မှောင်မိုက်မလိုနဲ့
လမင်းဟာ ရှုမ၀မင်းသမီး
လမ်းလျှောက်ထွက်လာသလိုမျိုး
အာရုံကို လှည့်စားခံလိုက်ရတယ်။
ငြိမ်သက်နေတဲ့ လေတွေဟာ
ရှင်သန်ထမြောက်လာသလို
`၀ုန်း` ဆို ၀င်တိုက်သွားတော့
အတွေးကို ကျီစားခံလိုက်ရတယ်။
ဒိုးယိုပေါက် ဦးနှောက်ရဲ့ ကလီဇာ
ကလီကမာ ပြုတော့
ဗရမ်းဗတာ အတွေးရိပ်တွေက
မဆုံးနိုင်တဲ့ အဝေးကို သယ်ဆောင်ခံလိုက်ရတယ်။
ဒီလိုနဲ့ ...
အပြုစားခံ
ကျီစားခံ
သယ်ဆောင်ခံလိုက်ရခြင်း အနက်အဓိပ္ပါယ်ဟာ
ငရုပ်ဆုံထဲ ငရုပ်ကျည်ပွေ့ ထောင်းထည့်လိုက်သလို
အဆုံးမှာ ...
ချိုမြိန်ခြင်းအရသာကို ခံစား ... ။ ။
မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်။
Tuesday, November 10, 2009
ချိုမြိန်ခြင်းအရသာ
2:51 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment