ရယ်မောခြင်းတွေ ရပ်
ဘ၀အမောတွေ ချေဖျက်ဖို့
အတောမသတ်နိုင်တဲ့ ငိုချင်းတွေ လောင်းချ
ဒါ ...
ဘ၀တဲ့လား။
အတိတ်က အရိပ်
ပစ္စုပ္ပန်ရဲ့ အာသီသ
အနာဂတ်မှာ ခ၀ါချ
ဒါ ...
ဘ၀တဲ့လား။
ပျော်ရွှင်မှုက လှောင်ရီ(ရယ်)
ခွဲခွာမှုက ငိုချင်းထပ်
လေးညှင်းသတင်းက သယ်ဆောင်သွား
ဒါ ...
ဘ၀တဲ့လား။
အို ... သူငယ်ချင်း
အနာဂတ်ဘ၀ လှသွေးကြွယ်ဖို့
ခွဲခွာနေ့တနေ့ လှန်ပစ်ရင်းနဲ့
ပျော်ရွှင်နေ့သစ်ကို ဖွင့်ထုတ်လိုက်တော့
ဒါ ...
ဘ၀ရဲ့ သင်္ခါရ ... ။ ။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်။
Friday, July 16, 2010
ခွဲခွာနေ့တနေ့
12:20 PM
မာန်လှိုင်းငယ်
1 comment
1 comments:
လှပသပ်ရပ်တဲ့ကဗျာလေးပါကွယ်..။လူသားတိုင်း တနေ့
မဟုတ်တနေ့ ဒီလိုခွဲခွာနေ့တနေ့ ရှိလာစမြဲပဲလေ..။
ကဗျာကောင်းလေးတွေကို အားပေးနေပါတယ်.
Post a Comment