နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, December 30, 2008

မနက်ဖြန်ဆိုတာ ညတညပဲ ခြားတယ်

မာန်လှိုင်းငယ်

အနှစ်နှစ်ဆယ် …
ကျစ်ကျစ်လျစ်လျစ် ဆုပ်ကိုင်ပြဖို့
ခါးသီးနာကျင်မှုတွေ အပြည့်ပဲရှိတယ်။


အနှစ်နှစ်ဆယ် …
သံလွင်ခက်နဲ့ ဂျိုးဖြူငှက်လည်း
အမှန်တရားနှင့် ငြိမ်းချမ်းမှုရဲ့ သင်္ကေတအဖြစ် ရှိနေမြဲ။

အနှစ်နှစ်ဆယ် …
နာဂစ်ခြေဖ၀ါးအောက်
ကူပါ … ကယ်ပါ …
တစာစာ အသံတွေလည်း
ဝပ်တွားခယခဲ့ရပြီးပါပြီ။

အနှစ်နှစ်ဆယ် …
ကောက်ရိုးအဆွေးတွေ ပြာကျဖို့
လောင်ကျွမ်းမှု ခလုတ်ကို
တချို့က မျက်လုံးမှိတ် ရှာနေတုန်း
တချို့က စမ်းတ၀ါးဝါး ရှာနေတုန်း
တချို့က တတ်သုတ်ရိုက် နှိပ်နေတုန်း
တချို့က ပင်ပန်းမောဟိုက်စွာ နှိပ်နေတုန်း
တချို့က ရဲဝံ့ပြတ်သားစွာ ထိနေတုန်း
တချို့က ယုံကြည်ခိုင်မာစွာ ထိနေတုန်း
တချို့က စတေးခံ ရင်ဆိုရင် ခလုတ်ကို နှိပ်လိုက်နိုင်တယ်။

အနှစ်နှစ်ဆယ် …
ခါးသီးမှုတွေ
နာကျင်မှုတွေ
သက်သာယာ။ သက်သာကြောင်း
အဆိပ်ပါတဲ့ရေကို မသိကျိုးကျွံ သောက်သုံးနေတယ်။

အနှစ်နှစ်ဆယ် …
ဘယ်လောက်ပဲ အသွားထက်ထက်
ဘယ်လောက်ပဲ အဆိပ်ပြင်းပြင်း
ယုံကြည်ရဲမှ
ရင်ဆိုင်ရဲမှ
တောက်ခံနိုင်မှ
အမှန်တရားရဲ့ နေခြည်ဟာ ပေါ်လာမှာပါ။

အနှစ်နှစ်ဆယ် …
ထပ်မံပြီး
လူငယ်တို့ရဲ့ လက်၊ ခြေဖ၀ါးဟာ
မာကျောလာတယ်
ခိုင်မှာလာတယ်
ရဲဝံ့လာတယ်
ပြတ်သားလာတယ်
ကိုယ့်လက်၊ ကိုယ့်ခြေဖ၀ါးကို ငုံ့ကြည့်စရာတောင် မလိုတော့ပါဘူး။

အနှစ်နှစ်ဆယ် …
လူငယ်များရဲ့ ရင်ထဲအသဲထဲ
ဘ၀နဲ့ချီပြီး ခါးသီးမှုတွေ ပြည့်သိပ်လာတာနဲ့အမျှ
တဆတ်ဆတ်နဲ့ အန်ကျလာဖို့ ၀န်မလေးတော့ပါဘူး။

အနှစ်နှစ်ဆယ် …
ကုန်လွန်ခဲ့တဲ့ အိပ်မက်တွေလည်း
ထပ်မံ ရှင်နိုင်ဖို့ …

လူငယ်တို့ရဲ့ လက်၊ ဖြေဖ၀ါးကို ယုံကြည်ရဲမယ်ဆိုရင်
မနက်ဖြန်ဆိုတာ ညတညပဲ ခြားသလို
အနာဂတ်ဆိုတာလည်း တစ်မနက်ပါပဲ။

2008 ခုနှစ်။ ဒီဇင်ဘာလ (29)ရက်။

2 comments:

su wai said...

မနက်ဖြန်ဆိုတဲ့ အနာဂတ်နေ့သစ်ကို ရောက်ဖို့ ညတာအရှည်ကြီးကို ခံနိုင်ရည်တွေ ကျားကန်၊ ယုံကြည်ချက်တွေ မြဲမြံစွာနဲ့ အားမလျှော့တမ်း ကျော်ဖြတ်နေရဦးမှာပေါ့ ကိုမာန်လှိုင်းရယ်… တကယ်တော့ မနက်ဖြန်ဆိုတာ ညတညပဲ ခြားတာ အမှန်ပဲနော်…။

Tavoyan said...

ဆရာမာန်လှိုင်းရေ... အဓိပ္ပါယ်ရှိတဲ့ ကဗျာပဲဗျို့။ ကျနော် ဖိုရမ်ဂျာနယ်ထွက်မှ ဖတ်ဖြစ်တာပါ။ တော်တော် ကြိုက်သွားတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes