နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, June 4, 2010

တိုးတိုးသဲ့သဲ့ ပန်းချီကားများရဲ့ တယောသံ

ရိုးမတောင်တန်းကြီးရဲ့ ကျောက်ကုန်းထက်က အရာများအရိုးပေါ်အရေတင် ဖြစ်နေပြီလား အရိုးအပြိုင်းပြိုင်း ထနေပြီလား အတွေးအမျှင်တန်းနေချိန်တယောတလက်ကို ထမ်းတရွေ့ရွေ့ လှမ်းတက်လာတဲ့ ခြေလှမ်းနဲ့လက်တဖက်က ကလောင်တံနောက်တဖက်က စုတ်တံနှင့် ဆေးစက်သူ ဦးတည်ရာရိုးမပေါ်အရုဏ်ပျို့ချိန် မနက်ခင်းတခုမှာ ... ။တယောထိုးဖို့ သံစဉ် မရှိတော့တာလားကဗျာသီဖို့ ကာရံ ရှာမရတော့တာလားပန်းချီချယ်ဖို့ ရှုခင်းရှုကွက် မမြင်နိုင်တော့တာလားသူ ငေးငိုင်စွာ ရပ်တန့်နေ ... ။အဲဒီတမနက်သူ့ စိတ်က ဘယ်ဆီရောက်နေတာလဲဇွန်လရဲ့ မိုးရေစက်တွေထဲ တသသနဲ့ လွမ်းဆွတ်မေမေ များ ...ဘာကို ဘယ်လို တွေးနေရှာလေမလဲတယောက်တည်းတက်တဲ့ မွေးနေ့ပွဲလေးများ ကျင်းပနေလေမလားမသေချာ ... ။ဒါပေမဲ့သားသမီးများစွာမရေမတွက်နိုင်တဲ့ ပန်းရောင်စုံ သားသမီးများစွာမေမေ့ကို ဂုဏ်ပြုဦးညွှတ်ကြအထိမ်းအမှတ်တွေ ပြုကြကမ္ဘာနှင့် အ၀ှမ်းတခန်းတနား ... ။သူ ...မေမေ့ဆီ လွင့်မျောလေအလျင်ရဲ့ အဟုန်နဲ့အတူ လေပြေလေညှင်းလေးနဲ့အတူ...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes