နိုးထ တာစူနေတဲ့
လှိုင်းတံပိုး ဒီရေထဲ
တစ ... တစ ... ယိုယွင်းပြိုကျနေတဲ့
အမှောင်ခေတ်ပျက်ကြီးကို
အလင်းခေတ်ဆီ ခရီးနှင်ဖို့
သူမ ကြည့်နေမှ
ငိုတဲ့ လှိုင်းတံပိုး ငြိမ်လိမ့်မယ်။
ရုန်းကြွ စောင့်ဆိုင်းနေတဲ့
မာန်ဟုန်းပြင်း လ၀န်းကို
ထိန်းညှိခေါ်ဆောင်ဖို့
သူမ ရှိနေမှ
ပြုံးရယ်လ၀န်း သာလိမ့်မယ်။
သွေးတွေ ထပ်ပြီးရင်း ထပ်
အရိုးတွေ ဆွေးပြီးရင်း ဆွေး
ဘ၀အလင်း
ပညာ့အလင်း
ဥစ္စာအလင်း ငတ်မွတ်နေသူတွေ များပြီးရင်း များလာ
လမ်းပေါ်မှာ ...
ကင်းပကြည်လင်စေဖို့
သူမ ရှင်သန်နေမှ
တေးဆိုလမ်းများ ပျော်လိမ့်မယ်။
သူမ ကြည့်နေမှ
သူမ ရှိနေမှ
သူမ ရှင်သန်နေမှ
ကန္တာရလက်တံရှည်များ
ပျက်ယွင်း ... ပြိုကျ ... တစစီလွှင့်မျောသွားစေဖို့
“ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ” ရထားကို
တောက်လျှောက်ခုတ်မောင်းသွားတော့မယ် ... ။ ။
မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်။
Friday, July 17, 2009
ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ
11:37 AM
မာန်လှိုင်းငယ်
2 comments
2 comments:
သူမ ကြည့်နေမှ...ငိုတဲ့လှိုင်းတံပိုး ငြိမ်လိမ့်မယ်
သူမ ရှိနေမှ...ပြုံးရယ်လ၀န်း သာလိမ့်မယ်
သူမ ရှင်သန်နေမှ...တေးဆိုလမ်းများ ပျော်လိမ့်မယ်
အားလုံးရဲ့ရင်ထဲမှာ သူမ ဆိုတာ အမြဲသာနေတဲ့ လမင်းပါပဲ...အမှောင်တွေ ဘယ်လောက်ဖုံးဖုံး သူမပေးတဲ့ အလင်းအောက်မှာ အကြောက်တရားတွေ အဝေးကို လွင့်သွားတယ်။
ဘဘော့ခ်စရေးခါစမှာ ကဗျာရေးတဲ့အထဲ ကြိုက်မိတဲ့ ဘလောခ့်မှာ အစ်ကို့ဘလောခ်လေး ပါပါတယ် ..
နောက်ပိုင်း ပျောက်သွားတာ ကြာပြီနော် ..အဲဒါနဲ့ မရောက်ဖြစ်တော့တာ .. ခု အရင်ကဗျာလေးတွေ ပြန်ဖတ်မယ်ဆိုပြီး ရောက်အလာမှာ ကဗျာအသစ်လေး ဖတ်ခွင့်ရတာ ပျော်သွားတယ် အစ်ကိုရေ ..
ခင်မင်စွာဖြင့်
idulize(အရုပ်ကလေး)
Post a Comment