နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, August 25, 2010

`အချစ်ဟာ အလွမ်းဖြစ် .. အလွမ်းဟာ အချစ်ဖြစ်´

အတိတ်ကို ကြိုက်တဲ့နေရာကနေ ပြန်စလို့ရရင်ပဉ္စလက်ကဝေတွေနဲ့အတူ ဟိုး အထက် ကြောင်လိမ်လှေခါးထစ်တိုင်း တတ်တတ်ပြီးအေးချမ်းသာယာတဲ့ ငွေစန္ဒာလမင်းကြီးကို ဆွတ်ခူးယူလိုက်ချင်ပါရဲ့ ... ။ နောက်တော့ မဟာတံတိုင်းကြီးပေါ် ခုန်တတ်လာတဲ့ ၀ူခုန်းမျောက်မင်းလိုမဟာရွှေဒုတ်ကြီးကို ကိုင်ရင်း လက်ညှိုးညွန်ရာ ရေဖြစ်စေဖို့ညီမလေးရေ ...မင်း .. အိမ်ပြန်ရောက်ရင် ဧည့်စာရင်း တိုင်ထားဦးနော် ... ။အမှောက်ပယောဂအားလုံး မင်းကို လာရောက်ချည်နှောင်သွားပါဦးမယ်ဒါကြောင့် သမိုင်းရဲ့ မင်းကျန်စစ်လို လှံတချက်ထောက်ပြီး မင်းဆီ အရောက်လှမ်းခဲ့ပါမယ် ... ။ ။မာန်လှိုင်း...

Friday, August 20, 2010

မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား

စိမ်းလန်းစိုပြေနေတဲ့ မြေဟာတရွေ့ရွေ့နဲ့ အထပ်ထပ် အခါခါယမ်းငွေ့တွေ ဖုံးရမ္မက်မုဆိုးတွေ လုံးမပြုံးနိုင် မပျော်နိုင် ကြာလေပြီလား။ လောဘ ဒေါသ မောဟမီးတွေ အလျံတငြီးငြီး တောက်ရမ္မက်မီးတွေ တဟုန်းဟုန်း တောက်အမှောင်တွေ အထပ်ထပ် ဖုံးတဲ့ အ၀ီစိငရဲထဲမှာအသက်တွေက အစိုးမရငတ်ပျက်ခေါင်းပါးမှုတွေက အငေါ်ထူးထူးကပ်ဘေးအန္တရာယ်တွေက အုပ်စိုးမိုးငြိမ်းချမ်းရေးကို သယ်ဆောင်ပေးမဲ့သံလွင်ခက်နဲ့ ချိုးငှက်ကလေးလည်း အဝေးဆုံးအဝေးကို ထွက်သွားလေပြီလား။လူ့ယဉ်ကျေးတွေရဲ့ သမိုင်းသွေးစက်လှိုင်းတွေ ရိုက်ခတ်သွေးမုန်တိုင်းတွေ တိုက်ခတ်သမိုင်းတကွေ့ မော်ကွန်းတင်ဖို့မှတ်ကျောက်အက္ခရာ ထိုးလိုက်လေပြီလား။ရုပ်နမ်ဝတ္ထု တိုးတက်မှုနောက် တကောက်ကောက်သစ္စာတရားတွေ အမှောင်ဖုံးမေတ္တာတရားတွေ ခေါင်းပါးပြည်ဖုံးခါချ အ၀ီစိငရဲထဲ ထိုးဆင်းဖို့ တာစူနေလေပြီလား။ဘယ်နေ့ ဘယ်အချိန် မပြီးဆုံးနိုင်မယ့်နာတာရှည် ပြည်တွင်းစစ်ကြီး ဆင်နွှဲဥသြသံလည်း မသာမယာခေါင်းလောင်းသံလည်း မညင်မသာလောကရဲ့ အလှတွေ...

Tuesday, August 10, 2010

ပန်းအိုး၊ ပုံတူပန်းချီဆရာ

ပန်းကိုပန်းအိုးထဲမှာ ထိုးစိုက်လိုက်တော့ပန်းအိုး။ကိုယ်တိုင်ပုံတူအဖြစ် ထုဆစ်လိုက်တော့ပုံတူပန်းချီဆရာ။တပင်ချင်းတလွှာချင်းတဆင့်ချင်းကောက်ကြောင်းတခုချင်းဟိုကူး ဒီခုန်ဟိုရေး ဒီခြစ်လိုရင်းရောက်အောင်ဖန်တီးဖွဲ့ယူလိုက်တော့။အဆုံးမှာ ...ပန်းတွေ ဝေဆာစေဖို့ပန်းအိုးက ရင်းခံပုံတူတွေ ဆင့်ပွားစေဖို့ပုံတူပန်းချီဆရာ နင်းခံ။ဒီအချိန်မှာ ...ပန်းအိုးက ပြုံးပုံတူပန်းချီဆရာက မုန်းပန်းအိုး၊ ပုံတူပန်းချီဆရာ ဘ၀မှာ ... ။ ။မာန်လှိုင်ငယ်၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၉) ရ...

Monday, August 9, 2010

မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ

၁။သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့`စ´ကတည်းက `စ´လာလိုက်တာတရက်ပြီး တရက်တလပြီး တလတနှစ်ပြီး တနှစ်တရွက်ပြီး တရွက်လေမတိုက်ဘဲမိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။၂။အသေအချာ ပြောနိုင်တာကတော့အတိတ်နေ့တွေ နိုးထမျက်ရည်မိုးတွေ ရွာသွန်းခါးသီးမှုတွေ အန်ထုတ်သွေးညှီနံ့တွေ မပျယ်သေးနှလုံးအိမ်ရဲ့ ဥကွဲသိုက်ပျက်သံနဲ့အတူ။၃။အသေအချာ ပြောနိုင်တာကတော့ဒီနေ့ ဒီရက် ဒီလ ရောက်တိုင်းမဖိတ်ခေါ်ဘဲ မိုးစက်တွေ ကြွေမတီးဘဲ ခေါင်းလောင်းသံတွေ ညံမထွက်ဘဲ ဥသြသံတွေ လျံနာကြည်မှုများ အသားကုန် ဖွင့်ထားတဲ့ ညည်းတွားသံနဲ့အတူ။၎။အသေအချာ ပြောနိုင်တာကတော့ရောင်နီများ မထွန်းတောက်နိုင်ခဲ့ပြီမီးများလည်း မသာယာနိုင်ခဲ့ပြီဟောဒီ ပြတင်းဝမှာ အသံမဲ့ နရီသံများနဲ့အတူ။၅။အသေအချာ ပြောနိုင်တာကတော့ပြန်ပြောင်းကာ စဉ်းစား ...အဘိုးက အဖေ့ကိုအတိတ်သမိုင်း လက်ဆင့်ကမ်းခဲ့တယ်အဖေက သူ့ကိုရာဇ၀င်ကြွေး လက်ဆင့်ကမ်းခဲ့တယ်သူက သူ့သားကို ဘာတွေများ လက်ဆင့်ကမ်းခဲ့ဦးမလဲသင်းကွဲ...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes