နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, July 21, 2008

မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …

မာန်လှိုင်းငယ်

"မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …"

လေပြည်လေနုတွေက
ရှေ့က မည်းမည်းမြင်ရာမှန်သမျှ
အဆီးအတားမဲ့ ထိုးဖောက်သလိုမျိုး
သွေးတွေက
ခန္ဓာကိုယ်သွေးကြောထဲ ဟိုဝင်ဒီထွက်
ကွေ့ကွေ့ကောက်ကောက် တိုးဝှေ့သလိုမျိုး
ကိုယ်လည်းလေ
မင်းကို အချိန်တိုင်း … အချိန်တိုင်း တွေ့ချင်နေတယ်။


ပင်လယ်က
လရောင်ကို မော်ကြည့်နေသလိုမျိုး
လှိုင်းတွေက
လကို လိုက်တမ်းပြေးတမ်းနဲ့
စိန်ခေါ်ကာ လိုက်ဖမ်းနေသလိုမျိုး
ကိုယ်လည်းပဲ
မင်းကို မနက်နေထွက် … ညနေ၀င်တိုင်း
တမ်းတမ်းတတနဲ့ လွမ်းဆွတ်နေတယ်။

မိုးကုတ်စက်ဝိုင်း
ဝန်ရိုးစွန်းတွေ ရှိနေသမျှ
ကိုယ် …
မင်းကို ရာသီတွေ ပြောင်းလဲသွားလဲ စောင့်မျှော်နေပါတယ်။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်။

1 comments:

Unknown said...

မိုးကုတ်စက်ဝိုင်းရှိနေသမျှကိုယ်...ကဗျာကို ဖတ်ရတဲ့အချိန်မှာ တစုံတစ်ယောက်ကို စောင့်မျှော်နေတဲ့သူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်မိလာစေတယ်၊ အရမ်းကြိုက်လို့ ခွင့်မတောင်းပဲ ကော်ပီကူးမိတာကိုလည်း ၀န်ခံရင်း...တောင်းပန်လိုက်ပါတယ်၊

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes