ငိုမဲ့မဲ့ လမင်းကို
လှိမ့်တတ်လာတဲ့ လှိုင်းတွေက
မျှော်လင့်ချက်မဲ့ အကြည့်နဲ့ ကြည့်နေရင်း
စိတ်ဝိဉာဏ် လေယူရာ ယိမ်းနွဲ့ကနေချိန်
ဟိုး ... အရှေ့မှာ
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
လှိုင်းတွေကို အသက်မဲ့စွာ စကားပြောနေတယ်။
ရှုပ်ပွ အတိတ်တွေ
မလှမပ ပစ္စုပ္ပန်တွေ
ညှင်းတိုးတိုး ဘဝတွေ
လုံးထွေး
သတ်ပုတ်
အော်သံတွေကြားတော့
ငိုမဲ့မဲ့ လမင်းက လှမ်းကြည့်
လှိမ့်တတ်လာတဲ့ လှိုင်းတွေက မော်ကြည့်
ဂနာပငြိမ် ဝိဉာဏ်က လှန့်ဖြန့်ကာ
နောက်ကို လည်ပြန်ကြည့်
... ... ... ... ... ... ...
... ... ... ... ... ... ...
ဘယ်အရာကိုမှ မသိရှာတဲ့
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
အသက်မဲ့စွာ စကားပြောနေတုန်း။ ။
မာန်လှိုင်းငယ်
၂ဝ၁ဝ ခုနှစ်၊ မတ်လ (၁၈) ရက်။
0 comments:
Post a Comment