နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား

ဒီည ...ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်ဒါပေမယ့်လမင်းနဲ့ ကြယ်ပွင့်တွေတော့ မမြင်ရပါ။ဒီည ...အိပ်မက်တခု ထွေးပိုက်မိတယ်မှတ်မိနေတဲ့ ပုံရိပ်တခုနဲ့တိုးတိုးတဲ့တဲ့ အာရုံထဲ စကားလုံးများ တိုးဝင်လာတယ်"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" တဲ့ပဲ့တင်ထပ်ကာ လွှင့်ပျံ့နေခဲ့သူမ ...နီးနီးလာရာကနေ ဝေးသထက် ဝေးဝေးသွားပြန်တယ်။ဒီနေ့ ...သမိုင်းမှတ်တိုင်လွှင့်ထူစေခဲ့တဲ့အတိတ်ကကြေကွဲဖွယ်ပုံရိပ်များနဲ့ ငိုချင်းထပ် တေးသံများစစ်ဖိနပ်သံနဲ့ သေနက်သံတွေအောက်ယမ်းငွေ့တွေ တဝေေ၀ တလူလူနဲ့မိုးလုံးပြည့် ထက်ကောင်းကင်စကြာဝဌာတခုလုံးကို တုန်းဟီးစေခဲ့တဲ့"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား ... ။ဒီနေ့ ...မိုးစက်တွေက အေးခဲသလိုမိုးကောင်းကင်ကြီးက ပြာရီအုံ့မှိုင်းလွမ်းမောနေစဉ်အလိုက်ကန်းဆိုး မိုးဖွဲတွေက ဆက်တိုက် သည်းသန်နေတယ်။ ။မာန်လှိုင်းငယ်၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၈) ရ...

ခေတ်ပျက်ဒိုင်ယာရီ စာမျက်နှာများ

(၁)အိပ်ခန်းကျဉ်းကျဉ်းမှောင်မှောင်ထဲစိတ္တဇလူသားတဦးနံရံပေါ် ရေးခြစ်`ငါ့ကို ဆေးရုံမပို့ကြပါနဲ့´။(၂)လမ်းမရဲ့ ပလက်ဖောင်းပေါ်ဗေဒင်ဆရာတဦးကျောက်သင်ပုန်းမှာ အကြိမ်ကြိမ်အခါခါ ရေးတွက်ကြည့်`ငါ မနက်ဖြန် သေရတော့မယ်´။(၃)လမ်းမရဲ့ ဟိုတဖက်သူတောင်းစားတဦးခွက်ကို မှောက်ပြီး စိတ်ထဲက ညည်းတွား`ငါ ဒီနေ့ ငတ်တောင်သေသွားနိုင်တယ်´။(၄)အဲယားကွန်းခန်းထဲကကုမ္ပဏီပိုင်ရှင်တဦးကွန်ပျူတာပေါ် ရိုက်ထည့်`အနာဂတ်အတွက် ပိုက်ဆံပိုရမှ ဖြစ်မယ်´။(၅)မြိုပြရပ်ကွက်ထဲဘ၀င်လေဟတ်သူ လူငယ်တဦးဘီယာခွက်ကို ငုံ့ကြည့်ရင်း`ရပ်ကွက်ထဲမှာ ငါ အချမ်းသာဆုံး´။(၆)ကျူးကျော်ရပ်ကွက်ထဲကချွတ်ခြုံကျသူတဦးဘာမှမရှိတဲ့ ထမင်းအိုးကို ဖွင့်ကြည့်`၀မ်းက တထွာမို့လို့သာပေါ့ကွာ´။(၇)စတိတ်ရှိုးပွဲရဲ့ မီးရောင်တွေအောက်မှာအဆိုတော်တဦးခုန်ပေါက်ပြေးလွှား သီဆိုရင်း`ငါ့ကို ပြိုင်သူ ငါ့ရန်သူပဲ´။(၈)အသားအရောင် ခွဲခြားမှုကို တော်လှန်ခဲ့သူမာတင်လူသာကင်းရဲ့ကမ္ဘာကျော်မိန့်ခွန်း"I have a dream"။(၉)ဗမာပြည်ကခွေးဋီကာ...

