နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, November 10, 2009

ချိုမြိန်ခြင်းအရသာ

မှောင်မိုက်မလိုနဲ့လမင်းဟာ ရှုမ၀မင်းသမီး လမ်းလျှောက်ထွက်လာသလိုမျိုးအာရုံကို လှည့်စားခံလိုက်ရတယ်။ငြိမ်သက်နေတဲ့ လေတွေဟာရှင်သန်ထမြောက်လာသလို`၀ုန်း` ဆို ၀င်တိုက်သွားတော့အတွေးကို ကျီစားခံလိုက်ရတယ်။ဒိုးယိုပေါက် ဦးနှောက်ရဲ့ ကလီဇာကလီကမာ ပြုတော့ဗရမ်းဗတာ အတွေးရိပ်တွေက မဆုံးနိုင်တဲ့ အဝေးကို သယ်ဆောင်ခံလိုက်ရတယ်။ဒီလိုနဲ့ ...အပြုစားခံကျီစားခံသယ်ဆောင်ခံလိုက်ရခြင်း အနက်အဓိပ္ပါယ်ဟာငရုပ်ဆုံထဲ ငရုပ်ကျည်ပွေ့ ထောင်းထည့်လိုက်သလိုအဆုံးမှာ ...ချိုမြိန်ခြင်းအရသာကို ခံစား ... ။ ။မာန်လှိုင်းငယ်၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရ...

Friday, September 4, 2009

ပုံရိပ်များနဲ့ သူမရဲ့ နောက်ဆုံးခရီး

အတိတ်က ပျော်ရွှင်စရာနေ့ရက်တွေအတိအပြည့်ရှိခဲ့တဲ့ကျောင်းကလေးရေ ...။သူငယ်ချင်းတသိုက်သိပ်ခင်မင်ရင်းနှီးခဲ့သူတွေကိုခေါ်ဆောင်စုစည်းပေးတဲ့ကျောင်းကလေးရေ ...။ဖြူ စိမ်း တူညီဝတ်စုံကိုယ်စီ ... တက်ကြွရွှင်လန်း ကြည်နူးမှုတွေ အားမာန်တွေ အပြည့်နဲ့ ဖန်တီးပေးခဲ့တဲ့ကျောင်းကလေးရေ ...။မနက် ခေါင်းလောင်းသံသာသာယာယာ လျှံထွက်အပြေးအလွှား သူငယ်ချင်းများနဲ့ကျောင်းကလေးဆီ ... ကိုယ်စီဆွဲဆောင်ပေးနိုင်တဲ့ကျောင်းကလေးရေ ...။လွယ်အိတ်ကို စလွယ်သိုင်းအိမ်ပြန်လမ်းကို ခြေဦးတည်လက်ပြနှုတ်ဆက် ကျောခိုင်းတော့(ကျောင်းစာသင်နှစ်ပြီးဆုံးခြင်း)ကျောင်းကလေးရဲ့ ငိုးငြီးသံငါတို့ ကြားနေရတာ .... ကျောင်းကလေး အသိပါ။ခုတော့ ...ဆုံဆည်းခဲ့တဲ့ သူငယ်ချင်းများတယောက်တနယ်စီ ကိုယ်စီ ခွဲခွာလွမ်းဆွတ်မှုတွေနဲ့ နှုတ်ဆက်လက်ပြကာ သွားကြတာလည်းကျောင်းကလေး အသိပါ။ကျောင်းကလေးရေ ပြောပြရဦးမယ် ...မနေ့ ည (၈) နာရီမှာ သိပ်ခင်မင်တဲ့ ငါတို့ရဲ့ သူငယ်ချင်းတယောက်ဆုံးသွားပြီတဲ့ ကြားလိုက်ရတာ...

Friday, July 17, 2009

ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ

နိုးထ တာစူနေတဲ့လှိုင်းတံပိုး ဒီရေထဲတစ ... တစ ... ယိုယွင်းပြိုကျနေတဲ့အမှောင်ခေတ်ပျက်ကြီးကိုအလင်းခေတ်ဆီ ခရီးနှင်ဖို့သူမ ကြည့်နေမှငိုတဲ့ လှိုင်းတံပိုး ငြိမ်လိမ့်မယ်။ရုန်းကြွ စောင့်ဆိုင်းနေတဲ့မာန်ဟုန်းပြင်း လ၀န်းကိုထိန်းညှိခေါ်ဆောင်ဖို့သူမ ရှိနေမှပြုံးရယ်လ၀န်း သာလိမ့်မယ်။သွေးတွေ ထပ်ပြီးရင်း ထပ်အရိုးတွေ ဆွေးပြီးရင်း ဆွေးဘ၀အလင်းပညာ့အလင်းဥစ္စာအလင်း ငတ်မွတ်နေသူတွေ များပြီးရင်း များလာလမ်းပေါ်မှာ ...ကင်းပကြည်လင်စေဖို့သူမ ရှင်သန်နေမှတေးဆိုလမ်းများ ပျော်လိမ့်မယ်။သူမ ကြည့်နေမှသူမ ရှိနေမှသူမ ရှင်သန်နေမှကန္တာရလက်တံရှည်များပျက်ယွင်း ... ပြိုကျ ... တစစီလွှင့်မျောသွားစေဖို့“ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ” ရထားကိုတောက်လျှောက်ခုတ်မောင်းသွားတော့မယ် ... ။ ။မာန်လှိုင်းငယ်၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၇)ရ...

Thursday, May 28, 2009

ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့် … အမေတွေရဲ့ မျက်နှာကို တွေ့ရလိမ့်မယ

မနက်လေနဲ့အတူ မိုးကောင်းကင်က ဖြာကျလာတဲ့ အလင်းရောင်အောက် ကောင်းကင်ကြီးကို မော့ကြည့်မိတော့ အဖြူရောင် တိမ်ကလေးတွေ တရွေ့ရွေ့ ပြေးလွှားသွားနေတာကို ကျနော် ကြည့်ရင်း … ကြည့်ရင်း … မေမေ … မေမေ ရေ … ကျနော် … အော်ဟစ်ပြီး ခေါ်လိုက်ချင်တယ်။ မေမေ့ကို သိပ်ချစ်တယ် … မေမေ့ကို လွမ်းတယ် … မေမေ့ကို သတိရတယ် … မေမေ့ကို အောက်မေ့တယ် … မေမေ့ကို လွမ်းဆွတ်တမ်းတစွာ ထွေးဖက်ထားချင်တယ် … မေမေ။ ကျနော် မှတ်မိတဲ့ သီချင်းစာသားလေးတစ်ကြောင်းကို ပြောချင်ပါတယ်။ ကမ္ဘာကျော် Mary Chapin Carpenter ရဲ့ သီချင်းထဲက စာသားလေးတစ်ကြောင်း ရှိတယ်။ `Sometimes you’re the wind-shield; sometimes you’re the bug’ လေးပါ။ `လောကမှာ လူတွေရဲ့ဘ၀က တခါတရံမှာ ခံနိုင်ရည်အား ကောင်းမွန်တဲ့ လေကာမှန်တစ်ချပ်ပမာ...

Thursday, March 19, 2009

စိတ်မပျက်နဲ့ အားတင်းပါ

လူထုစိန်ဝင်း မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့ နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော် နေပြီဖြစ်တာကြောင့် သားသမီးတွေလက် ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာလို့ပြောပါတယ်။ အအိုမြန်လိုက်တာ ‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’ သူက မန္တလေးကိုလည်း ရောက် သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။ ‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့...

Friday, February 13, 2009

မေမေ့ကို သားတို့ ပြောချင်ပါတယ်

မေမေဖေဖော်ဝါရီ ( ၁၄ ) ဆိုတဲ့ ဒီလ၊ ဒီရက်မှာမေမေဟာ သားတို့ မောင်နှမတွေကို ခွဲခွာခဲ့တာ ( ၅ )နှစ် ပြည့်ခဲ့ပြီမေမေဟာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း ( ၅ )နှစ် ပြည့်ခဲ့ပြီပဲမေမေ့ကို သားတို့ ပြောချင်ပါတယ်။မေမေမေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမားမြင့်မြတ်ခဲ့သူမေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာမေမေ့ကို သားတို့ ပြောချင်ပါတယ်။မေမေမေမေဟာ သားတို့မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာဒါကို …မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။မာန်လှိုင်း...

My mother's invitation

ကျနော့် မေမေ နှစ်ပတ်လည် (၅)နှစ်ပြည့် ဆွမ်းကျွေးတရားနာ အလှူလုပ်ပါတယ်၊ ကျနော့်သူငယ်ချင်းများ။ ညီအကိုမောင်နှမများအားလုံးကို ဖိတ်လိုက်ပါတယ်ဗျာ။ လာရောက်ကြမယ်လို့ ထင်ပါတယ်။ မာန်လှိုင်း...

Thursday, January 1, 2009

လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

မေးမြန်းသူ - အေးအောင် ဖြေဆိုသူ - လူထုစိန်ဝင်းလူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာလူငယ်ထုအပေါ်အမြဲလိုလို ကောင်းရာကောင်းကြောင်း အကြံပြုရေးသား တင်ပြပေးနေသည့် ဆရာလူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာရှာကြသူ မြန်မာလူငယ်များအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ...ယခုတစ်ပတ် ဖော်ပြပေးလိုက်ပါသည်။ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သည့် ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေး အခြေအနေအရ နေအိမ်၌ပင် အေးအေးလူလူနေထိုင်ကာ စာပေများရေးသားရင်း လူငယ် များအတွက် စိတ်အာဟာရကို မွန်မြတ်သောစေတနာ၊ ကရုဏာဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း လျှပ်တစ်ပြက်သတင်းဂျာနယ် စာမျက်နှာပေါ်မှ ဤသို့ချပြလိုက်ရပါသတည်း။ ဒီလူငယ်တွေ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကြတော့ သူတို့မှာ အဆင်ပြေတာလည်း ရှိတယ်။ တချို့ကျတော့ ဟိုနိုင်ငံသားခံယူလိုက်တာ လည်းရှိတယ်။ ဒီကိုပြန်လာတာလည်း ရှိတယ်ပေါ့ဆရာရယ်။ ဒီကအခြေအနေနဲ့ သူနဲ့မကိုက်လို့ဆိုပြီး ပြန်ထွက်လာတာလည်း ရှိ တယ်။ ဒီအပေါ် ဆရာဘယ်လိုဝေဖန်...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes