နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, May 26, 2010

လာ နမ်း လှည့် ပါ

လာ နမ်း လှည့် ပါ
သစ္စာတရားမှာ ရက်အကန့်အသတ်မရှိသလို
အချစ်နဲ့ အမုန်းလည်း စည်းမခြားခဲ့ပါဘူး။


လာ နမ်း လှည့် ပါ
အထီးကျန်ခြင်းဆိုတာ အခန်းတွင်း ခြင်ထောင်တခုလိုပါပဲ
ပိုင်ရှင်မဲ့ရင် အသက်မဲ့တယ်
ပိုင်ဆိုင်သူရှိရင် အသက်ဝင်တယ်
ဒါ ပေ မယ့် ...

လာ နမ်း လှည့် ပါ
တခါတခါ ကိုယ့်ကိုကိုယ် မေ့လျော့နေတဲ့အချိန်မျိုးမှာ
ရှက်ပြေး မျက်ရည်စက်ကို မျက်တောင် ပုတ်ခတ် သိမ်းဆည်းရုံနဲ့
ညနေခင်းဟာ ၀ါကျတကြောင်း မဖြစ်ထိုက်ပါဘူး။

လာ နမ်း လှည့် ပါ
ကြေကွဲလွမ်းဆွတ်မှုတွေ စီမကြည့်ခင်
ပြိုလှဲကြေမွမှုနဲ့ ဒဏ်ရာတွေကို အနားကွပ်
အထီးကျန်ခြင်းများနဲ့သာ အသားကျစေဖို့
ဒို့များ ...
ကြိုးစားလိုက်ပါဦးမယ် ။ ။

မာန်လှိုင်းငယ်
၁၂း၀၀ နာရီတိတိ
၂၀၁၀ ခုနှစ်၊ မေလ (၁၂) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes