မေမေဖေဖော်ဝါရီ ( ၁၄ ) ဆိုတဲ့ ဒီလ၊ ဒီရက်မှာမေမေဟာ သားတို့ မောင်နှမတွေကို ခွဲခွာခဲ့တာ ( ၅ )နှစ် ပြည့်ခဲ့ပြီမေမေဟာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း ( ၅ )နှစ် ပြည့်ခဲ့ပြီပဲမေမေ့ကို သားတို့ ပြောချင်ပါတယ်။မေမေမေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမားမြင့်မြတ်ခဲ့သူမေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာမေမေ့ကို သားတို့ ပြောချင်ပါတယ်။မေမေမေမေဟာ သားတို့မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာဒါကို …မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။မာန်လှိုင်း...