နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, February 13, 2009

မေမေ့ကို သားတို့ ပြောချင်ပါတယ်

မေမေ
ဖေဖော်ဝါရီ ( ၁၄ ) ဆိုတဲ့ ဒီလ၊ ဒီရက်မှာ
မေမေဟာ သားတို့ မောင်နှမတွေကို ခွဲခွာခဲ့တာ ( ၅ )နှစ် ပြည့်ခဲ့ပြီ
မေမေဟာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း ( ၅ )နှစ် ပြည့်ခဲ့ပြီပဲ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမားမြင့်မြတ်ခဲ့သူ
မေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်
မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာ
ဒါကို …
မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။

မာန်လှိုင်းငယ်

3 comments:

su wai said...

ကိုမာန်လှိုင်း မေမေ့ကို ပြောချင်တဲ့စကားတွေကို ကဗျာလေးကနေတဆင့် သိလိုက်ရပါတယ်။ ကိုမာန်လှိုင်းရဲ့ မေမေလဲ အေးချမ်းမြင့်မြတ်တဲ့ ဘုံဘ၀တစ်ခုကနေ ပြုပေးသမျှ အလှူဒါနတွေကို သာဓုခေါ်ရင်း ဒီစကားလေးတွေ ကြားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Tea said...

I'm Sorry :(

လင်းလက်ကြယ်စင် said...

ကဗျာလေးဖတ်ရင်း စိတ်မကောင်းမိဘူး ကိုမာန်လှိုင်းငယ်။ မိခင်ဆိုတာ သားသမီးတွေနှင့်ပတ်သတ် အနှိုင်းမဲ့မေတ္တာရှင်မို့ ကိုမာန်လှိုင်းငယ်တို့ရင်ထဲမှာ “အမေ”နှင့်ပတ်သတ် အမြဲတမ်းမေတ္တာဓာတ်တွေ နွေးထွေးနေမှာပါ။ မိခင်အတွက် တတ်နိုင်တဲ့ အလှူဒါနလေးတွေပြုလုပ်ရင်း ကောင်းရာမွန်ရာဘ၀ကနေ ကိုမာန်လှိုင်းငယ် မိခင် သာဓုခေါ်ဆိုနိုင်ပါစေရှင်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes