နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, January 14, 2008

အိပ်မက်နှင့် အနာဂတ်

မာန်လှိုင်းငယ်

ဒီအိမ်မက်နှင့် အနာဂတ်လေး စာစုလေးကို ကျနော် ဒိုင်ယာရီအဟောင်းလေးကို ပြန်လှန်နေတုန်းတွေ့လို့ ဒီမှာ သယ်ရင်းများအားလုံးကို ဖတ်စေချင်တာနဲ့ တင်ပေးလိုက်ပါတယ်ဗျာ။

အိပ်မက်နှင့် အနာဂတ်

လူတွေဟာ နေ့စဉ်လိုလို သွားလာလှုပ်ရှားကြ အလုပ်ကိုယ်စီသွားကြ တနေ့တာလုပ် ဆောင်ရမည့် အလုပ်ကိုလည်း လုပ်ဆောင်ကြနဲ့ ။

နေကွယ်လာပြီးဆိုတာနဲ့ ငါတို့ဟာ အိပ်စက်အနားယူရမယ့် အချိန်တော် ရောက်လာတော့မှာ လား လို့ပြော ကြတယ်။အဲဒီလို အိပ်ယာဝင်တော့မယ်ဆိုရင် လူတွေဟာ တွေးပြီး စဉ်းစားကြမှာဘဲ။

ငါတို့ရဲ့ အနာဂတ်ကို ငါတို့ ဘယ်လို လျှောက်လှမ်းရမလဲ။ လုပ်ဆောင်ရမလဲ ဆိုတာကို ဘဲ စဉ်းစား မိကြမှာပါ။ ဒီလိုပဲ စဉ်းစားပြီး တွေးပူနေ ကြလိမ့်မယ်။

ငါလည်းဘဲ ဒီလိုလူမျိုးတွေလို ဖြစ်ရင်လည်း အနာဂတ်အတွက် စဉ်းစားရင်း ပူပန်မိမှာဘဲ။

ဒီလိုဘဲ နေထွက်လာရင် နေ့ရဲ့အလင်းရောင်ကို ခံစားရလိမ့်မယ်။ နေကွယ်လာရင်လည်း ညရဲ့အမှောင်ထုကြီးကိုဘဲ ခံစားရမှာပါ။ ဒါတွေဟာ ဖြစ်မြဲတရား တွေပါ။ လူတွေဟာလည်း ဒီလိုသဘောမျိုး သက်ရောက်တာဘဲ။ နေ့အလင်းရောင်ကို မြင်ရတာနဲ့ လူတွေဟာ ပျာယာခတ်ပြီး၊ ကိုယ့်မှာရှိသမျှ အလုပ်ကို ကုန်းကုန်းပြီး လုပ်ကြနဲ့ ရင်မောစရာ ပါဘဲ။

ဒီလိုကြားထဲမှာ လူတွေဟာ အနားယူဖို့ ၊စိတ်ကို အနားပေးဖို့ မစဉ်းစားမိ ကြဘူးလား၊စဉ်းစားမိ ကြလားဆိုတာတော့ မပြောတတ်။ တချို့လူတွေကတော့ စဉ်းစားမိကြမှာဘဲ။ မစဉ်းစာမိတဲ့ လူများလည်းရှိမှာပါ။ စဉ်းစားမိသည် ဖြစ်စေ၊ မစဉ်းစားမိသည် ဖြစ်စေ၊ကိုယ်စိတ်နှလုံးကိုတော့ အနားပေးရမှန် ပဲ။

ဒီလို အနားယူမှဘဲ အိပ်ယာဝင်တဲ့အခါ အိပ်မက်လှလှလေးတွေလည်း မက်တတ်တယ်။ မလှတဲ့ အိပ်မက်လည်း မက်တတ်တယ်။

ဒီလိုအိပ်မက်တွေ မက်ကြတဲ့အခါ လူတွေဟာ အိပ်မက်အကြောင်းတွေကို ပြန်စဉ်းစားမိလျှင် ၀မ်းသာပီတိ ဖြစ်သလား။ ကောင်းကောင်း မက်ရင်ဖြစ်စေ၊ အဆိုးမက်သည်ဖြစ်စေ၊ ဒီအပေါ် ၀မ်းသာပီတိ ဖြစ်သလား။

အလားတူဘဲ အနာဂတ်အတွက် ရင်ဆိုင်ရမဲ့ ပြသနာတွေကို ကျော်လွှားဖြတ်သန်း နိုင်သည် ဖြစ်စေ၊ လူတွေဟာ ဘယ်လိုမျိုး ခံစားရသလဲ။ ငါ့အနေနဲ့ စဉ်းစားမိတယ်။ အနာဂတ်မှာ ရင်ဆိုင်ရမဲ့ ပြသနာတွေကို ကောင်းကောင်းမွန်မွန် နဲ့ ကျော်လွှားဖြတ်သန်း နိုင်ခဲ့လျှင် မုချ ၀မ်းသာပီတိ ဖြစ်မိမှာပါ။

ကောင်းကောင်းမွန်မွန် မရင်ဆိုင်နိုင်ဘူးဆိုရင် လူတွေဟာ မှဲ့ကြမှာဘဲ။ ငါလည်း ဒီလိုဖြစ်မိ မှာပဲလေ။ ဒီလိုက ဘဲ လူတွေရဲ့ ဘ၀တွေဟာ အိပ်မက်လော အနာဂတ်လော ။ အိပ်မက် နှင့် အနာဂတ်ဟာ တူကြပါသလား။

2 comments:

Anonymous said...

အိပ်မက်နှင့်အနာဂတ်ကတော့ တစ်ဦးတစ်ယောက်ချင်းစီပေါ်မှာပဲ မူတည်တယ်လို့ ကျွန်မထင်မိပါတယ် ကိုမာန်လှိုင်းငယ်ရေ။ ကျွန်မမှာလည်း အိပ်မက်အချို့ရှိတယ်။ အချို့အိပ်မက်ကတော့ အနာဂတ်နဲ့ ထပ်တူညီမျှပါပဲ ။ အချို့အိပ်မက်ကတော့ အနာဂတ်မှာ ပုံဖော်လို့မရတဲ့ အိပ်မက်လည်း ဖြစ်ချင်ဖြစ်နေတတ်တယ်။ ကျွန်မအတွက်တော့ ဘ၀ဆိုတာ အိပ်မက်တွေကို အနာဂတ်အတွက် အကောင်ထည်ဖော်ရင်း မက်ခွင့်မရှိတဲ့ အိပ်မက်အချို့ကိုတော့ နှလုံးသားရဲ့ ရဲတိုက်ထဲမှာ သိမ်းဆည်းထုပ်ပိုးထားရုံကလွဲလို့ ........ :)

သဇင်ဏီ said...

လူတွေကအိပ်မက်နဲ့အနာဂတ်တွေနဲ့ပဲ အသက်ရှင်နေရသလိုပဲနော်..စိတ်ကုန်လွန်းလို့ မနက်ဖြန်အကြောင်းတောင် မတွေးထားတော့ဘူး

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes