို့သော သူများက
၂၀၀၈ ထဲ မရဲတရဲ လှမ်းဝင်ကြ
ငါကတော့
ပြတင်းဝကို လိုက်ကာနဲ့ ပိတ်လိုက်သလို
၂၀၀၇ ကို ဖုံးပိတ်
၂၀၀၈ ကိုတော့ မြေလှန်တူးဆွနေရပြီ။

ခု …
ညများမှာတော့
ချမ်းအေးတုန်ခိုက်
ညအမှောင်တောင် ထိုင်မကြည့်နိုင်ပြီမို့
ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါးကိုပဲ ငေးကြည့်နေရ… ။ ။

1 comments:

Anonymous said...

၂၀၀၇ ကို ဖုံးပိတ်
၂၀၀၈ ကိုတော့ မြေလှန်တူးဆွနေရပြီ။
ဟုတ်တယ်ဟုတ်.....၊

ခု …
ညများမှာတော့
ချမ်းအေးတုန်ခိုက်
ညအမှောင်တောင် ထိုင်မကြည့်နိုင်ပြီမို့
ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါးကိုပဲ ငေးကြည့်နေရပီပေါ့အကို မာန်လှိုင်းရေ......

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes