
နိုးထ တာစူနေတဲ့လှိုင်းတံပိုး ဒီရေထဲတစ ... တစ ... ယိုယွင်းပြိုကျနေတဲ့အမှောင်ခေတ်ပျက်ကြီးကိုအလင်းခေတ်ဆီ ခရီးနှင်ဖို့သူမ ကြည့်နေမှငိုတဲ့ လှိုင်းတံပိုး ငြိမ်လိမ့်မယ်။ရုန်းကြွ စောင့်ဆိုင်းနေတဲ့မာန်ဟုန်းပြင်း လ၀န်းကိုထိန်းညှိခေါ်ဆောင်ဖို့သူမ ရှိနေမှပြုံးရယ်လ၀န်း သာလိမ့်မယ်။သွေးတွေ ထပ်ပြီးရင်း ထပ်အရိုးတွေ ဆွေးပြီးရင်း ဆွေးဘ၀အလင်းပညာ့အလင်းဥစ္စာအလင်း ငတ်မွတ်နေသူတွေ များပြီးရင်း များလာလမ်းပေါ်မှာ ...ကင်းပကြည်လင်စေဖို့သူမ ရှင်သန်နေမှတေးဆိုလမ်းများ ပျော်လိမ့်မယ်။သူမ ကြည့်နေမှသူမ ရှိနေမှသူမ ရှင်သန်နေမှကန္တာရလက်တံရှည်များပျက်ယွင်း ... ပြိုကျ ... တစစီလွှင့်မျောသွားစေဖို့“ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ” ရထားကိုတောက်လျှောက်ခုတ်မောင်းသွားတော့မယ် ... ။ ။မာန်လှိုင်းငယ်၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၇)ရ...