အရောင်မရောတဲ့ မြို့တော်

(၁)ကိုကျော် ...နေ့တနေ့ကုန်တိုင်းသတိရလို့ ကဗျာတွေ ရေးဖြစ်တယ်ဒါပေမယ့်ကဗျာ့ကာရန်တွေကဖုန်းဆိုးမြေလမ်းမလို ကပေါက်သိကပေါက်ချာခင်ဗျား မရှိတော့အရာရာဟာ ခမ်းခြောက် အလွမ်းတစ္ဆေခြောက်ခံရတယ်။(၂)ပုထုဇဉ်လူသားများ အလွမ်းတွေ သွန်းဖြိုးဖို့ပျောက်ဆုံးခဲ့တဲ့ မြို့တော်အတွက်ပန်းချီတွေ ရေးခြယ်ကဗျာတွေ ဖွဲ့နွဲ့ဝတ္ထုတွေ သီကုံးရသတွေ လုံးထွေးသံစဉ်တွေ `to burst´နောက်ဆုံးမှာ ...ဆိုက်ရောက်ဘူတာ လွမ်းရပါသည်`လွတ်ကျခဲ့တဲ့ မြို့တော်´ဆီ ... ။(၃)ခင်ဗျား မသိတဲ့ အရာတခုကျနော့်ကာရန်တွေခင်ဗျားလက်နဲ့ ဖုံးကွယ်ထားတဲ့ ဆူးကိုတဖျက်ဖျက်နဲ့ ရိုက်ခတ်လာတဲ့ လှိုင်းသံကစေတနာကို အကျိုးမပေးသံသယမျက်လုံးများနဲ့သာ ကြည့်နေမယ်ဆိုရင်ကမ္ဘာကြီး အရည်ပျော်မယ့် ခေတ်တခေတ်ကိုကမ်းပြိုရထားလို မကူးပြောင်းခင်အချိန်းလေးမှာအလှတရားနဲ့ စူးနစ်ဒဏ်ရာအမုန်းတရားနဲ့ စာနာခြင်းတို့ ဘုံလုံတလှည့် ရေတလှည့်ဒီမြို့မှာ ခင်ဗျားတယောက်ထဲမဟုတ် ...ခင်ဗျားမရှိတဲ့ ဒီမြို့မှာစေတနာသန့်သန့် ကာရန်တွေကိုတော့ပြန်မရုပ်သိမ်းနိုင်ပါဘူး...

တူညီ ကွဲပြား သုံးဦးသား

နိုင်ငံရေးကို သိသူကပေတံ၊ ခဲတံ၊ စာအုပ်ကို လှန်ကလော်ရင်းလူအများ မြင်သာအောင်ဒသန၊ ဝေါဟာရ၊ မူဝါဒတွေကို ရေးတယ်။စီးပွားရေးကို သိသူကလောဘဇောကို ဓားသွားပေါ်တင်ရင်းလူအများ လည်ပင်းကိုကွက်ကျော်ရိုက် ပေတီးတွက်ရင်း ညစ်တယ်။အာဏာကို သိသူကအာဏာရမ္မက်ဇောကို ဖက်တွဲရင်းနိုင်ငံသူနိုင်ငံသားများကိုခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်၊ လိမ်ညာမှုတွေ အကုန်လုပ်တယ်။မာန်လှိုင်းငယ်၂၀၁၁ ခုနှစ်၊ မေလ (၁၂) ရက်။(၁၁ နာရီ ၄၈ မိနစ်)မှတ်ချက်။ ။ ကဗျာဆရာနေမျိုးရဲ့ ထရပ်ကားပေါ်က သစ်သီးတွေ (ခေတ်ပေါ်ကဗျာ) စာအုပ်ထဲမှ ထိုသုံးဦးကဗျာကို ဖတ်ရင်း ခံစားမိသွားတာလေးကို ရေးချလိုက်ခြင်းဖြစ်ပါတ...

သီချင်းနဲ့သာ ကဗျာသီ

ခြစားခြင်းခံနေရတဲ့အိမ်အိုတွေ ဒုနဲ့ဒေးအိုးအိမ်မဲ့တွေ ဒုနဲ့ဒေးဘယ်အရာတွေကမှ အရေးမလှုပ်ငုတ်တုတ်ထိုင်ကာ ကြည့်နေကြ ... ။ပျော်ရွှင်ခြင်းမဲ့၊ မေတ္တာငတ်ခိုလုံရာမဲ့၊ ၀မ်းရေးပျက်အငတ်ငတ်၊ အပျက်ပျက်လျှောက်တည်ရာမဲ့စွာနဲ့ဇာတ်ဆရာအလိုကျရုန်းကန်းလိုက်ကြပေတော့ ... ။သစ်တပင်ကောင်း ငှက်တသောင်းတဲ့မေတ္တာတရားကို ရှာဖွေပါသစ္စာတရားကို သိမ်းဆည်းပါဆန္ဒနဲ့ လောဘကို ခွဲခြားပါအသင်တို့ ...ငိုးညည်းနေမယ့်အစားသီးချင်းနဲ့သာ ကဗျာသီလိုက်ကြ ... ။တိတ်ဆိတ်မှုကအာရုံကို ဖမ်းစားလို့ဖြူစင်မှုအတွင်းကလီဇာကိုကောက်ကျစ်မှု ငမိုက်သားတွေတိုက်တူးကာ လိုက်စားနေတော့ဆာလောင်မှုတွေ အတောမသတ်နိုင်အောင်ရှေ့ဆက် ... ရုန်းကန်းလှုပ်ရှားနေကြပေဦး ... ။ မာန်လှိုင်းငယ်၂၀၁၁ ခုနှစ်၊ မေလ (၆) ရ...

ဒီလိုတွေးမိတယ်

ဒီလိုတွေးမိတယ်ကြယ်ကြွေတဲ့အခါဆုတောင်းပြည့်တယ်တဲ့ဒါပေမယ့် ...ကြယ်ကြွေကဘယ်သူ့အိပ်မက်ထဲ ထိုးဆင်းသွားခဲ့သလဲ။ဒီလိုတွေးမိတယ်အူဝဲဆိုပြီး ကြားလိုက်တဲ့အခါကံကြမ္မာတို့ရဲ့ မှော်ဝင်စွမ်းနဲ့အတူခလုတ်တိုက်လှဲဖို့ ဆီးကြိုခံလိုက်ပြီ။ဒီလိုတွေးမိတယ်သစ်ရွက်ကြွေတဲ့အခါတောင်းဆုများပြည့်သတဲ့လားသိခဲ့တာ ...သစ်ရွက်ကြွေ ငိုညည်းသံတခုမြေကြီး ရီ(ရယ်)သံတခုတို့က ... သိမ့်သိမ့်တုန် ဒိုးယိုပေါက်ခဲ့တယ်။ ။မာန်လှိုင်းငယ်၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရ...

မျှော်လင့်ခြင်းနဲ့ မိခင်

နှလုံးသားထဲ ထိဝင်းမှည့်ချိုမြိန်ခြင်းများစွာ စီးဝင်နေတဲ့ မြစ်ဧရာဝတီ ... ။ယုံကြည်ချက်များမြဲမြန်ခြင်းများစွာ စိုက်ထူပေးနေတဲ့ မြစ်ဧရာဝတီ ... ။အနာဂတ်ဘ၀လှလှပပ စိမ်းစိုခြင်းများစွာ သယ်ဆောင်ပေးနေတဲ့ မြစ်ဧရာဝတီ ... ။ကလေးငယ်ရင်ဝယ်ပိုက်ထွေး မျှော်လင့်ခြင်းနဲ့ မိခင်ဧရာဝတီ ... ။ခံစားမှုဒုက္ခထိန့်လန့်မှုအဖုံဖုံ ရပ်တန့်စေဖို့တဖက်မှာရေတခွက်ကို ကိုင်ရင်းနေရောင်မှာ ထောင်ကြည့်လိုက်ကြည်လင်တောက်ပမှုရဲ့ အကျိုးဆက်ကို ရှာတွေ့နိုင်မယ်။ ။မာန်လှိုင်း...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes